မှတ်မှတ်သားသား ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အဆိုအမိန့်များ

မှတ်မှတ်သားသား ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အဆိုအမိန့်များ

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည်ရဟန်းမင်းကြီးအဖြစ်အမှုတော်မထမ်းမီအထိ 'ဂျိုးဇက်ရာဇင်ဂါ' အဖြစ်လည်းကောင်း၊ ထို့နောက် ရဟန်းမင်းကြီးအဖြစ်ရွေ့ကောက်တင်မြောက်ခံရသောအခါ 'ဘေနေဒစ် (၁၆)' အဖြစ်လည်းကောင်းအမည်ပြောင်းလဲခံယူခဲ့သည်။ သူသည် သူ့ခေတ်အခါ၏အလွန်အရေးပါသော ဓမ္မတွေးခေါ်ပညာရှင်များအနက်တစ်ဦးဖြစ်ခဲ့သည်။ သူ၏ဩ၀ါဒများ၌ အကြောင်းအရာများစွာကိုထည့်သွင်းမိန့်ကြားခဲ့သည်။ ၄င်းတို့မှာ 'ဒီမိုကရေစီမှစ၍သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအထိ၊ သက်ကြီးရွယ်အိုများအားစောင့်ရှောက်ပေးရေးတို့လည်းပါသည်။ သူ၏ဩ၀ါဒ၌အဓိကထားသောအချက်ကား 'နာဇရက်မြို့သားယေဇူး' ပင်ဖြစ်သည်။ သူ၏မှတ်မှတ်သားသားအဆိုအမိန့်များကိုဖော်ပြလိုက်ပါသည်။

ဂျာမဏီနိုင်ငံ၊ ကိုလုံမြို့၌ (ဩဂုတ်လ ၁၈၊ ၂၀၀၅) တွင်မိန့်ကြားခဲ့စဉ်က

ချစ်ခင်ရပါသောလူငယ်များတို့

သင်တို့ရှာဖွေနေသောပျော်ရွှင်မှု၊ သင်တို့၏ရပိုင်ခွင့်ဖြစ်သောပျော်ရွှင်မှုသည်အမည်နာမနှင့်မျက်နှာရှိသည်။ ထိုအမည်ကား 'နာဇရက်မြို့သားယေဇူး' ဖြစ်ပြီး၊ သူ၏မျက်နှာပင်ဖြစ်သည်။ သူသည် ကိုယ်တော်မြတ်စက္ကရာမင်တူး၏အဆင်း၌၀ှက်ကွယ်နေသည်။ သူသာလျှင်လူသားထုအား ပြည့်၀သောပျော်ရွှင်မှုကိုပေးနိုင်ပေမည်။

(နို၀င်ဘာ ၉၊ ၂၀၁၂) သက်ကြီးရွယ်အိုများဂေဟာသို့ကြွရောက်စဉ်ကမိန့်ကြားခဲ့သောဩ၀ါဒ
'ကျွန်ုပ်တို့၏အသက်တာသည် နာကျင်မှုများ၊ စိတ်သွားတိုင်းကိုယ်မပါနိုင်သော်လည်း လှပဆဲဖြစ်ပါသည်။

(ဇွန်လ ၁၉၊ ၂၀၀၉) ထောင်နှင့်ချီသောဘုန်းတော်ကြီးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့သောဩ၀ါဒ
ကျွန်ုပ်တို့၏အမှုဆောင်ခြင်းသည် သာသနာအတွက်လည်းကောင်း၊ ကမ္ဘာကြီးအတွက်လည်းကောင်းမရှိမဖြစ်လိုအပ်သည်။ သို့သော် ခရစ္စတူးသခင်အားသစ္စာရှိရန်နှင့်သူနှင့်အတူအစဉ်ပေါင်းစည်းနေရန်တောင်းဆိုသည်။

(ဇွန် ၁၁၊ ၂၀၁၀) ကက်သလစ်ဘုန်းတော်ကြီးတို့၏လွိင်မှုအရှုပ်တော်ပုံနှင့်စပ်လျင်း၍မိန့်ကြားခဲ့သည်မှာ
ယခုကဲ့သို့သော် ဘုန်းတော်ကြီးများ၏လွိင်မှုကိစ္စမျိုးဆက်လက်ကျူးလွန်မှုမဖြစ်ပွားစေရန်ဖြစ်နိုင်ခြေရှိသောလုပ်ဆောင်မှုများကိုအတတ်နိုင်ဆုံးလုပ်ဆောင်မည်ဟုကတိပေးပါသည်။

ထို့အတူ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည် သူ့ခေတ်အခါ၏လူမှုရေးပြဿနာများနှင့်စပ်လျင်း၍လည်းမိန့်ကြားခဲ့သည်များရှိသည်။ သူသည်စစ်ကိုဆန့်ကျင်ရှုတ်ချခဲ့သည်။ ဆင်းရဲချမ်းသာကွာဟမှုများကိုလည်းပြင်းပြင်းထန်ထန်ထုတ်ဖော်မိန့်ကြားခဲ့သည်။ သူသည်တီဗွီမှမေးမြန်းဖြေကြားခြင်းကိုပထမဦးဆုံးလက်ခံလုပ်ဆောင်ခဲ့သူဖြစ်သည်။ ထိုမေးမြန်းချက်၌ ကလေးမလေးတစ်ဦးသည် Fukushima မီးတောင်ကြောင့်သူ၏သူငယ်ချင်းများသေဆုံးခဲ့ရ၊ ပျောက်ဆုံးခဲ့ရခြင်းနှင့်စပ်လျင်း၍ ဘုရားသခင်သည် အဘယ်ကြောင့်ကလေးသူငယ်များအား ယခုကဲ့သို့အတိဒုက္ခရောက်စေရန်ခွင့်ပြုသနည်းဟုမေးမြန်းခဲ့သည်။

(ဧပြီ ၂၂၊ ၂၀၁၁) လူ့အသိုင်းအ၀ိုင်း၌ဖြစ်ပျက်ကြုံတွေနေသောဒုက္ခနှင့်စပ်လျင်း၍ ကျွန်ုပ်တို့၌လည်းအဖြေမရှိကြောင်း၊ ယေဇူးသခင်ကိုယ်တိုင်သည်လည်းအပြစ်ကင်းသော်လည်း ဒုက္ခ‌ေ၀ဒနာခံခဲ့ကြောင်း၊ စစ်မှန်သောဘုရားသည် ယေဇူးသခင်အားဖြင့်ကျွန်ုပ်တို့ထံရောက်ရှိလာသည်။ အဖြေမပေးနိုင်သော၊ အဖြေမရှိသောပူဆွေး၀မ်းနည်းမှု၌ဘုရားသခင်သည်ကျွန်ုပ်တို့ဘက်၌ရှိနေသည်။ ကျွန်ုပ်တို့ကိုကူညီလျှက်ရှိသည်။

(နို၀င်ဘာ ၁၆၊ ၂၀၀၉) အစာရေစာငတ်မွတ်ခြင်းနှင့်စပ်လျင်း၍ငတ်မွတ်ခေါင်းပါးခြင်းသည် ရက်စက်မှုနှင့်ဆင်းရဲနွမ်းပါးခြင်း၏လက္ခဏာဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းရာခိုင်နှုန်းတိုးလျှက်ရှိနေချိန်တွင် ပိုလျှံခြင်းနှင့်ဖြုန်းတီးခြင်းသည်မည်သို့မျှလက်ခံနိုင်ဖွယ်မရှိပေ။

(စက်တင်ဘာ ၂၊ ၂၀၀၇) အီတလိနိုင်ငံမှလူငယ်များနှင့်တွေ့ဆုံစဉ်က
ရဲရင့်ပြတ်သားသောဆုံးဖြတ်ချက်ကိုချမှတ်ရန်လိုအပ်သည်။ ထိုဆုံးဖြတ်ချက်ကား ကျွန်ုပ်တို့ လူသားနှင့်ကမ္ဘာကြီးတို့ကြားပြုထားသောသဘောတူညီချက်ဖြစ်သည်။ ဖန်ဆင်းခြင်းကိုကာကွယ်ရန်အတွက် လွန်စွာပြတ်သားသော 'ဟုတ်ကဲ့' ဟူသည့်ဆုံးဖြတ်ချက်ကိုချမှတ်ရန်လိုသည်။ သို့မှသာသဘာ၀ပတ်၀န်းကျင်ဖျက်ဆီးခံနေရမှုကိုခွင့်ပြုမည်မဟုတ်ပေ။ 'ယူကေ နှင့် ဘာလင်' လွှတ်တော်တွင်တင်ပြဆွေးနွေးမှု (၂) ခုဖြစ်သည့် ဒီမိုကရေစီ၊ အများသဘောတူညီချက်နှင့်အမှန်တရားအကြောင်းသည် သမိုင်းတွင်ကျန်ရစ်ခဲ့ပေမည်။

(စက်တင်ဘာ ၁၇၊ ၂၀၁၀) ၀က်မင်းစတာခန်းမ၌မိန့်ကြားခဲ့သည့်မိန့်ခွန်း
အကယ်၍ကိုယ်ကျင့်တရား၏စံနှုန်းများသည်ဘေးချိပ်ခံရလျှင် ဒီမိုကရေစီလမ်းကြောင်းများသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အများသဘောတူလျှင်အတည်ပြုရုံမျှသာဖြစ်တော့မည်ဖြစ်သည်။ ထိုအခါ အစကပင်လှုပ်လှီလှုပ်လှဲ့ဖြစ်နေသောဒီမိုကရေစီလမ်းကြောင်းသို့အမှန်တကယ်လျှောက်လှမ်းမည့်ရည်မှန်းချက်များသည် စိန်ခေါ်မှုကြီးကြီးမားမားတွေ့ကြုံရမည်ဖြစ်သည်။

(စက်တင်ဘာ ၂၂၊ ၂၀၁၁) ဖယ်ဒရယ်ဘာလင်လွှတ်တော်၌မိန့်ကြားခဲ့သောမိန့်ခွန်း
လူအများ၏ထောက်ခံမှုလိုအပ်သော ကိစ္စအများစု၌ဥပဒေနှင့်အညီသတ်မှတ်ထိန်းကျောင်းရမည်။ အခြေခံလိုအပ်သောဥပဒေများနှင့်ပတ်သက်လာ လူ့ဂုဏ်သိက္ခာနှင့်လူသားအချင်းချင်းစာနာစိတ်ထားရှိမှုသည်အရေးပါသည်။ ဤဥပဒေမျိုးကိုသတ်မှတ်အတည်ပြုရာ၌ လူအများ၏သဘောဆန္ဒကိုသာလိုက်‌လျော၍မရပေ။ (ဆိုလိုသည်မှာတစ်ခါတစ်ရံလူအများ၏သဘောဆန္ဒသည်ဆန့်ကျင်ကောင်းဆန့်ကျင်မည်ဖြစ်သည်။)

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည် သူ၏ရဟန်းမင်းကြီး အမှုတော်ဆောင်နေစဉ်တစ်လျှောက်၌ မိန့်ခွန်းပေါင်းရာနှင့်ချီရှိခဲ့သော်လည်း စာချွန်တော် (၃) ခုနှင်စာအုပ် (၃) အုပ်ကိုသာပုံနှိပ်ထုတ်‌ေ၀ခဲ့သည်။ သူ၏ပညာရေးအမွေသည် မျိုးဆက်သစ်များအတွက်တင်ကျန်ရစ်နေပေမည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/41WtH9k

Add new comment

10 + 0 =