မျှော်လင့်ခြင်းနဲ့ ကောင်းမွန်တဲ့ မျှော်မှန်းချက်တွေကို သခင်ယေဇူးက ဖြည့်ဆည်းပေးပါစေ

ဒီနေ့အရှေ့ပိုင်း ခရစ်ယာန် အသင်းတော်များဖြစ်ကြတဲ့ ဩဒဒေါ့နဲ့ ကက်သလစ်၊ လာတင်အသင်းတော်များ အဖွဲ့အစည်းများနဲ့အတူ ဂျူးလီယန်ပြက္ခဒိန်အရ အီစတာပွဲနေ့ကို ကျင်းပနေကြပါတယ်။ ကျွန်ုပ်တို့ဟာ ဂရေဂိုရီယန် ပြက္ခဒိန်အရ ဟိုပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက အီစတာပွဲနေ့ကို ကျင်းပခဲ့ကြပါတယ်။ ကျွန်ုပ်အကောင်းဆုံးဆန္ဒပြုရင်းပူဇော်ပါတယ်။ သခင်ယေဇူး ရှင်ပြန်ထမြောက် တော်မူပြီ။ သူဟာအမှန်တကယ် ရှင်ပြန်ထမြောက် တော်မူတယ်။ မျှော်လင့်ခြင်းနဲ့ ကောင်းမွန်တဲ့ မျှော်မှန်းချက်တွေကို သခင်ယေဇူးက ဖြည့်ဆည်းပေးပါစေ။ ကျွန်ုပ်တို့ကို စစ်မက်ရဲ့ရက်စက်မှု အရိပ်အယောင်ကနေ ငြိမ်းချမ်းခြင်း‌ ပေးပါစေ။ ဒီနေ့ဆိုရင် စစ်မက်ဖြစ်ပွားနေတာ နှစ်လကျော်နေပါပြီ၊ စစ်ပွဲရပ်တန့်မဲ့အစား အရှိန်မြှင့် တိုက်ခိုက် နေကြတယ်။ ဝမ်းနည်းဖို့ ကောင်းတာက ဒီရက်တွေမှာ ခရစ်ယာန်တွေ အားလုံးရဲ့ အသန့်ရှင်းမြင့်မြတ်ဆုံး နေ့ရက်မြတ်တွေမှာ သခင်ယေဇူးရှင်ပြန်ထမြောက်တဲ့ ခေါင်းလောင်းသံအစား စစ်လက်နက်တွေရဲ့ပေါက်ကွဲ မြည်ဟိန်းသံတွေ ကျွန်ုပ်တို့ ပိုကြား နေရပါတယ်။ နှုတ်ကပ္ပါဌ်တော် အစား စစ်လက်နက်တွေပို‌နေရာယူ လာတာက တကယ် ဝမ်းနည်းဖို့ ကောင်းပါတယ်။ အီစတာပွဲမှ ာအတိုက်အခိုက်ရပ်စဲကြပြီး ထင်သာတဲ့ ငြိမ်းချမ်းခြင်း လက္ခဏာ ရလာဖို့ ဆန္ဒပြု လုပ်‌ဆောင်ကြဖို့ ကျွန်ုပ် ထပ်မံ တောင်းခံ ပါတယ်။ တိုက်ခိုက်တာရပ်ပြီး အတိဒုက္ခ ရောက်နေကြတဲ့ပြည်သူလူထုနဲ့ တွေ့ဆုံကြပါ။ "သင်တို့၌ ငြိမ်းချမ်းခြင်း ရှိပါစေ" လို့ အီစတာမှာ ရှင်ပြန်ထ‌မြောက်တဲ့ သခင်ယေဇူး သူ့တပည့် တော်ကြီးတွေကို မိန့်ဆိုခဲ့တဲ့ စကားနာခံရင်း ငြိမ်းချမ်းပါစေ။ လူတိုင်း ငြိမ်းချမ်းရေးဖို့ ပိုဆုတောင်းကြပြီး သတ္တိရှိရှိနဲ့ ငြိမ်း‌ချမ်းရေးအတွက် အတတ်နိုင်ဆုံး ပြောဆိုလုပ်ဆောင်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်များ ပြဿနာအရှိန်မြှင့် တာမဟုတ်ဘဲ ငြိမ်းချမ်းရေးကိုလိုလားနေသူများရဲ့အသံကို ကျေးဇူးပြုပြီး နားထောင် ပေးကြပါ။

✍️ထန်းဟာ,SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancis #peace

Add new comment

1 + 1 =