ဘုရားသခင်နှင့် ပတ်ဝန်းကျင်ကို ချစ်ခြင်းသည် ခရစ်ယာန်အသက်တာအတွက် အခြေခံဖြစ်သည်

ဘုရားသခင်နှင့် ပတ်ဝန်းကျင်ကို ချစ်ခြင်းသည် ခရစ်ယာန်အသက်တာအတွက် အခြေခံဖြစ်သည်

ဘုရားသခင်နှင့် ပတ်ဝန်းကျင်ကို ချစ်ခြင်းသည် ခရစ်ယာန်အသက်တာအတွက် အခြေခံဖြစ်သည်

တနင်္ဂနွေနေ့ အန်ဂျေလူးစ်မေတ္တာဆိုချိန်၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် စိန့် ပီတာ့ရင်ပြင်၌ စုရုံးနေကြသော ယုံကြည်သူများအား "ချစ်ခြင်းမေတ္တာသည် သခင်ခရစ်တော်သွန်သင်ချက်များ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် တနင်္ဂနွေနေ့ အန်ဂျေလူးစ်မေတ္တာဆိုချိန်၌ ထိုနေ့ ဧဝံဂေလိတရားတော်မြတ်ဖြစ်သည့် ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးမှ သခင်ခရစ်တော်အား “အကြီးမြတ်ဆုံးသောပညတ်တော်” ကိုမေးမြန်းသည့် အချက်ကို ထောက်ရှုခဲ့ပါသည်။ သခင်‌ယေဇူးက “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ သင်၏အိမ်နီးချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဟုပြန်လည် ဖြေကြားပေးခဲ့သည်။

အခြေခံပညတ်ချက် နှစ်ချက်

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ဤအခြေခံကျသော ပညတ်ချက်နှစ်ခုကို အသုံးပြုခြင်းဖြင့် သခင်ယေဇူးသည် ယုံကြည်သူများအားလုံးအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်နှစ်ခုကို ချမှတ်ခဲ့ကြောင်း၊ ပထမတစ်ခုမှာကိုယ်ကျင့်တရားနှင့် ဘာသာတရား၏ ဘ၀အသက်တာသည် စိုးရိမ်ပူပန်မှုနှင့် အတင်းအကျပ်နာခံခြင်းတို့‌ကြောင့် လျှော့ချ၍ မရသော်လည်း ချစ်ခြင်းမေတ္တာသည် ၎င်း၏နိယာမအဖြစ် ရှိသင့်ကြောင်း၊ ဒုတိယအချက်မှာ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် အိမ်နီးချင်းများအား မကွဲမပြားဘဲ အတူတကွ ထိန်းသိမ်းသင့်ကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးက ဆက်ပြောသည်မှာ "ဤအရာသည် သခင်ယေဇူး၏ ဆန်းသစ်သော သွန်သင်မှုများထဲက တစ်ခုဖြစ်ပြီး အိမ်နီးချင်းကိုချစ်ခြင်းမေတ္တာ မဖော်ပြခြင်းသည် ဘုရားကို အမှန်တကယ် ချစ်ခြင်းမဟုတ်ကြောင်း ကျွန်တော်တို့အား နားလည်စေသည်။ ထိုနည်းတူ ဘုရားသခင်နှင့် ဆက်ဆံရေးမရရှိနိုင်သည့် လူတစ်ဦး၏ ချစ်ခြင်းမေတ္တာဆိုသည်မှာ အိမ်နီးချင်းကို အမှန်တကယ် ချစ်ခြင်းမဟုတ်‌ကြောင်း မိန့်ကြားခဲ့ပါသည်။” သခင်ယေဇူးသည် "ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်း ရှိသမျှတို့သည် ဤပညတ်နှစ်ပါးအပေါ် တွင် အခြေခံသည်ဟု သူတို့အား မိန့် တော်မူခြင်းအားဖြင့် သူ၏‌ဖြေကြားခြင်းကို အဆုံးသတ်ခဲ့ပါသည်။

ဤအချက်၌ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ဘုရားသခင်သည် သူ၏လူမျိုးတော်တို့အား ပေးသနားခဲ့သော ပညတ်တော်များအားလုံးသည် ဘုရားသခင်နှင့် အိမ်နီးချင်းများကို ချစ်ခြင်းနှင့် ဆက်နွှယ်နေကြောင်း ဆိုလိုခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့ပါသည်။ အမှန်မှာ “ပညတ်တော်အားလုံးသည် ခွဲခြား၍မရနိုင်သော ထိုချစ်ခြင်းမေတ္တာနှစ်ဆကိုအကောင်အထည်ဖော်ရန်နှင့် ဖော်ပြရန်ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းကို ဆုတောင်းခြင်းအားဖြင့်၊ အထူးသဖြင့် ကိုယ်တော်မြတ်ကို ရှိခိုးကိုးကွယ်ခြင်းအားဖြင့် ဖော်ပြသည်၊ အိမ်နီးချင်းများကို ချစ်ခြင်းသည်လည်း ညီအစ်ကိုရင်းပမာ ချစ်ခြင်းမေတ္တာဟုလည်း ခေါ်ဆိုပြီး ခင်မင်ရင်းနှီးမှု၊ နားထောင်ခြင်း၊ မျှဝေခြင်း၊ အခြားသူများကို ဂရုစိုက်ခြင်းတို့ပါဝင်‌ကြောင်း မြွက်ကြားခဲ့ပါသည်။

"သခင်ယေဇူးနှင့် ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ်"

ယနေ့ ဧဝံဂေလိကျမ်း၌ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က “တဖန် သခင်ယေဇူးသည် ကျွန်ုပ်တို့အားအသက်ရှင်ခြင်းနှင့် ချစ်ခြင်းမေတ္တာ အရင်းအမြစ် ဖြာထွက်ရာသို့သွားရန် အကူအညီပေးကြောင်း၊ ဤစမ်းရေသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ မည်သည့်အရာမှ မည်သူမျှ မချိုးမဖောက်နိုင်သော ပေါင်းသင်းဆက်ဆံမှုတစ်ခုလုံး၌ လုံးလုံးလျားလျား အချစ်ခံရန်ဖြစ်ကြောင်း" မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆက်လက်၍ မြွက်ကြားထားသည်မှာ - “တစ်လုံးတစ်ဝတည်းရှိခြင်းသည် နေ့တိုင်းတောင်းခံသင့်သော လက်ဆောင်တစ်ခု ဖြစ်ရုံသာမက၊ ကျွန်ုပ်တို့၏ ဘ၀သည် ဤလောက၏ စိတ်ဝင်စားမှုများအားဖြင့် ကျွန်ဘဝရောက်ရန် ခွင့်ပြုမထား‌သော ကိုယ်တိုင်အခိုင်အမာ ပြောဆိုမှုတစ်ရပ်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးက “ကျွန်ုပ်တို့၏ ပြောင်းလဲခြင်းနှင့် သန့်ရှင်းမြင့်မြတ်ခြင်းခရီးကို အတည်ပြုခြင်းသည် အိမ်နီးချင်းကို ချစ်ခြင်းမေတ္တာ၌ တည်ရှိကြောင်း။ ကျွန်ုပ်တို့နှလုံးသားများသည် ညီအစ်ကို၊ မောင်နှမများအတွက် နှလုံးသားကို ပိတ်ထားနေမည်ဆိုလျှင် ကျွန်ုပ်တို့သည် သခင်ယေဇူးတောင်းဆိုသည့်အတိုင်း တပည့်များဖြစ်ဖို့ရန် ဝေး‌နေမည်ဖြစ်‌ကြောင်း" မိန့်ကြားခဲ့ပါသည်။”

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ဘုရားသခင်၏ ကရုဏာတော်သည် ကျွန်ုပ်တို့အား စိတ်ဓာတ်ကျစေရန် အလိုမရှိ။ သို့သော် သခင်ခရစ်တော်သည် ဧဝံဂေလိတရားကို အစဉ်အမြဲ ကျင့်ကြံနိုင်ရန် နေ့စဉ်နေ့တိုင်း စတင်ရန် ဖိတ်ခေါ်နေကြောင်း မြွက်ကြားရင်း တရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

Photo courtesy of: ANSA

https://bit.ly/3jnJarC

 

Add new comment

15 + 2 =