ဗာတီကန် မှ ဗုဒ္ဓ မွေးနေ့ နှုတ်ဆက်သဝဏ်လွှာပေးပို့

ဗာတီကန် မှ ဗုဒ္ဓ မွေးနေ့ နှုတ်ဆက်သဝဏ်လွှာပေးပို့

ဗာတီကန် မှ ဗုဒ္ဓ မွေးနေ့ နှုတ်ဆက်သဝဏ်လွှာပေးပို့

မေလ ၆ ရက်နေ့တွင် ကျရောက်မည့် ဗုဒ္ဓမွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာအနှံ့ ကျင်းပသည့် ပွဲတော် သို့ ပုပ်ရဟန်းမင်းကြီး​ရုံးတော် ၊ ဘာသာကြီးများနှီးနှောဖလှယ်ရေး ကောင်စီ မှ နှစ်စဉ်ပေးပို့သည့် သဝဏ်လွှာ မှာ " မျှော်လင့်ချက်ကြီးသော လွတ်မြောက်နိုင်စွမ်း အပေါ် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန် ညီအကိုများ အတူတကွ ရပ်တည်ကြပါစို့ " ဟုဖော်ပြထားပါတယ်။ ဂေါဓမ္မမြတ်စွာဘုရား​၏ မွေးနေ့၊သေခြင်းနှင့် ဉာဏ်အလင်းရရှိခြင်း အထိမ်းအမှတ်ပွဲတော်ကို နိုင်ငံအသီးသီးမှာ ကွဲပြားတဲ့ နေ့ရက်တွေမှာ ကျင်းပကြပါတယ် ။ ကမ္ဘာနဲ့အဝှမ်း လူသားခြင်းစာနာမှု ဆိုင်ရာ အကြပ်အတည်း မျိူးစုံနဲ့ ရင်ဆိုင်နေရသော ယခုလို အချိန်အခါမှာ မျှော်လင့်ချက်ကြီးစွာဖြင့် လွတ်မြောက်နိုင်စွမ်းအတွက် အတူတကွ ရပ်တည်ကြပါစို့ဟု နွေးထွေးစွာ နှုတ်ဆက်လိုက်ကြောင်း ရဟန်းမင်းကြီး​၏ရုံးတော် အကြီးကဲ ကာဒီနယ် Minguel Angel Ayuso Guixot နှင့်သူ​၏အတွင်းရေးမှူး မွန်စီညော် Indunil Janakaratne Kodithuwakku Kankanamalage တို့က လက်မှတ်ရေးထိုး ထုတ်ပြန်ပြီး နှုတ်ခွန်းဆက်ခဲ့တာပါ။ လူသားတို့သည် အမျိူးစုံသော အကြပ်အတည်းများနှင့်ရင်ဆိုင်နေရသည်။ သက်တမ်းရှည်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ မှ ယူဆောင်လာသည့် ပြသနာစုံ ကို ကမ္ဘာအနှံ့ လူသားတွေခံစားနေရဆဲဖြစ်ပြီး ၊ မကြာခနဖြစ်ပွားနေသော သဘာဝကပ်ဘေးအမျိူးမျိူးကြောင့်လည်း စီးပွားရေးဆိုင်ရာ အခက်ခဲများ ပေါ်ပေါက်လာခါ ၊ကမ္ဘာမြေပေါ် မျှဝေနေထိုင် ကြရသည့် လူသားများကို ထိရှခံစားလွယ် စေသည့်အပြင် အပစ်မဲ့သူများ​၏သွေးမြေကျရခြင်း နှင့် အနှံ့အပြား ဝေဒနာခံစားရခြင်းများကို ဆက်လက်တိုးပွားလာစေပါသည်။ ကာဒီနယ်မှ ပါပါးဖရန်စစ် ​၏ စိတ်ပျက်မှု ခံစားရသည့်အကြောင်းကို ကိုးကားပြော ဆိုတာကတော့ " လူသားတွေဟာ သိပ္ပံပညာရဲ့ တိုးတက်အောင်မြင်မှု များအတွက် ဂုဏ်ယူ နေကြပေမယ့် ငြိမ်းချမ်းရေးနှင့်ပါတ်သက်ရင်တော့ နောက်ပြန်ဆွဲနေကြပါတယ်" ဆိုတဲ့ မှတ်ချက်ပါ။ ကြေကွဲဖွယ်အခက်ခဲများကို ဖြေရှင်းရန် လူသားခြင်းစာနာထောက်ထားမှု့ အတွက် ကူညီတုန့်ပြန်မှု များ စွာ ရှိနေပေမယ့် ရေရှည်အတွက်ဖြေရှင်းရန်မူ ခက်ခဲနေဆဲပင်ဖြစ်သည်။ လူ့ကျင့်ဝတ်များ ကျဆင်းမှု များအလယ်တွင် ဘာသာတရားသည် မျှော်လင့်ခြင်းမီးအိမ်ပင် ရုပ်ဝတ္တုပစ္စည်း ကြွယ်ဝမှုနောက်လိုက်ခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တန်ဖိုးများကို စွန့်ပစ်ကြခြင်း သည် လူသားတို့အသိုင်းအဝိုင်း​၏ ကျင့်ဝတ်များကို တန်ဖိုးထားမှု ကို ကျဆင်းစေရန် ဦးတည်နေကြောင်း ဗာတီကန် တာဝန်ရှိသူမှ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ​ဤအမှု အရာများအတွက် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ညီအကိုများသည် မိမိတို့​၏ ဘာသာရေး နှင့် လူ့ကျင်ဝတ်ဆိုင်ရာ တာဝန်ရှိမှု အသိတရား များကို မြှင့်တင်အားထုတ်လျက် လူသားများ​၏ ပြန်လည်ကျေအေးသင့်မြတ်ခြင်း တည်တံ့ခိုင်မြဲမှုအတွက် အားထုတ်ကြဖို့ သတင်းစကားပါးလိုက်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူများ အားလုံးတို့သည် မျှော်လင့်ခြင်း​၏မီးအိမ်များအဖြစ် ကျင့်ကြံ ခြင်းဖြင့် ဝိညာဉ်ရေးရာ ဗလာကင်းမဲ့မှုဖြစ်ခြင်းနှင့် ဝေဒနာနှင့်အမှားယွင်းများစွာကို ဖြစ်စေသော အရာများအပေါ် မြင့်မြတ်သည့်အကျင့်များ ဆောက်တည်ပြီးအောင်နိုင်မှု ရယူကြရန် ခွန်အားပေးတိုက်တွန်းထားတာပါ။ ယေးဇူးသခင်​၏ မင်္ဂလာတရား ၈ ပါး တောင်ပေါ်ဒေသနာ သည်လည်း ဝိညာဉ်ရေးရာတန်ဖိုးများနှင့်အညီ အခက်အခဲများအကြားတွင် မည်ကဲ့သို့ နေထိုင်ရမည်ကို ကြေငြာ ဟောပြောခဲ့ခြင်း ပင်ဖြစ်သည်။ အနာဂါတ်ပိုမိုကောင်းမွန်ဖို့ အတူ တကွ လုပ်ဆောင်ကြပါစို့ ဗုဒ္ဓ​၏ ဉာဏ်အမျှော်အမြင်နှင့် သင်ကြားမှုများဖြစ်သည့် လှု့မှု နေထိုင်ရန်ပုံစံနှင့်မျှော်လင့်ခြင်း​၏အရေးကြီးမှုကို အလေးပေးသင်ကြားမှုတို့ အပေါ် တန်ဖိုးထားချီးမွမ်းကြောင်း ဖော်ပြထားလျက်၊ ပါပါးဖရန်စစ်​၏ "Laudato Si စာချွန်တော်ပါ" မျှော်လင့်ခြင်းက ယူဆောင်လာတာကတော့ " ကျွန်ုပ် တို့ရဲ့ခြေလှမ်းတွေကို ပြသနာများ ဖြေရှင်းရန် ပြန်လှည့် လာရန် နည်းလမ်း သစ်တွေအမြဲရှိကြောင်းပါပဲ" သဝဏ်လွှာရဲ့ နိဂုဏ်းချုပ်အနေနဲ့ " မိတ်ဆွေများအတွက် ကောင်းသော Vesakh ပွဲတော်ဖြစ်ပါစေ ၊ မျှော်လင့်ခြင်းများ အစဉ်အမြဲရှင်သန်လျက် လက်ရှိလူသားများရင်ဆိုင်နေရသည့် အခက်ခဲများ တုန်ပြန်ရန် လုပ်ဆောင်မှု များကို အကောင်ထည်ဖော်နိုင်ပါစေ" ဟု နှုတ်ခွန်းဆက်ထားပါတယ်။ ယခုလို Vesakh ဗုဒ္ဓမွေးနေ့ နှုတ်ဆက် သဝဏ်လွှာပို့ခြင်းဟာ ၂၅ နှစ်ကျော်တိုင်ခဲ့ပါပြီ ၊ ထို နည်းတူစွာပင် Ramadan အီဒ် နှင့် ဒေပဝါလီ ပွဲတော်နေ့များမှာလည်း ရဟန်းမင်းကြီးရုံးတော် မှ နှုတ်ဆက်သဝဏ်လွှာများ ပေးပို့လေ့ ရှိပါတယ်။ အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

#rvamyanmar #rvapastoralcare #PopeFrancis #rvamyanmarpopefrancismessage 

Add new comment

16 + 0 =