ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်

ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်

ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်က “ရောဂါ နောက်ဆုံး အဆင့် ရောက်နေသူများအတွက်” ဖြစ်ပါတယ်။

ရောဂါနောက်ဆုံးအဆင့်ကို ရောက်နေသူတွေအကြောင်း လူတွေပြောတဲ့အခါ ကုသလို့ မရတာနဲ့ဂရုစိုက်လို့ မရတာ မကြာခဏဆိုသလို ဇဝေဇဝါ ဖြစ်ကြတဲ့ စကားလုံး နှစ်ခု ဖြစ်ပါတယ်။

ရောဂါ ပျောက်ကင်း နိုင်ဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိနေရင်တောင်မှ ဖျားနာ သူတိုင်းမှာ ဆေးကုသဖို့ အခွင့်အရေး ရရှိပြီး လူသားချင်း အကူအညီ၊ ဝိညာဉ်ရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်း ရပါမယ်။

တစ်ခါတလေ လူနာတွေက စကားမပြော နိုင်ပါဘူး။

တစ်ခါတလေ သူတို့က ကျွန်ုပ်တို့ မမှတ်မိဘူးလို့ ထင်ကြတယ်။

ဒါပေမဲ့ သူတို့ရဲ့လက်ကိုကိုင်လိုက်ရင် သူတို့က ကျွန်ုပ်တို့ကို ဆက်သွယ်နေတာကို သိကြပါတယ်။ အမြဲတမ်း ကုသမှုရဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မကျန်းမာသူတွေကို ကျွန်ုပ်တို့ အမြဲတမ်း ဂရုစိုက် နိုင်ပါတယ်။

“အမြဲတမ်း ဂရုစိုက်ပါ၊ ဖြစ်နိုင်ရင် ကုသပေးပါ” လို့ စိန့်ဂျွန်ပေါလ် (၂) မိန့်ကြား ခဲ့ပါတယ်။ အဲဒီမှာ Palliative Care ရောဂါ သက်သာအောင် ဂရုစိုက်မှု ပါဝင်လာပါတယ်။ အဲဒါက လူနာကို ဆေးကုသမှု၊အာမခံမှု၊ ရစေရုံသာမက လူသားချင်း နီးစပ်မှုနဲ့ ကူညီဖေးမမှုကို ရရှိစေပါတယ်။

ခက်ခဲနေတဲ့အချိန်မှာ မိသားစုတွေကို ဒီအတိုင်း ပစ်မထား သင့်ပါဘူး။ သူတို့ရဲ့ အခန်းကဏ္ဍတော့ နောက်ဆုံး ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ ဝိညာဉ်ရေးနဲ့ လူမှုရေး အပိုင်းတွေမှာ သင့်တော်တဲ့ အခွင့်အရေးနဲ့ ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ ရောဂါ နောက်ဆုံး အဆင့်ရောက်နေသူများနဲ့ သူတို့ရဲ့ မိသားစုတွေ အမြဲတမ်း လိုအပ်တဲ့ ဆေးဝါ၊ လူ့အကူအညီနဲ့ အထောက်အပံ့ ရရှိနိုင်အောင် ဆုတောင်းပေး ကြပါစို့။

✍Thang Ha,SJ

Video Credit : Vatican News

#rvamyanmar #PopeFrancisPrayerIntentionsforFebruary2024 #ForTerminallyILL #PopeFrancis

Add new comment

4 + 10 =