ပုပ်ရဟန်းမင်းကြီး၏ အောက်တိုဘာလဆုတောင်းရန် ရည်ရွယ်ချက်

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပုပ်ရဟန်းမင်းကြီးက “ဓမ္မညီလာခံအတွက်”ရည်ရွယ်ဆုတောင်း စေပါတယ်။

မစ်ရှင်/သာသနာ့ အမှုဆောင်ခြင်းဟာ သာသနာတော်ရဲ့ နှလုံးသား တစ်ခုဖြစ်တယ်။ သာသနာတော်က ဓမ္မညီလာခံမှာ ရှိနေချိန်မှာတောင် ဒီညီလာခံက သာသနာပြုခြင်းဆိုင်ရာ ခေါ်တော်မူခြင်းဆီကို ဦးတည်ရွေ့လျားနေပြီး သခင်ယေဇူးရဲ့ ဧဝံဂေလိတရားကို ကြေငြာ ဟောပြောဖို့ မိန့်ကြားချက်ကို သာသနာတော်က တုံ့ပြန်ခြင်း ဖြစ်တယ်။

ဓမ္မညီလာခံ ဘာရဲ့အဆုံးသတ်မှ မဟုတ်ဘူး ဆိုတာကို ကျွန်ုပ်သတိရစေချင်ပါတယ်။ ဒီဓမ္မညီလာခံဟာ သာသနာ့တော်ရဲ့ ခရီးကို ရှေ့ဆက်သွားနေခြင်း ဖြစ်ပါတယ်။

ဓမ္မညီလာခံနဲ့ ဧမာဦးမှာ သွားနေတဲ့ တပည့်တော်တွေလိုကျွန်ုပ်တို့ ခရီးပြု လျှောက်လှမ်း နေကြပြီး ကျွန်ုပ်တို့ကို အမြဲတမ်းလာတွေ့နေတဲ့ သခင်ယေဇူးကို တပည့်တော်တွေလို နားထောင် ကြရတယ်။ ကျွန်ုပ်တို့ မထင်မှတ်တဲ့အချိန် သခင်ယေဇူး အံ့ဩစဖွယ် ရောက်လာ တတ်ပါတယ်။

ဆန်းစစ် ဆုတောင်းခြင်း (ဒီစန့်မန့်) ပြုလုပ် အားဖြင့်

သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့ နားထောင်တတ်သူတွေ ဖြစ်လာအောင် ကူညီလမ်းပြ ပေးပါတယ်။ ဘုရားရဲ့ နှုတ်ကပါဌ်တော်ကို ဟောပြောနိုင်ဖို့အတွက် ဘုရားရှင်ရဲ့ နားထောင်တတ်မှုနဲ့ နားထောင်ဖို့အပ်တယ်။ အဲဒီလိုနဲ့ ကျွန်ုပ်တို့ သခင်ယေဇူးရဲ့ နှလုံးသားနဲ့ ပိုနီးစပ် လာကြပါတယ်။

ကျွန်ုပ်တို့ရဲ့ မစ်ရှင်အလုပ်နဲ့ အသံတွေက ဘုရားဆီကနေ ရရှိလာပြီး ဘုရားသခင်ဆီကို ပို့ဆောင်ပေးတယ်။

အဲဒီအသံကနေ မစ်ရှင်ရဲ့အဓိက အလုပ်ဟာ လူသားတိုင်းစီကို ရောက်ဖို့ ဖြစ်တယ်ဆိုတာ ပြနေပြီး လူတိုင်းကို ကြိုဆိုဖို့နဲ့ လူတိုင်းကို ရှာဖွေဖို့၊

ဘယ်သူ့ကိုမှ ချန်မထားဘဲ လူတိုင်း ပါဝင်စေဖို့ ဖြစ်ပါတယ်။ သာသနာတော်ကြီးအတွက် ဆုတောင်းကြပါစို့။

သာသနာတော်က ဘဝအဆင့်တိုင်းမှာ နားထောင်ခြင်းနဲ့ဆွေးနွေးညှိနှိုင်းခြင်းတွေ အသားကျအောင်လုပ်ဆောင်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လမ်းညွှန်မှုကို ခံယူကာ ကမ္ဘာ့အစွန်ဆုံးတိုင်အောင် လုပ်ဆောင်နိုင်ဖို့ ဆုတောင်းကြပါစို့။

Translated by: Thang Ha, SJ

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

10 + 4 =