ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်ချိန် ကွယ်လွန်သူများ၏ ရုပ်ကလပ်များအား သင်္ဂြိုလ်ပေးကြသော သူများအတွက် မစ္ဆားတရားတော်မြတ်၌ဆုတောင်းပေးခြင်း

ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်ချိန် ကွယ်လွန်သူများ၏ ရုပ်ကလပ်များအား သင်္ဂြိုလ်ပေးကြသော သူများအတွက် မစ္ဆားတရားတော်မြတ်၌ဆုတောင်းပေးခြင်း

ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်ချိန် ကွယ်လွန်သူများ၏ ရုပ်ကလပ်များအား သင်္ဂြိုလ်ပေးကြသော သူများအတွက် မစ္ဆားတရားတော်မြတ်၌ဆုတောင်းပေးခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပဉ္စမမြောက် ပါစကားကာလ၊ စနေနေ့ နံနက်မစ္ဆားတရားတော်မြတ်ကို Casa Santa Marta ဘုရားကျောင်းတော်၌ ပူဇော်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ၊ ဆိုက်ရောက်ချိန်တွင် ကွယ်လွန်သူများ၏ ရုပ်ကလပ်များအား သင်္ဂြိုလ်ပေးကြသော သူများအတွက် ဆုတောင်းပေးကြရန် တိုက်တွန်းခဲ့ပါသည်။ ထိုနောက်မှာ လောက၏ နတ်ဆိုးရန်သူအကြောင်းကို ဩဝါဒတရားတော်မြတ်၌ မြွတ်ကြားခဲ့ပါသည်။

မစ္ဆားတရားတော် မြတ်

ပုပ်ရဟန်းမင်းကြီးက ဆိုသည်မှာ ၊ "ယနေ့၊ ကပ်ရောဂါဆိုက်ရောက်နေချိန်တွင် ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို သင်္ဂြိုလ်ပေးကြသော သူများအတွက် ဆုတောင်းကြပါစို့။ လူသေအလောင်းကို သင်္ဂြိုလ်ခြင်းသည်၊ နှစ်မြို့ဖွယ်ကောင်းသော အလုပ်မဟုတ်သော်လည်း ဂရုဏာလုပ်ငန်းတစ်ခုပင်ဖြစ်သည်။ ထိုသို့သော စေတနာရှင်များအတွက်ဆုတောင်းပေးကြစို့။ ၎င်းအလုပ်သည် ရောဂါကူးစက်နိုင်သည်မှန်သော်လည်း သူတို့သက်ကို အရဲစွန့်၍ အလောင်းများကို သင်္ဂြိုလ်ခဲ့ကြသည်။

ဩဝါဒတရားတော်မြတ်

ထိုနောက်မှ ပုပ်ရဟန်းမင်းကြီးသည် ဩဝါဒတရားတော်ကို ယနေ့ထောက်ရှုရမည့် ဧဝံဂေလိတရားတော် (ရှင်ယောဟန် ၁၅: ၁၈-၂၁) တွင် ဖော်ပြသော သခင်ခရစ်တော်ကိုယ်တော်က မိမိတပည့်တော်တို့အားပြောကြားသည့် "ဤလောကသည် သင်တို့ကို မုန်းလျှင်၊ သင်တို့မတိုင်မီ ငါ့ကို အရင်မုန်းသည်ကို သိမှတ်ကြလော့။ သင်တို့သည် ဤလောကနှင့်စပ်ဆိုင်မှုရှိခဲ့လျှင်၊ ကိုယ်နှင့် စပ်ဆိုင်ရာသူတို့ကို လောကသားတို့သည် ချစ်လေပြီ။ ငါသည် သင်တို့ကို ဤလောကမှရွေးချယ်ဤလောကနှင့် မစပ်ဆိုင်သောကြောင့် မုန်းကြ၏။" ဟူသောကျမ်းချက်ကို သုံးသပ်ထောက်ရှုခဲ့ပါသည်။

လောကီ၏ စိတ်
ပုပ်ရဟန်းမင်းကြီးသည် သခင်ခရစ်တော် လောကအကြောင်း၊ လောကသားသည်၊ သခင်ခရစ်တော်နှင့် သူ့တပည့်တော်တို့အား မုန်းသည့်အကြောင်းကို မကြာခဏပြောခဲ့ကြောင်း၊သခင်ခရစ်တော်သည် ခမည်းတော်ထံတွင် မိမိတပည့်တော်များ လောကမှ ဖယ်ရှားခြင်းမပြုဘဲ လောက၏ မကောင်းသော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ ကာကွယ်ပေးရန် ဆုတောင်းပေးခဲ့ကြောင်း၊ မြွတ်ကြားခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် လောကအကြောင်းကို ထောက်ရှုပြီး၊ လောကသည် မုန်းတီးမှုကိုဖြစ်စေသည်။ ယေဇူးသခင်ကို သတ်ဖြတ်မှုဖြစ်စေခဲ့သည်။ တပည့်တော်များနှင့် အသင်းတော်ကိုလည်း ဖျက်စီးစေ ကြောင်းလည်း မိန့်ကြားတော်မူခဲ့ပါသည်။ လောကသည်၊ ဘဝ၏ စီမံချက်တစ်ခုဖြစ်၏။ လောကသည် အပြင်ပန်း၊ အပေါ်ယံ ရွှေမှုန်ကြဲ၍ ပြင်ဆင်ထားခြင်း၊ သာမန်ကာ လျှံကာ တန်ဖိုးမျှသာဖြစ်သည့် ယာယီသဘောရှိသည်။
လောကသည် အခြေနေနှင့် အချိန်အခါလိုက် ပြောင်းလဲတတ်သောကြောင့် သစ္စာတရားကို နားမလည်သော သဘောသဘာဝရှိသည်။ ပုပ်သင်ညှို ကဲ့သို့ ပင် အရာရာ၌ ညှိနှိုင်းပြောင်းလဲတတ်သည်။

သက်တောင့်သက်သာနေရသော အကျင့်ကို စွှန့်လွှတ်ခြင်း

သခင်ခရစ်တော်ကိုယ်တိုင် အဖခမည်းတော်ထံ၌ "ဒီလောကီရဲ့ မကောင်းမှုမှ ကျွန်ုပ်တို့အား ကာကွယ်ပေးဖို့ ဆုတောင်းပေးခဲ့ခြင်း။ လောကကြီးသည် သက်တောင့်သက်သာရှိစေသော ဇိမ်ခံပစ္စည်းများနှင့်အတူ စွန့်လွတ်ရန်သင့်တော်သော အရာတစ်ခုဖြစ်သည်။ ၎င်းသည် ခရစ်ယာန်ဟူ၍ မိမိကိုယ် ကို ပြောဆိုနေသောသူများ၏ လောကီဘဝဖြစ်သည်။ လောကီအတွက် စိုးရိမ်ပူပန်ခြင်းသည် ယုံကြည်ခြင်းကို သေစေနိုငကြောင်း မြွတ်ကြားခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် ၂၀ရာစုတွင် ကျော်ကြားသော ဘာသာရေးကျွမ်းကျင်သူ Jesuit ဘုန်းကြီး Father Henri de Lubac မှဖော်ပြချက်ကို ကိုးကားကာ လောကီသည် အသင်းတော်ကို နှိပ်စက်နေသော အဆိုးဆုံးသော မကောင်းဆိုးဝါးဖြစ်ကြောင်း ဖြော်ပခဲ့လေသည်။ "ဝိညာဉ်ရေးရာ၌ လောကီဆန်ခြင်းသည် ယုံကြည်ခြင်းကို မုန်းတီးစေ၍ ခရစ်ယာန်ဘာသာ အသက်ရှင်သန်ခြင်းကို သေစေနိုင်သည်။ လောကီသည် မျက်နှာဖုံးများနှင့် အသင်းတော်အတွင်း၌ သာမက နေရာတကာတွင် ဝင်ရောက်လျက်ရှိနေကြောင်း သတိပေးမြွတ်ကြားခဲ့ပါသည်။ ရဟန်းမင်းကြီးသည် မိမိတို့ ယုံကြည်ခြင်းအတွက် အသက်အသေခံခဲ့ကြသော ဓမ္မအာဇာနည်များအား ဖော်ထုတ်ခဲ့သည်။ လောကီရေးရာသည် အပေါ်ယံတစ်ခုမျှသာ ဖြစ်ကြောင်း လောကီကို ဆန့်ကျင်၍ မိန့်မှာခဲ့ပါသည်။ ထိုသို့ လောကီကို ဆန်ကျင်နိုင်ခြင်းသည် ယုံကြည်ခြင်းအရင်းအမြစ်တွယ်နေခြင်းဖြစ် ကြောင်း မိန့်ဆိုခဲ့ပါသည်။

သခင်ခရစ်တော်ကို ယုံကြည်ခြင်း

လောကီသည် ခရူစူးတိုင်၏ ရှုပ်ချခြင်းကို မခံနိုင်ပေ။ ကျွန်ုပ်တို့အတွက် အသက်အသေခံပြီး ပြန်ရှင်ထမြောက်တော်မူသော သခင်ခရစ်တော်သည် လောကီကို ဆန့်ကျင်ရန် ဆေးဝါးတစ်လက်ဖြစ်ပေသည်။လောကကို အောင်နိုင်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်သည်။ လက်ဝါးကားတိုင်၏ မိုက်မဲမှု နှင့် သခင်ခရစ်တော်၏ အောင်မြင်ခြင်းသည် ကျွန်ုပ်တို့၏ အောင်မြင်ခြင်းပင်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး မြွတ်ကြားတော်မူခဲ့သည်။
လောကကြီးသည် သခင်ခရစ်တော်ကို မုန်းတော်မူသည်။ သခင်ခရစ်တော်သည် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အား လောက၏ မကောင်းဆိုးဝါးလက်မှ ကာကွယ်ရန်ဆုတောင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ယုံကြည်ခြင်းသည် အယူသည်းခြင်း (သို့) တစ်ခြားသူနှင့် အပြန်အလှန်ဆွေးနွေးခြင်းကိုလည်းမဆိုလိုပါ။

နိဂုံးချုပ်

ရဟန်းမင်းကြီးသည် ခရစ်ယာန်မျာအား လိမ်လည်၊ လှည့်ဖြားခြင်းမခံရလေအောင် လောကတရားနှင့် ဧဝံဂေလိတရားတော်ကို ခွဲခြားသိမြင်နိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားကျေးဇူးတော်တေငါ်းခံကြရန် လှုံ့ဆော်ပြီး တရားတော်အား နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo credit: Angelus news

https://bit.ly/36bUkKX

 

 

Add new comment

1 + 7 =