ပုပ်ရဟန်းမင်းကြီးရဲ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီးရဲ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ရည်ရွယ်ချက်မှာ အပယ်ခံဘဝနဲ့ နေထိုင်သူတွေကို သတိရ ဆုတောင်း ပေးဖို့ ဖြစ်ပါတယ်။

လမ်းပေါ်သေဆုံးသွားတဲ့ အိုးအိမ်မဲ့ လူတစ်ယောက်အကြောင်းကို ရေဒီယို-တီဗီသတင်းနဲ့ အင်တာနက်စာမျက်နှာတွေမှာ ဘယ်တော့မှ ပေါ်လာတာ မမြင်ရပါဘူး။ ကျွန်ုပ်တို့ ဘယ်လိုများ ဒီလိုမျိုး ဂရုမစိုက်တတ်တဲ့ အဆင့်ကိုတောင် ရောက်သွားခဲ့ကြတာလဲ။

ဘယ်လိုနဲ့ “တစ်ခါသုံးဖြုန်းတီးတဲ့ဓလေ့”ကို
ကျွန်ုပ်တို့ ခွင့်ပြုထားပြီး သိန်းသန်းနဲ့ချီတဲ့လူတွေကို စီးပွါးရေးကောင်းကျိုး လောက်တောင် တန်ဖိုးမရှိသလို လုပ်နေကြတာလဲ။ ကျွန်ုပ်တို့ရဲ့ဘဝနေထိုင်မှုနဲ့ မြို့ပြတွေကို ဒီလိုဓလေ့မျိုးက စိုးမိုး ခြယ်လှယ်အောင် ခွင့်ပြုကြတာလား။ ကျွန်ုပ်တို့ရဲ့ လယ်ပင်းညှပ်သွားတဲ့ အခြေအနေမျိုးကို ဘယ်သူကမှ မလိုချင်ကြပါဘူး။

အပယ်ခံလူတွေကို လူ့အသိုင်းအဝန်းကနေ မမြင်ကွယ်ရာ ပြုမူနေမှုတွေကို ကြိုးစားပြီး ရပ်တန့်စေ ကြပါစို့၊ ဆင်းရဲမှု၊ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများ၊ သူတို့ကိုသာမက အကူအညီ တကယ်လိုအပ်နေသူများကို နွေးထွေးစွာ လက်ခံကြိုဆို ကြပါစို့။

နွေးထွေးစွာ “ကြိုဆိုတတ်တဲ့ဓလေ့” အားဖြင့် အဆောက်အအုံများနဲ့ အိုးအိမ်ထောက်ပံ့ခြင်းနဲ့အတူချစ်ခြင်းကို ပြသပြီး လူသားချင်း နွေးထွေးစေ ကြပါစို့။ ပစ်ပယ်ခြင်း ခံစားကြရပြီး လူစဉ်မမီတဲ့ နေထိုင်မှုအခြေအနေကို လက်ရှိ တွေ့ကြုံနေ ရသူများဟာ အဖွဲ့အစည်းတွေရဲ့ မေ့လျော့ထားခြင်း မခံရဘဲ ဘယ်တော့မှ မပစ်ပယ်ကြစေဖို့ ဆုတောင်းပေး ကြပါစို့။

Source: Vatican Media
✍️ထန်းဟာ SJ
#rvamyanmar #rvapastoralcare #popefrancis

Add new comment

2 + 7 =