ပါစကားပွဲနေ့တနဂ်နေနွေ့က ကမ္ဘာကြီးသို့မိန့်ကြားခဲ့သော ရဟန်းမင်းကြီး၏ နှုတ်ဆက် ဆုတောင်း သတင်းစကား

ပါစကားပွဲနေ့တနဂ်နေနွေ့က ကမ္ဘာကြီးသို့မိန့်ကြားခဲ့သော ရဟန်းမင်းကြီး၏ နှုတ်ဆက် ဆုတောင်း သတင်းစကား

ပါစကားပွဲနေ့တနဂ်နေနွေ့က ကမ္ဘာကြီးသို့မိန့်ကြားခဲ့သော ရဟန်းမင်းကြီး၏ နှုတ်ဆက် ဆုတောင်း သတင်းစကား

 

            ရဟန်းမင်းကြီးဖရန်စစ်သည် နေရောင်ဖြာပြီး ပန်းများဝေဆာနေသော ဘုရားဖူးလူအုပ်ကြီးများဖြင့်ပြည့်နေ သည့် စိန့်ပီတာရင်ပြင်၌ ပါစကားပွဲနေ့ကြီးမစ္ဆာတရားကို ဦးဆောင်ပူဇော်ခဲ့သည်။ စိန့်ပီတာရင်ပြင်၌ ယခုကဲ့သို့သော ဘုရားဖူးလူအုပ်ကြီးကိုမတွေ့ရသည်မှာ ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးစတင်သည့်အချိန်မှဖြစ်သည်။ ပန်းပွင့်ပေါင်း လေးသောင်းနှင့် အပင်များသည် စိန့်ပီတာရင်ပြင်ပန်းဥယျာဉ်ပမာပြောင်းလဲသွားစေခဲ့သည်။ ယခုကဲ့သို့တန်ဆာဆင်နိုင် ခြင်းမှာ နယ်သာလန်မှပန်းပညာရှင်များ၏လက်ဆောင်မွန်ဖြစ်သည်။

 

            ပါစကားအဖိတ်ည မစ္ဆားတရားတော်မြတ်ကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ တင်လှူပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ် ဦးစီးပူဇော်သော ပါစကားမစ္ဆားတရားတော်၌ အေးနေသော်လည်း ဘုရားဖူးဘာသာတူ (၁၀၀၀၀၀) ပါ၀င်ပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးသည် ယခင်နှစ်များကကဲ့သို့ မစ္ဆားတရားတော်မြတ်အတွင်း၌ ဩ၀ါဒမပေးဘဲ မွန်းတည့် (၁၂) အချိန်၌ ကမ္ဘာကြီးအား ပါစကားနှုတ်ဆက်ဆုတောင်းစကားမိန့်ကြားခဲ့သည်။ အဆိုပါနှုတ်ဆက် ဆုတောင်းစကားကို ‘Urbi et Orbi’ ဟုခေါ်သည်။ ဆိုလိုသည်မှာ ‘ရောမမြို့နှင့် ကမ္ဘာကြီးသို့ မိန့်ကြား သောနှုတ်ဆက်ဆု တောင်းစကား’ ဖြစ်သည်။ ဤနှုတ်ဆက်ဆုတောင်းစကားကို စိန့်ပီတာရင် ပြင်မှမိန့်ကြားခဲ့ခြင်းဖြစ်သည်။

 

ခရစ္စတူးသခင် ရှင်ပြန်တော်မူပြီ ......

 

            ရင်ပြင်၌ရှိနေကြသော ဘုရားဖူးဘာသာတူများနှင့် ကမ္ဘာတစ်၀ှမ်းမှ ဤနှုတ်ဆက် ဆုတောင်းခြင်းအစီအစဉ်ထုတ် လွှင့်ခြင်းကိုကြည့်ရူနေကြသောသူများအားလုံးကို ‘ပျော်ရွှင် သောပါစကားဖြစ်ပါစေ။  ကားတိုင်ပေါ်၌တင်သတ်ခံရသော ယေဇူးသခင်သည် ရှင်ပြန် ထမြောက်တော်မူပြီ။ ယေဇူးသခင်သည် ခန္ဓာမပါသော၀ိညာဉ်မဟုတ်။ ယေဇူးသခင်သည် ရုပ်နှင့်ခန္ဓာနှင့်အသက်ရှင်နေသည်။ သူ၏တပည့်တော်ကြီးများအားနှုတ်ဆက်ပြီး ၄င်းတို့အလယ်၌ ကိုယ်ထင်ရှားပြကာ သွားလာနေသည်။ သူ၏တပည့်တော်ကြီးတို့အားလည်း ‘သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ’ ဟုနှုတ်ဆက်ခဲ့ကြောင်း စကားဦး ချီ၍နှုတ်ဆက်ခဲ့သည်။    

 

             ကိုးဗစ် (၁၉) ကပ်ရောဂါဆိုး၏တိုက်ခိုက်မှုကိုအလူးအလဲခံရပြီးနောက် ၀ိုင်းကူထူ မရုန်းထ နိုင်ခဲ့ပြီး၊ ထပ်တူထပ် မျှခံစားခံစားတတ်သော စိတ်ဓာတ်အသစ်ကို ပြန်လည်ရှင်သန် လာစေနိုင် သောမျှော်လင့်ချက်များရှိနေခဲ့သော်လည်း ‘ကိန္ဒ ၏စိတ်ယုတ်’ ကိုဆက်လက်မြင်တွေ့နေရသည်။ ‘ကိန္ဒ’ သည် သူ၏ညီအာဗေလအား ပြိုင်ဘက်အဖြစ်ရူမြင်ခဲ့ပြီး ရှင်း လင်းသုတ်သင်ခဲ့သည်။ ထိုစိတ်ထားမျိုးသည် ကျွန်ုပ်တို့အလယ်တွင် ဆက်လက်၍ရှင်သန်နေသည်။ ယနေ့ ဖြစ်ပွားနေ သောစစ်မက်များ၊ အကြမ်းဖက်မှုများသည် သက်သေပင်ဖြစ်သည်။    

 

ဘုရားသခင်သည် ငြိမ်းချမ်းရေးကိုဆောင်ယူလာသည်။

            ဘုရားသခင်သာလျှင် စစ်မှန်သောငြိမ်းချမ်းရေးကိုဆော်ယူလာပေးနိုင်သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့၏ဒဏ် ရာဒဏ်ချက်ကိုခံထမ်းခဲ့သည်။ ကျွန်ုပ်တို့အပြစ်ကျူးခြင်း၊ စိတ်နှလုံးပြုပြင် ပြောင်းလဲ ရန်ခိုင်မာခြင်း၊ ညီရင်းအစ်ကိုမောင် နှမတို့အား မုန်းတီးသတ်ဖြတ်ခြင်းဖြင့်သူ့အား‌ ဝေဒနာပြင်း ထန်စေခဲ့သည်။ ကျွန်ုပ်တို့အတွက်ခံထမ်းခဲ့ကြောင်းကို ပြန် ရှင်ပြန်ပြီး တပည့်တော်ကြီးတို့အား ကိုယ်ယောင်ထင်ပြချိန်၌ အချစ်ကြောင့် စွဲနေသောဒဏ်ရာတော်ကိုပြသခဲ့သည်။ ဤ ဒဏ်ရာ သည်အမှတ်ရစေရန်ဖြစ်သည်။ ဤဒဏ်ရာကိုမြင်တွေ့တိုင်းခမည်းတော်ဘုရားသည် ကျွန်ုပ်တို့ အပေါ်၌လည်း ကောင်း၊ ကမ္ဘာလောကြီးအပေါ်၌လည်းကောင်း သနားခြင်း စိတ်တိုး ပွားလာမည်။ အဆိုပါဒဏ်ရာတော်များကို မျက် မှောက်ပြုခြင်းဖြင့် ကျွန်ုပ်တို့၏မယုံကြည်နိုင် သောမျက်လုံးများ၊ ခက်ထန်မာကျောနေသောနှလုံးသားများကိုခွင်းဖောက် စေပြီး၊ ပါးစကား၏သတင်းစကားဖြစ်သော ‘ငြိမ်သက်ခြင်း သင်တို့နှင့်ရှိပါစေ’ ကိုခံယူကြပါစို့။ ခရစ္စတူသခင်၏ ငြိမ်းချမ်း ခြင်း ကျွန်ုပ်တို့၏ အသက်တာ၊ ကျွန်ုပ်တို့၏အိမ်၊ နိုင်ငံသို့၀င်ရောက်လာရန်ခွင့်ပြုစို့။      

 

ယူကရိန်းနိုင်ငံအတွက်ဆု‌တောင်းပေးကြပါစို့။

            စစ်ကြောင့်ပျက်စီးပြိုလဲနေသောယူကရိန်းနိုင်ငံ၌ ငြိမ်သက်ခြင်းရှိပါစေ။ ထိတ်လန့်ဖွယ်ကောင်းသော ဝေဒ နာနှင့်သေခြင်းညနှင့်အတူအာရုံဦးသစ်ပေါ်လာပါစေ။ စစ်ကြောင့်သေဆုံးခဲ့ရသော သားကောင်များ၊ သန်းနှင့်ချီသောစစ် ပေးဒုက္ခသည်များ၊ မိဘမဲ့များ၊ အကူအညီမဲ့စွန့်ပစ်ခံသက်ကြီးရွယ်အိုများအားလုံးကို ရဟန်းမင်းကြီးကနှလုံးသားထဲ၌ မှတ်ထားကြောင်း၊ ယူကရိန်းမှကလေးများ၏ငိုသံနှင့်အတူကမ္ဘာတစ်၀ှမ်းမှ အကြမ်းဖက်ခံရ၊ မွေးဖွားခွင့်ရှိသော်လည်း ကိုယ်၀န်ဖျက်ချခံရသောကလေးများ၊ အစာရေစာငတ်ပြတ်နေခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်ပေးမူဆုံးရှုံးနေရသော ကလေးငယ်များ၏ငိုကြွေးသံကိုကြားနေရသည်။ ငြိမ်းချမ်းရေးနှင့်စပ်လျင်း၍ ကမ္ဘာခေါင်းဆောင်ကြီးများသည် ငြိမ်းချမ်း ရေးအတွက်ရဟန်းမင်းကြီးက ‘ကမ္ဘာခေါင်းဆောင်ကြီးများသည် လူသားထု၏ ငြိမ်းချမ်းရေးအတွက် အသနားခံနေသံကို ကြားကြပါစေ။ သိပ္ပံပညာရှင်များမှ လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) က ကြိုတင်၍ သတိပေးထားခဲ့သော ဆိုးကျိုးများကိုနား ထောင်နိုင်ပါစေ။ ထိုသတိပေးချက်ကား ‘ကျွန်ုပ်တို့သည် လူသားထုကိုအဆုံးသတ်ပစ်ကြမည်လော။ သို့မဟုတ်လူသားထု သည်စစ်ကိုငြင်းဆန်မည်လော’ ဟုဖြစ်ပါသည်။ ဤမှတ်သားဖွယ် ကောင်းသောစကားကို(Russell-Einstein Manifesto, 9 July 1955) ကပြောကြားခဲ့သည်။    

 

အားဖြစ်စေသောအမှတ်လက္ခများ

            ရဟန်းမင်းကြီးသည် ဒုက္ခသည်များအား နည်းလမ်းအသွယ်သွယ် ဖြင့်တံခါးဖွင့် ကာကြိုဆို လက်ခံပေးကြသော ဥ ရောပနိုင်ငံများအားကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ဤသို့လုပ်ဆောင် သည်ကိုရဟန်းမင်းကြီးက ‘မျှော်လင့်ခြင်း၏ ချစ်ခြင်းအမှု၊ လူမူအသိုင်းအ၀ိုင်းအတွက် ကောင်းကြီးတော်၊ အဘယ်ကြောင့်ဆိုသော် ဤနည်းအားဖြင့် ကိုယ်ကျိုးဆန် မှုကိုကျော်လွန်နိုင်ကြသည်။ မိမိနှင့် မဆိုင် သကဲ့သို့ ဖာတိဖာသာနေထိုင်မှုကိုဖြိုချပစ်လိုက်နိုင်ခြင်းဖြစ်သည်’ ဟုမိန့်ကြား အားပေးခဲ့သည်။ ကမ္ဘာတစ်၀ှမ်း၌ဖြစ်ပျက်နေသော ပဋိပက္ခများကို ကျွန်ုပ်တို့အားလုံးလည်း တူညီသောအကြင်နာ၊ ထပ်တူကျသောစာနာမူဖြင့်တုန့်ပြန်ကြပါစို့။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ၌ မိမိတို့နှင့်မဆိုသကဲ့သို့နေထိုင်ကြ သည်။ မေ့နေတတ်ကြသည်။ 

 

ကျွန်ုပ်တို့၏ကမ္ဘာကြီးငြိမ်းချမ်းရေး

            ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံနှင့်အာဖကန်နီစတန်နိုင်ငံ၏ ရင်ကြားစေ့ရေး အတွက်ဆုတောင်းပေးခဲံသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မူများကြောင့် လူသားများအား ကြီးစွာသောဒုက္ခပင် လယ်‌ဝေစေသည်။

            အာဖရိကတိုက်အတွက်ကိုလည်းသတိရဆုတောင်းပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Sahel ဒေသသည် အ ကြမ်းဖက်အဖွဲတို့၏ တိုက်ခိုက်မှုကိုခံနေရသောပြီး၊ တွေ့ဆုံဆွေးနွေးမှု၊ ရင်ကြားစေ့ ရေးတို့ဖြင့်အောင်မြင်မှုထွက်ပေါက်ရ ကြစေရန်နှင့်ယခုဖြစ်ပွားနေသောအကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ ခါးစည်းခံနေကြရကြောင်းမိန့် ကြားခဲ့သည်။ ဆက်လက်၍လည်း ရဟန်းမင်းကြီးက မြောက်အာဖရိက၌ ယခုရက်သတ္တပတ်အတွင်း သဘာ၀ဘေးဒဏ် ကြောင့်အသက်ဆုံးရှုံးခဲ့ရသောသူများအတွက်သတိရဆုတောင်းပေးခဲ့သည်။

 

            ထို့အတူ လာတင်းအမေရိကား၌လည်း ဆိုးဆိုးရွားရွားဖြစ်ပွားနေသော ကိုးဗစ်ကပ် ရောဂါဆိုးအတွက်လည်း ကောင်း၊ ရာဇ၀တ်မှုများနှင့်မှုးယစ်ဆေး၀ါး ကူးသန်းရောင်း၀ယ်ခြင်း များကိုဥပ‌ဒေနှင့်အညီကိုင်တွယ်နိုင်ရန်လည်းဆု တောင်းပေးခဲံသည်။ ကနေဒါနိုင်ငံ၌ဒေသခံများအရေးနှင့်ပတ်သက်၍ စေ့စပ်ညှိနှိင်းနေသော ကက်သလစ် သာသနာနှင့်လည်း သေခြင်း မှပြန်လည်ရှင်ပြန်သောသခင်သည် အတူတကွလျှောက်လှမ်း အဖော်ပြု ပေးရန်ဆုတောင်းပေးခဲ့သည်။     

 

ခရစ္စတူးသခင်၏ငြိမ်းချမ်းခြင်းဖြင့်အနိုင်ယူကြစို့။

            ရဟန်းမင်းကြီးသည် ပါစကားပွဲနေ့၏ကမ္ဘာသို့ထုတ်လွှင့်သော နှုတ်ဆက်ဆုတောင်း စကား၏အဆုံးပိုင်း၌ စစ် ကြောင့်သော်လည်းကောင်း၊ သဘာ၀ဘေးဒဏ်ကြောင့်သော်လည်းကောင်း တွေ့ကြုံခံစားနေရသော၀မ်းနည်းမူ၊ ပူဆွေး မူ၊ ဒုက္ခဝေဒနာများအားလုံးကြားမှ အပြစ်ကိုလည်းကောင်း၊ အကြောက်တရားကိုလည်းကောင်း၊ သေခြင်းကိုလည်း ကောင်း အောင်မြင်သော ယေဇူးခရစ္စတူး သခင်သည် မကောင်းမူနှင့်အကြမ်းဖက်မူတို့အား လက်မြောက်အရှုံးပေးစေဘဲ အောင်မြင် ကျော်လွှား နိုင်ခွင့်ကိုပေးတော်မူပါစေ ဟုဆုတောင်းရင်းနိဂုံးချုပ်ခဲ့သည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ECTcBd

Add new comment

8 + 5 =