နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေပါ

နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေပါ

 

မကြာခင်က ပါပါးဖရန်စစ်ဟာ ပြင်သစ်နိုင်ငံမှ သတင်းထောက်များနဲ့ တွေ့ဆုံခဲ့ရာမှာ နှလုံးသားဖြင့် သတင်းကောင်းဖြန့်ဝေကြဘို့ မိန့်ကြားခဲ့ပြီး အောက်ပါ ခေါင်းစဉ်ငယ်လေး ၃ ခု နဲ့ ထပ်မံမိန့်ကြားခဲ့ပါတယ်။ 

သတင်းထောက်တို့၏တာဝန်

ပုပ်ဖရန်စစ်က "ယနေ့ခေတ် ကမ္ဘာကြီးတွင် သတင်း၏အရေးပါမှုနှင့်လွမ်းမိုးမှုအကြောင်း၊ ထိုအရေးပါသောတာဝန်များကိုဆောင်ရွက်နေစဥ် ခဏတာအနားယူရင်း မိမိကိုယ်ကိုလေ့လာဆန်းစစ်ခြင်းသည်အလွန်ပင်အရေးကြီးကြောင်း"ဦးစွာ မိန့်ကြားခဲ့သည်။"

ဤအချိန်ကာလတွင် မျှဝေခြင်းနှင့်ဆုတောင်းခြင်းတို့အပြင် သတင်း စကားအခြေခံခြင်း၏အဓိကအရင်း အမြစ်ဖြစ်သော ချစ်ခြင်းမေတ္တာနှင့်အမှန်တရားကိုလည်း ရှာဖွေကြရန်"အကြံပြုခဲ့သည်။

မှန်ကန်သောသတင်းဆိုသည်မှာ တစ်ဦးချင်းအမြင်၊ကြောက်ရွံ့မှုများဖြင့် တံခါးပိတ်ထားရန်မဟုတ်ကြောင်းနှင့် အရာအားလုံးသည် နည်းပညာပေါ်တွင်မမူတည်ကြောင်း" မိန့်ကြားတော်မူသည်။

ဝေမျှခြင်းသည်မေတ္တာ

ရဟန္တာမ လီဆူးမြို့မှသံတာထရေဇားကိုလည်း သတင်းကောင်းကြေညာခြင်း၏ပြယုဂ်အဖြစ် ရဟန်းမင်းကြီးက ထည့်သွင်းဂုဏ်ပြုခဲ့သည်။ ရဟန္တာမ ထရေဇား၏ ပျံလွန်တော်မူခြင်း နှစ်၁၅၀ပြည့်နှင့် သူတော်သူမြတ်တင်မြှောက်ခြင်းနှစ်၁၀၀ပြည့်အခမ်းအနားကို ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါရဟန္တာကိုအတုယူ၍ အမှန်တရားကို ဆာငတ်နေသော ကမ္ဘာကြီးအတွက် တာဝန် ကျေပွန်ကြရန် တိုက်တွန်းတော်မူသည်။

သတင်းနှင့်ဆက်သွယ်ရေးသည် မားကက်တင်းတစ်ခုသက်သက်မဟုတ်ပဲ ရန်လိုမှုအတွက်အားဖြည့်လောင်စာလည်းမဟုတ်ကြောင်း သန့်စင်ခိုင်မာ သော သတင်းအချက်အလက်ကိုသာ လူ့အဖွဲ့အသည်းကလိုအပ်ကြောင်း ''အသိပေးတော်မူသည်။

ထို့အပြင် အရှင်သူမြတ်သည် အဆိုပါပြင်သစ်မှသတင်းသမားများအား အကြောင်းအရာ သုံးခုကို လုပ်ဆောင်ရန်အထူးတိုက်တွန်းတေယ်မူသည်။
ပထမအချက်မှာ မျက်မြင်သက်သေခံခြင်းဖြစ်သည်။သာသနာတော်နှင့်အဖွဲ့အစည်းများမှ ကောင်းသောလုပ်ဆောင် ချက်များကို မျက်မြင်တွေ့ကြံပြီးနောင် ပြင်ပမှ လူအများကို ထပ်ဆင့်ဝေငှပေးရန်ဖြစ်သည်။

ဒုတိယအချက်မှာ တုံ့ပြန်ချက်များကိုမကြောက်ရန်ဖြစ်သည်။

သတင်းကောင်းဝေမျှရာ၌ မထင်မှတ်သောတုံ့ပြန်မှုများ ရရှိသည့်တိုင် အားမလျော့ကြရန်နှင့် လူ့အဖွဲ့အစည်းသည် သာသနာတော်ကြီးမှဖွင့်ဟလာမည့် နှုတ်ကပတ်တော်ကို ဆာငတ်နေကြောင်း၊

တတိတယအချက်မှာ ကျယ်ပြန့်စွာတွေးခေါ်ဝေမှကြရန်ဖြစ်ပြီး မတူကွဲပြားမှုများထက် တူညီသောအရာများကို ဂရုပြုကာ ပိုမိုကျာ်ပြန့်စွာ သတင်းဖြန့်ဝေကြရန် အားပေးတော်မူခဲ့သည်။

နောက်ဆုံးအနေနှင့် "ချစ်ခြင်းမေတ္တာသာရှိလျှင် ရှုပ်ထွေးသော ကျွန်ုပ်တို့၏ဘဝများသည် ပိုမိုရှင်းလင်းလာပါလိမ့်မည်"ဟု အရှင်သူမြတ်က ဝေမျှတော်မူခဲ့သည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39TmA
 

Add new comment

1 + 0 =