နတ်ဆိုးနဲ့ဘယ်တော့မှ ဆွေးနွေးခြင်းမပြုလေနဲ့

နတ်ဆိုးနှင့်ဘယ်တောမှဆွေးနွေးခြင်းမပြုနှင့်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဒီဇင်ဘာ (၂၇၊ ၂၀၂၃) ဗုဒ္ဓဟူးနေ့က ဗာတီကန်၀င်းအတွင်းရှိ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ ဘုရားဖူးများနှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်၌ လာမည့်နှစ် (၂၀၂၄) ခုနှစ် ယခုကဲ့သို့ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးများနှင့်တွေ့ဆုံရာတွင်ပုံမှန်ဘုရားစကားသင်ကြားသွားမည့်ခေါင်းစဉ်ကိုရွေးချယ်မိန့်ကြားသွားသည်။ လာမည့်နှစ်၌ပုံမှန်ဆင်ခြင်သွားမည့်ထောက်ရူချက်၏အကြောင်း အရာမှာ ညဥ်ဆိုးများနှင့်ပါရမီများဖြစ်သည်။ အာဒမ်နှင့်ဧ၀တို့၏သမ္မာကျမ်းစာအဖြစ်အပျက်ကိုအခြေခံ၍ မကောင်းမှုနှင့်နှောက်ယှက်ခြင်းတို့၏အင်အား အဘယ်မျှပြင်းထန်သည်၊ နတ်ဆိုးနှင့်ဆွေးနွေးခြင်းသည်အဘယ်မျှအန္တရာယ်ကြီးသည်ကိုနိဒါန်းပျိုး၍မီးမောင်းထိုးပြထားသည်။ နှောက်ယှက်ခြင်းထဲသို့မကျရောက်မိ အောင်ရုန်းထွက်ရန်အကောင်းဆုံးနည်းလမ်မှာ နတ်ဆိုးနှင့်ဆွေးနွေးခြင်းမပြုရန်နှင့်ငြင်းခုန်ရန်ဖြစ်သည်။ သူသည်ကောက်ကျစ်ပြီး ဥာဏ်နီဥာဏ်နက်များသည်။ နတ်ဆိုးသည်လှည့်စားဖြားယောင်းသူဖြစ်သည်။ ယောင် ၍ပင်စကားစမြည်သွားမပြောလေနှင့်။ သူသည်မကောင်းမှု၌ ကျွန်ုပ်တို့ထက်ပို၍ထက်မြတ်သည်။ ထို့ ကြောင့်ကျွန်ုပ်တို့ကိုချနင်းအသုံးပြုသွားမည်ဖြစ်သည်။

လာမည်နှစ်တစ်နှစ်ပတ်လုံး၌ထောက်ရူဆင်ခြင်မည့်ကျမ်းစာအုပ်မှာကမ္ဘာဦးကျမ်းဖြစ်သည်။ ကမ္ဘာဦးကျမ်းသည် ခရစ်ယာန်သမ္မာကျမ်းစာမှပထမဦးဆုံးကျမ်းစာအုပ်လည်းဖြစ်သည်။ ထို့အတူ မြွေယောင်ဆောင်ထားသောနတ်ဆိုး၏အပြစ်သွေးဆောင်ခြင်းကိုခံရပြီး အပြစ်ကျူးလွန်ခြင်းအကြောင်းကိုလည်းကျမ်း စာ၏အခန်းကြီး (၃) တွင်ဖြစ်ပျက်ခဲ့သည်။ မြွေ၏လိမ်မာပါးနပ်မှုကို သူ၏ပတ်၀န်းကျင်၌ အခါအားလျှော်စွာသတိမထားမိကြပေ။

ကျမ်းစာတော်မြတ်၌ အာဒမ်နှင့်ဧ၀၊ ဧဒင်ဥယျာဉ်၊ ကျွန်ုပ်တို့၏မိဘဦးတို့အနေဖြင့် မြွေသည်ညှင်သာ ပျော့ပြောင်းသည်ဟုမှတ်ထင်ခဲ့သည်။ သို့သော်နတ်ဆိုးသည် နည်းဗျူဟာကြွယ်၀သူ၊ အသွင်းပြောင်းဖန် ဆင်းရာ၌အလွန်ကျွမ်းကျင်လှသူ၊ သံသယပွားအောင်ဖန်တီးတတ်သူ၊ အတင်းအဖျင်းပြောတတ်သောမျက် နှာဖုံးကိုစွပ်ထားသူလည်းဖြစ်သည်။

ကောင်းမကောင်းကိုသိသောအပင်ကိုမတို့မထိ၊ မစားခြင်းဖြင့်ဆင်ခြင်တုံတရားမဲ့စေရန်ဘုရားသခင်ပိတ်ပင်ခြင်းမဟုတ်။ လူသားတို့၏ဥာဏ်ပညာကိုရှိသင့်ရှိထိုက်သည့်အတိုင်းအတာရှိစေရန်သာဖြစ်သည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့အနေဖြင့်မည်မျှပင်တော်တတ်ထက်မြတ်စေကာမူ အတိုင်းအတာရှိကြောင်းကိုအ စဉ်အသိရှိနေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အရာရာအရှင်သခင်ဟူသောမှားယွင်းသည့်အတွေးအမြင်များကိုသတိရှိရမည်။ အဘယ်ကြောင့်ဆိုသော် မာနသည်မကောင်းမှုအားလုံး၏အစဖြစ်သည်။

ဘုရားသခင်သည် အာဒမ်နှင့်ဧ၀တို့အား မစားရန်တားမြစ်ခြင်းသည် အားလုံစုံကိုတတ်နိုင်သည်ဟူ သောအတွေးများ၀င်ခြင်းမှထိန်းပေးရန်ဖြစ်သည်။ သူတို့သည် အကောင်းအဆိုးအားလုံးစုံဖန်တီးခွင့်ရှိသူများဖြစ်သည်ဟူသောအလွှဲများမ၀င်မိစေရန်ဖြစ်သည်။ ထိုအတွေးအခေါ်သည် အပြစ်ထဲကျရောက်ပြီး နောက် ဆက်တွဲကိုယနေ့ထိတိုင်ခံနေရသော်လည်း ထိုစိတ်မျိုးဆက်လက်၀င်နေဆဲ၊ နှောက်ယှက်ခံနေရဆဲဖြစ်နေ သည်။ လူသားတို့၏နှလုံးသားအတွက် အလွန်အန္တရာယ်ရှိသောခြိမ်းချောက်မှုကြီးဖြစ်သည်။

အပြစ်သည် လူသားတို့၏ဘ၀၌ အသံဗလန်ကျယ်လောင်စွာဖြင့်ဖြစ်ပျက်ခဲ့သည်မဟုတ်။ လူသားတစ်ဦး၏စိတ်ထဲ၌ အစောပိုင်းကပင်စွဲမြဲစေကာ ကြီးထွားဖွံ့ဖြိုးလာစေခြင်းဖြင့်နောက်ဆုံး၌သွေးဆောင်ဖြား ယောင်းခြင်းဖြင့်လှောင်ပိတ်မိသွားကြသည်။ ရဟန်းမင်းကြီးသည် ယေဇူးသခင်၏ဖြစ်ပုံကိုပမာပြထားသည်။ ယေဇူးသခင်၏အသက်တာ၌ နတ်ဆိုးကိုတစ်ခါမျှစကားစမြည်မပြောခဲ့ပေ။ မောင်းနှင်ထုတ်ခဲ့သေးသည်။ ယေဇူးသခင်သည် ရက် (၄၀) ၀ါရှောင်ဆုတောင်းပြီးနောက် နတ်ဆိုး၏နှောက်ယှက်ခြင်းကို (၃) ကြိမ်ခံခဲ့ရသည်။ ယေဇူးသခင်သည် အဖက်လုပ်၍လက်ခံတုန့်ပြန်ခဲ့ခြင်းမပြုခဲ့။ ကျမ်းစာလာဘုရားသခင်၏နှုတ်တော် ထွက်စကားများဖြင့်သာပြန်လည်တုန့်ပြန်ခဲ့သည်။

နှောက်ယှက်ခြင်းခံရသောအချိန်၌ စကားမပြောမိစေပါနှင့်။ သင့်နှလုံးသားတံခါးကိုပိတ်လိုက်ပါ။ ပြူတင်းပေါက်ကိုလည်းပိတ်လိုက်ပါ။ သင့်နှလုံးသားကိုလည်းပိတ်လိုက်ပါ။ ဤနည်းအားဖြင့် သွေးဆောင်ဖြားယောင်းခြင်းမှရုန်းထွက်အောင်မြင်နိုင်မည်။ နှလုံးသားကိုစောင့်ရှောက်ပါလော့။ ဤသို့ပြုခြင်းသည် ဥာဏ်အမြှော်အမြင်ရှိကြောင်းပြသခြင်းဖြစ်သည်။ မိမိ၏နှလုံးသားကိုစောင့်ထိန်းသူသည် ရတနာကိုစောင့်ရှောက်တတ်သူနှင့်တူသည်ဟုအကြိမ်ကြိမ်မိန့်ကြားတိုက်တွန်းခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Add new comment

11 + 4 =