တီထွင်ကြံဆပြီး ငြိမ်းချမ်းရေး၏သံတမန်များဖြစ်ကြပါစေ’

တီထွင်ကြံဆပြီး ငြိမ်းချမ်းရေး၏သံတမန်များဖြစ်ကြပါစေ’

ရဟန်းမင်းကြီးဖရန်စစ်သည် ဘဲလ်ဂျီယံမှလူငယ်ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ကျိုးပဲ့ကြေမွနေသောကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၏တမန်များဖြစ်ကြရန်တိုက်တွန်းခဲ့သည်။ ခက်ခဲကြပ်တည်းသောအခြေအနေ၌ တီထွင်ကြံဆတတ်သူများလည်းဖြစ်ကြရန်၊ ယေဇူးသခင်ထံ၌အစဉ်ခိုလှုံကိုးစားရန်၊ သက် ကြီး၀ါကြီးသူများ၏အကြံဉာဏ်ကိုရယူတတ်သူများဖြစ်ကြရန်အကြံပေးခဲ့သည်။

The Church is young
သာသနာတော်ကြီသည် ငယ်ရွယ်နုပျိုသည်။

ဘဲလ်ဂျီယံဘုရားဖူးလူငယ်အဖွဲ့စုစုပေါင်း (၃၀၀) ဦးရှိသည်။ ၄င်းတို့သည် ဘလ်ဂျီယံနိုင်ငံအတွင်း ရှိသာသနာအုပ်စုအသီးသီးမှလူငယ်များဖြစ်ကြသည်။ ရဟန်းမင်းကြီးက ၄င်းတို့အား ‘ကလဲမင်တိုင်းခန်း မ’ ၌တွေ့ဆုံခဲ့သည်။ ရုပ်၀ါဒကြီးစိုးလွှမ်းမိုးနေသောလူမှုအသိုင်းအ၀ိုင်း၌နေထိုင်ကြီးပြင်းလာခဲ့သော် လည်း ၄င်းတို့၏ဆက်ကပ်ခြင်းနှင့်ခရစ်ယာန်ယုံကြည်ခြင်းကိုသက်သေခံနေခြင်းအတွက် ရဟန်းမင်းကြီးကချီးကျူးစကားဆိုခဲ့သည်။ သာသနာတော်ကြီးသည် ပိုမိုကောင်းမွန်ပြီး ငြိမ်ချမ်းသောကမ္ဘာကိုတည် ဆောက်နိုင်ရန် လူငယ်တို့ဖြတ်လတ်တက်ကြွသောလုပ်အားနှင့်ရက်ရောမှုကိုလိုအပ်ကြောင်း၊ သူတို့သည် အမိသာသနာ၏အနာဂတ်သာမဟုတ်။ သာသနာ၏ပစ္စုပ္ပန်လည်းဖြစ်သည်။ သာသနာသည် လူငယ်များကိုလိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သာသနာသည် ပျိုရွယ်သည်။ လူငယ်တို့၏ရက်ရောမှု၊ ပျော်ရွှင်မှု၊ မတူညီသောကမ္ဘာကိုတည်ဆောက်လိုသောလူငယ်တို့၏စိတ်ဆန္ဒနှင့်ညီအစ်ကိုရင်းစိတ်ဓာတ်၊ ငြိမ်းချမ်ရေးနှင့်ကျေအေးသင့်မြတ်လိုသင့်စိတ်ထားတို့ကိုလိုအပ်သည်။

Crises make us grow
ပဋိပက္ခသည် ကျွန်ုပ်တို့အားရင့်သန်လာစေသည်။

အခက်အခဲအရှုပ်အထွေးများကြား၌ ကျွန်ုပ်တို့ရင့်သန်လာကြောင်း၊ ယေဇူးသခင်နှင့်ကျစ်လစ်ခိုင် မာသောဆက်ဆံရေးကိုတည်ဆောက်ရန်၊ ယေဇူးသခင်သည် မည်သည့်အခါမျှကျွန်ုပ်တို့၏အခြေအနေကို စိတ်ပျက်သွားမည့်မိတ်ဆွေမဟုတ်ကြောင်း၊ ယေဇူးသခင်နှင့်တည်ဆောက်ထားသောပတ်သက်ဆက် နွယ်မှုသည် ကျွန်ုပ်တို့၏မပြည့်စုံမှု၊ အားနည်းချက်များကို မကြောက်မရွံ့ဘဲ နှိမ့်ချခြင်းနှင့်လက်ခံတတ်အောင်ကူညီပေးသည်။

သင်တို့အနေဖြင့် အဘယ်သူမျှမယှဉ်သာသောသူရဲကောင်းကြီးဖြစ်ရန်မလိုပေ။ သို့သော် ရိုးသား ပါ။ အမှန်တရားကိုမြတ်နိုးပါ။ လွတ်လပ်စွာရှင်သန်ပါ။ မိမိတို့၏သက်တူရွယ်တူများနှင့်လည်းနီးကပ်စွာရှိ နေတတ်သည့်အလေ့အကျင့်ကိုလည်းမွေးမြူပါ။ အထူးသဖြင့် လူငယ်တစ်ဦး၏ဘ၀ထက်ခက်ခဲကြပ်တည်းသောအခြေအနေကိုရှင်သန်နေရသူများ၊ ရွေ့ပြောင်းနှင့်ဒုက္ခသည်မိသားစုများမှလူငယ်များ၊ လမ်း ဘေး၌ရှင်သန်နေကြသောလူငယ်များ၊ အပယ်ခံ၊ စွန့်ပစ်ခံ၊ အထီးကျန်ခံစားနေရပြီး ၀မ်းနည်းအားငယ်နေ သောလူငယ်များနှင့်လည်းထိတွေ့ရင်းနှီးမှုရှိကြရန်တိုက်တွန်းခဲ့သည်။

Dialogue with the elderly
သက်ကြီး၀ါကြီးများနှင့်စကားစမြည်ပြောပါ။

လူငယ်တို့၏စိတ်ကူးစိတ်သန်းများသည် စစ်မှန်သော၊ ဒွီဟဖြစ်ရန်မလိုသောသာသနာပင်ဖြစ် သည်။ လူငယ်များအနေဖြင့် ပျော်ရွှင်သောခရစ်ယာန်အသိုင်းအ၀ိုင်းကိုတည်ဆောက်ရန်လို အပ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့၏အရင်းအမျှစ်ဖြစ်သော သက်ကြီး၀ါကြီးတို့၏အကြံဉာဏ်များ၊ ၄င်းတို့၏စံထားရသည့်အသက်တာများကိုရယူရမည်ဖြစ်သည်

သက်ကြီး၀ါကြီးများနှင့်စကားစမြည်ပြောခြင်းဖြင့် နေ့စဉ်ကြံတွေ့ဖြတ်သန်းရသောရုန်းကန်မှုများ ကိုမှန်ကန်စွာဖြေရှင်ကျော်လွှားနိုင်မည်ဖြစ်သည်။ သက်ကြီး၀ါကြီးများသည်လည်း ၄င်းတို့၏ယုံကြည်ခြင်းနှင့်ဘာသာရေးခံယူချက်များကိုလည်း ကျွန်ုပ်တို့အားပြန်လည်လက်ဆင့်ကမ်းပေးနိုင်သည်။

Be artisans of peace
ငြိမ်းချမ်းရေး၏အ၀ီစိများဖြစ်ကြပါစေ။

ငြိမ်းချမ်းရေးကင်းမဲ့နေမှုကြောင့် လက်ရှိ၌လူသားများတွေ့ကြုံနေရသောအခက်အများကိုအောင် မြင်ကျော်လွှားနိုင်ငံရန်မှာ ခရစ်ယာန်တရား၏တန်ဖိုးကို လူမှုအသိုင်းအ၀ိုင်းကြား၌ဖြန့်ချီရန်သာဖြစ်သည်။ သင်တို့ကိုယ်သင်တို့အတွက်၊ သင်တို့ပတ်၀န်းကျင်အတွက် ငြိမ်းချမ်းရေး၏အ၀ီစိများဖြစ်ကြပါစေ။ ငြိမ်းချမ်းရေး၏သံတမန်များဖြစ်ကြပါစေ။ ဤသို့ဖြင့် ကမ္ဘာကြီးသည် ချစ်ခြင်း၊ အတူတကွနေထိုင် ခြင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်၊ အေးအတူပူအမျှ‌ေ၀မျှခံထမ်းခြင်း၏အလှတရာကိုတွေ့ရှိသွားပေမည်။

Never tire of being bearers of the Gospel
ဧ၀ံဂေလိတရားကို မမောမပမ်းဘဲသယ်ဆောင်သူများဖြစ်ကြပါစေ။

ရဟန်းမင်းကြီးက လူငယ်ဘုရားဖူးများအားခေတ်ကာလ၏စိန်ခေါ်ချက်များကိုမကြောက်ရန်၊ ရောက်လေရာရာ၌ ဧ၀ံဂေလိတရားကိုမမောမပမ်းကြေငြာဟောပြောသယ်ဆောင်ရန်၊ လောကအပျော် အပါးများကြောင့် အာရုံနှောက်ကာမျက်ခြေများမပြတ်စေဘဲ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သော ယေဇူးသခင်ထံမှလာသော အဓိကကိုသာအာရုံထားရန်လည်းမှာကြားခဲ့သည်။ ရဟန်းမင်းကြီးသည် အဆိုပါလူငယ်ဘု ရားဖူးများအားအမိမယ်တော်၏မိခင်မေတ္တာရိပ်၌အပ်နှံပူဇော်ပေးခဲ့သည်။ ထို့အတူ စိတ်ပုတီးစိပ်ခြင်း၏ အရေးကြီးကြောင်းကိုလည်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OPwISK

Add new comment

6 + 2 =