ဇူလိုင်လ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရန် ရည်ရွယ်ချက်ကတော့ သက်ကြီးရွယ်အိုအတွက် ဖြစ်ပါတယ်။

ဇူလိုင်လ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရန် ရည်ရွယ်ချက်ကတော့ သက်ကြီးရွယ်အိုအတွက် ဖြစ်ပါတယ်။

မိသားစုအကြောင်း ပြောလိုက်ရင် ကျွန်ုပ်တို့အထဲ သက်ကြီးရွယ်အိုတွေရဲ့ အရေးကြီးမှုကို ပြောလေ့ရှိကြပါတယ်။ လူသား သမိုင်းတလျှောက်လုံးမှာ ကျွန်ုပ်တို့ဟာ ဘယ်တော့မှ ဒီလိုမျိုးလူအများကြီး မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီဘဝ အဆင့်အသစ်မှာ ဘယ်လို နေထိုင်ကြမလဲဆိုတာ ကျွန်ုပ်တို့ ရေရေရာရာ မသိကြပါဘူး။ သက်ကြီးရွယ်အိုတွေကို ကူညီဖို့ အစီအစဉ်တွေများပေမဲ့ ရှင်သန်ရပ်တည်ဖို့ စီမံကိန်းတွေက နည်းပါးလှပါတယ်။ ကျွန်ုပ်တို့ သက်ကြီးရွယ်အိုတွေက မကြာခဏဆိုသလိုအထူးဂရုစိုက်ပြီး ချစ်ခြင်းနဲ့ ပြန်လည်သုံးသပ် ကြပါတယ်။ ကျွန်ုပ်တို့ဟာ နူးညံ့သိမ်မွေ့တဲ့ဆရာ ဖြစ်လာပါတယ်။ တကယ်လည်း ဖြစ်နိုင် ပါတယ်။ စစ်မက်တွေနဲ့ ကျင့်သားရနေတဲ့ ဒီကမ္ဘာကြီးမှာ စစ်မှန်စွာ ပြောင်းလဲနိုင်တဲ့ နူးညံ့သိမ်မွေ့ခြင်း ကျွန်ုပ်မှာ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ မျိုးဆက်သစ်တွေအတွက် ကောင်းမွန်စွာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဘိုးဘွားနဲ့ သက်ကြီးရွယ်အိုတွေက ကျွန်ုပ်တို့ကို ပျိုးထောင်ပေးတဲ့ အသက်မုန့်နဲ့ မမြင်နိုင်တဲ့ ဉာဏ်ပညာ ဖြစ်ကြပါတယ်။ အဲဒါကြောင့် သူတို့အတွက် ကျွန်ုပ်တို့ ပွဲကျင်းရပါမယ်။ သူတို့အဖို့ နေ့တစ်နေ့ကို ကျွန်ုပ် သတ်မှတ် ထားပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် ဆုတောင်းပေး ကြပါစို့။ သူတို့ဟာ နူးညံ့သိမ်မွေ့တဲ့ ဆရာသမားတွေ ဖြစ်လာကြစေဖို့၊ သူတို့ရဲ့ အတွေ့အကြုံနဲ့ ဉာဏ်ပညာက လူငယ်တွေကို ကူညီပြီး လူငယ်တွေလည်း အနာဂတ်ကို တာဝန်ယူတတ်ခြင်းနဲ့အတူ မျှော်လင့်ခြင်း ရရှိကြမှာ ဖြစ်ပါတယ်။

✍️ထန်းဟာ SJ

Source: Vatican Media

#rvamyanmar #rvapastoralcare #PopeFrancis #July #popefrancisintentionsforjuly

Add new comment

4 + 0 =