စီးပွါးရေး ဦးဆောင်သူများအနေနှင့် အများကောင်းကျိူးကို မြှင့်တင်ပေးရန်လိုအပ်သည်

စီးပွါးရေး ဦးဆောင်သူများအနေနှင့် အများကောင်းကျိူးကို မြှင့်တင်ပေးရန်လိုအပ်သည် ဩဂုတ်လ ၂၈ရက် နှင့် ၂၉ ရက်တွင် ကကျင်းပခဲ့သည့် ပြင်သစ် စီးပွါးရေး စွန့်ဦးလုပ်ဆောင်သူများစုဝေးသဘင်တွင် ပါပါးဖရန်စစ် က ယနေ့ခေတ် စွန့်ဦးလုပ်ဆောင်သူများ ၏ ရှေ့လုပ်ငန်းစဉ်တာဝန် ဆိုင်ရာ အဓိပ္ပါယ် ကို ပြန်လည် ဖွင့်ဆို ပေးခဲ့သည် ။ထို တွေ့ဆုံပွဲမှာ ပြင်သစ်နိုင်ငံ Longchamp Racecourse တွင် “ စွန့်ဦးစီးပွါး လုပ်ဆောင်သူများ တွေ့ဆုံခြင်း “ ဟု သည့် ခေါင်းစဉ် ဖြင့် MEDEF အဖွဲ့စည်းက ကျင်းပခဲ့သည့် နွေရာသီ ညီလာခံ ပင်ဖြစ်သည်။ ပုတ်ရဟန်းမင်းကြီး ရဲ့ သတင်းစကားကို ဆရာတော်ကြီး Matthieu Rougé of Nanterre က ဖတ်ကြားပေးခဲ့သည်။ ပါပါး၏ မိန့်ကြားချက်အရ ယခုအခါ စွန့်ဦးစီးပွါးလုပ်ဆောင်နေသူများသည် လူထုကို အစေခံသည့် သူများအဖြစ် ရှု့မြင်ခံရပြီး ရဟန္တာ လက်သမားကြီး စိန့် ဂျိူးဇက်၏ ဆက်ခံသူများပင်ဖြစ်သည်။ထို့အပြင် ထိုသူတို့၏ တန်ဖိုးရှိသည့် လုပ်ဆောင် ချက်များ အပေါ် ရဟန်းမင်းကြီးက ချီးကျူး ခဲ့ပြီး ၊ လူသား ဂုဏ်သိက္ခာ ကို ထိန်းသိမ်းရာတွင် သူတို့ လုပ်ဆောင်ချက်များ ၏ အခန်းကဏ္ဍ ကိုလည်း အလေးနက်ထား ပြောကြားခဲ့သည်။ အရေးကြီးဆုံး အနေနှင့်မူ စွန့်ဦးစီးပွါး လုပ်ဆောင်သူများ ၏ အခန်းကဏ္ဍသည် “ အများဘုံ ကောင်းကျိူး အတွက် ဆိုသည့် ခံယူချက်အမြင်ပင်ဖြစ် ကြောင်းအလေးထား ပြောကြားခဲ့သည် ။ ပါပါးက ဆက်လက် ပြောကြားခဲ့သည်မှာ စီးပွါးရေးလုပ်ငန်းရှင် များသည် အများကောင်းကျိူးအတွက် ရှေ့ရှု့လုပ်ဆောင်လျက် တိုးတက်ရေးအတွက် ကြားခံ များ အဖြစ် အလွန် အရေးကြီး သည့် ကဏ္ဍမှ ပါဝင် ကြောင်း၊ စီးပွါးရေးနှင့် လူမှု့အခြေနေများ တိုးတက် စေရုံသာမက ဆင်းရဲသားတို့ ဘဝ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားမျှတ ရေးတို့အတွက် အများအကျိူးကို လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ “စွန့်ဦးစီးပွါး လုပ်ဆောင်သူများသည် နိုင်ငံတော်အတွက် ကြွယ်ဝမှု့ ၊ အလားအလာကောင်းမှု့ နှင့် ကျေးနပ်နှစ်သက်စေမှု့ တို့ကို ဖော်ဆောင် ရန် အကူညီပေးနေသူများပင် ဖြစ်သည့် ဟု ပြောဆိုလျက် “ ပါပါးက သူ၏ ယုံကြည်ချက်ကို ဖော်ပြခဲ့သည်။ “ လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲ နှင့် မတိုင်ခင်က ဖြစ်ပွါးခဲ့သော ရောဂါကပ်ဘေးဆိုး ကြီးတို့သည် စီးပွါးရေးလောက ကြီးကို ပျက်စီးကျဆုံး စေခဲ့သည့် အဓိက အချက်ကြီး ၂ ခုပင် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။ ပါပါး၏ မိန့်ကြားချက် အရ , “ ကုမ္ပဏီ တခု ကျရှုံး ၍ဖြစ်စေ ငွေ ကြေးအခက်အခဲကြောင့် ဖြစ်စေ ပိတ်သိမ်း ရပါက အခြား အလုပ်သမားများနည်းတူ စွန့်ဦးစီးပွါလုပ်ဆောင်သူများသည်လည်း တူညီမျှစွာ ခံစားရကြောင်း၊ သို့သော် မီဒီယာများ အနေနှင့်မူ စီးပွါးရေးပိုင်ရှင်တို့ ခံစားရသည့် သူတို့လက်လှမ်းမမှီနိုင်သည့် အဖြစ်အပျက် ဇာတ်လမ်းအစုံကို မူ ပြည့်ဝ စွာ ဖော်ပြခြင်း မရှိကြပေ “ဟုပင်ဖြစ်သည်။ လူငယ်များကို ယုံကြည်ကြရန်နှင့် လူငယ်များအပါအဝင် လူတိုင်းလူတိုင်းအတွက် အလုပ်အကိုင်များ ဖန်တီး ပေးရမည် ဖြစ်ကြောင်း နှင့် ကြီးမြတ်သည့် ကောင်းကျိူးအတွက် စီးပွါးရေး ဦးဆောင်သူများက ဦီးစားပေးရွေးချယ် ကြရန်ကိုလည်း ပါပါးဖရန်စစ်က တိုက်တွန်း ခဲ့ ပါသေးသည်။ “သင်တို့နှင့် သူတို့သည် အလုပ်ကိုပိုမို ကြိုးစား လုပ်ဆောင်ကြရန် မက်လုံးများစွာရှိနေရခြင်းမှာ သင်တို့၏ ငွေရင်းနှီး မြှုပ်နှံ မှု့သည် အခွန်ဘဏ္ဏာ များပိုမိုတိုးပွါးလာခြင်း အားဖြင့် အလုပ်အကိုင်များပိုမို ဖန်တီး ပေး နိုင်ရန်သာ ဖြစ်သည် အကြောင်းမှာ ဘဏ်လုပ်ငန်းများ ချမ်းသာကြွယ်ဝ ရေးအတွက် ရည်ရွယ် ခြင်းမဟုတ်ဘဲ လူများကို အလုပ်ကိုင်များပိုမို ဖန်တီး ပေးရန်နှင့် လူ့အဆင့်တန်းကို မြှင့်တင်ရန်သာ ရည်ရွယ် ရမည်ဟု” ပါပါးက ရှင်းပြခဲ့သည် ။ နောက်ဆုံးအနေနှင့်ပါပါးက မြွက်ကြားသည်မှာ “ သင်တို့သည်ပင်လျှင် သင့်ကုမ္ပဏီ ၏ မူလအစ ရင်းနှီးမြှုပ်နှံ မှု့ပင်ဖြစ်သည်။ သင်၏ စိတ်ဓါတ်၊ အသိတရား ၊ တန်ဖိုးထားမှု၊ ရှင်သန်ရန် ထက်သန်ခိုင်မာသည့် ဆုံးဖြတ်ချက် နှင့် တရားမျှတမှုရှိလိုသည့် အသိတရားတို့သည် အလွန်ပင်တန်ဖိုးကြီးမားသည့် အရည်အချင်း များပင် ဖြစ် ကြသည်ဟု မြွက်ကြားခဲ့သည်။ ငွေးကြေးထိန်းချုပ်မှုနှင့် အခြားရင်းနှီး မြှုပ်နှံမှုပုံစံ အမျိူးမျိူးတို့သည် လည်း လူသား အကျင့်စာရိတ္တ နှင့် ဝိညာဉ်ရေးဆိုင်ရာ တို့အပေါ် အရေးကြီးကြောင်း မီးမောင်းထိုး ကာပြောကြား ခဲ့သည်။ အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း https://bitly.ws/UkYH

Add new comment

3 + 17 =