စိန့်ဂျော်ကင်းနဲ့ စိန့်အာနား ပွဲနေ့မှာ ပုပ်ဖရန်စစ်ဟာဒေသခံတွေနဲ့ကုသမှုတန်ခိုးရှိတဲ့မြစ်နားမှာတွေ့ဆုံ

စိန့်ဂျော်ကင်းနဲ့ စိန့်အာနား ပွဲနေ့မှာ ပုပ်ဖရန်စစ်ဟာဒေသခံတွေနဲ့ကုသမှုတန်ခိုးရှိတဲ့မြစ်နားမှာတွေ့ဆုံ

ဇူလိုင် (၂၆) သခင်ယေဇူးရဲ့ ဘိုးဘွားတွေ ဖြစ်တဲ့ စိန့်ဂျော်ကင်းနဲ့ စိန့်အာနား ပွဲနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒေသခံ တိုင်းရင်းသားတွေ့နဲ့ ကုသမှု တန်ခိုးရှိတဲ့ မြစ်နားမှာ တွေ့ဆုံချိန် သူတို့ရဲ့ ဝန်ထုပ်တွေကို မြစ်ကမ်းနားမှာ ထားကြဖို့ မိန့်မှာ ခဲ့ပါတယ်။ ဂါလိလဲမြစ်ကမ်းမှာ နေထိုင်ခဲ့သူတွေ သူတို့ လိုအပ်နေတာ မကြောက်ဘဲ အော်ဟစ်တောင်းလျှောက်ခဲ့ကြသလို ကျွန်ုပ်တို့၏ အတွင်း နာကျင်မှုများနှင့်အတူ ဤယနေ့ ကိုယ်တော်ထံသို့ ကျွနိုပ်တို့ ရောက်ရှိလာကြပါသည်။ ကျွန်ုပ်တို့၏ အကျိုးမဲ့ မပြည့်စုံမှု၊ ရုန်းကန်မှုနှင့် အကြမ်းဖက်မှုကြောင့် ရရှိခဲ့ကြသော ကျွန်ုပ်တို့၏ ဒေသခံတိုင်းသား ညီအစ်ကို မောင်နှမတို့၏ ဒဏ်ရာဒဏ်ချက်များကို ကိုယ်တော်ထံ ယူဆောင်လာကြပါ၏။ ငြိမ်းချမ်းမှုနှင့် သဟဇာတရှိသော ဤသန့်ရှင်းသော နေရာ၌ ကျွန်ုပ်တို့ သမိုင်း၏ သဟဇာတမဖြစ်မှုများ၊ နယ်ချဲ့ကိုလိုနီ၏ဆိုးကျိုးများ၊ ဘိုးဘွား၊ ကလေးများနှင့် မိသားစု အများအပြား၏ ဖျက်မရနိုင်သော နာကျင်မှုများကို ကိုယ်တော်ထံသို့ ကျွန်ုပ်တို့ ပူဇော်ဆက်ကပ် ကြပါသည်။ ဤသို့ဖြစ်လာရန် အားထုတ်မှု၊ ဂရုစိုက်မှုနှင့်အတူ လက်တွေ့ကြိုးစားမှု လိုအပ်ကြောင်း ကျွန်ုပ်တို့ သိရှိကြပါ၏။ အိုသခင်၊ ကျွန်ုပ်တို့တစ်ဦးတည်း ဤကဲ့သို့ လုပ်ဆောင်၍ မရနိုင်ကြောင်းကိုလည်း ကျွန်ုပ်တို့ သိရှိကြပါသည်။ ကိုယ်တော်၏ ဘိုးဘွားများနှင့် မိဘများ၏ ကြားဝင်ဆုတောင်းပေးခြင်းကို ကျွန်ုပ်တို့ ယုံကြည်တောင်းခံကြပါ၏။

✍️ထန်းဟာ SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancis #stjoachimandann

Add new comment

8 + 0 =