ဂရုဏာရေးလှိုင်းကိုစီးပြီး ချစ်ခြင်း ရေလွှာလှိုင်းစီး ကစားသူများ ဖြစ်ကြပါ

ဂရုဏာရေးလှိုင်းကိုစီးပြီး ချစ်ခြင်း ရေလွှာလှိုင်းစီး ကစားသူများ ဖြစ်ကြပါ

ပါပါးဖရန်စစ်က ကမ္ဘာ့လူငယ်များနေ့ တွင် ပါဝင်ဆက်ကပ် လုပ်အားပေးခဲ့ကြသည့်လူငယ်များအား ဂရုဏာရေးလုပ်ငန်း လှိုင်းကိုစီးပြီး ချစ်ခြင်း ရေလွှာလှိုင်းစီး ကစားသူများ ဖြစ်ကြပါရန် အလေးအနက်တိုက်တွန်းခဲ့သည်။

ကြီးမားလှသည့် လူငယ်ဘုရားဖူး လှိုင်း လုံး ကြီးကို လုပ်အားပေးလူငယ်များက ရဲရင့်သည့် စိတ်ဓါတ်ဖြင့် ကိုင်တွယ် ထိန်း ကျောင်း နိုင်ခဲ့သလိုပင် “ချစ်ခြင်းကို လှိုင်းစီးကစားသူများ” ဖြစ်ကြပါရန် ပါပါးက ဆက်ကပ် လူငယ်များကို တိုက်တွန်းပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

ဩဂုတ်လ ၆ ရက် တနင်္ဂနွေနေ့ က အန်ဂျေလူးဆိုရာအစ္အစဉ္ တွင် ပါပါးမြွက်ကြားသည်မှာ မီတာ ၃၀၀ ထိတိုင်ကျယ်ပြန့်သည် လစ္စဘွန်းမြို့ တောင်ဘက် Nazare မြို့ရှိ လူလှိုင်းလုံးကြီးကို ရေလှိုင်းစီးကစားသူ၏ နိဗာန်ဘုံ အဖြစ် ပြုလုပ်ရန် စိတ်ကူးတင်စားပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ဆက်ကပ် လူငယ်များတို့သည် ယခု အချိန်၌ ရေလှိုင်းကြီး ဟုတင်စားနိုင်သည့် (ရေမဟုတ်သည့် ဤ မြို့သို့ အုပ်စုချီရောက်ရှိလာကြသည့် ) လူငယ်ထု နှင့် တွေ့ဆုံကြရသည်။

ပါပါးက "ကျွန်ုပ် ပြောလိုသည်မှာ ဆက် လက်ပြီး ချစ်ခြင်း လှိုင်းလုံးကြီးများကို စီးကြပါ၊ ထိုကဲ့သို့ လုပ်ဆောင်ရန်လည်း သင်တို့ကို ကျွန်ုပ်ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်လိုပါသည်။ ကမ္ဘာ့လူငယ်များနေ့ ဆက်ကပ် လုပ်ဆောင်ခြင်းသည် များစွာသော လှိုင်းကောင်းများ ၏ အစဖြစ်စေပါ ၊ သင့်ကို ဘုရားရှင် နှင့် ပိုမိုနီးကယ်လာစေရန် ပိုမိုမြင့်မားရာသို့ ခေါ်ဆောင်သွားပါလိမ့်မည် ဟူ၍ “ ဖြစ်သည်။ ဤနေ့ရက်များကို အမြဲ အမှတ်ရဖွယ် ဖြစ်နေစေရန် သင်တို့သည် ကြိုးစားစွာ လုပ်ဆောင်းပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပြီး ထိုသို့ ပင်ပမ်းခက်ခဲစွာ လုပ်ဆောင်ပေးခဲ့ကြသည့်အတွက်လည်း ချီးကျူးဂုဏ်ပြုပါသည်ဟုဆိုခဲ့သည်။

ထိုသူတိုသည် ယခုကဲ့သို့ လူတိုင်း အတူ တကွစုရုံးပြီး သီဆိုကျူးအေးနိုင်ရန် မိမိတို့၏လုပ်ဆောင်မှုများကို မကြော်ငြာဘဲ တိတ်တဆိတ် ဆက်ကပ်ခဲ့ကြသည်မှာ လပေါင်းများစွာပင်ရှိကြောင်း ရဟန်း မင်းကြီးကပြောကြားခဲ့သည်။

ယေဇူးရှင်သည် ကျွန်ုပ်တို့နှင့် အတူ နေထိုင်လျက် ကျွန်ုပ်တို့ကို တဦးတည်း စွန့်ပြစ်ထားခဲ့မည် မဟုတ်ချေ ဟုလည်း မြွက် ကြားခဲ့သည်။

ရဟန်းမင်းကြီးအရှင်သူမြတ်က ထိုသူတို့၏ ဆက်ကပ်မှု ကို ဇာခေဦးနှင့် တင်စားခဲ့သည် ။ ဇာခေဦး သည် ခရစ်တော်ရှင်ကို တွေဆုံရန် နှင့် သူ၏အိမ်သို့ ဖိတ်ခေါ် နိုင်ရန် အပင်ပေါ်က ဆင်သက်ခဲ့သူ ၊ ယေဇူးရှင်ပြန်တော်မူကြောင်းကို တပည့်တော်ကြီးများအား ပြောကြား နိုင်ရန် သင်္ချိုင်းတော်မှ အလျင်မြန် ပြန်လာပြောခဲ့သူပင် ဖြစ် သည်။ "သူလိုပင် ချစ်ခြင်းဖြင့်ပြည့်ဝသည့် ဆက်ကပ်လူငယ် များသည်လည်း အချီးနှီးအလုပ်မဲ့ ဘေးမှာသာရပ်၍ မနေပါ၊ အစေခံရန် ၊ အစေခံဝတ်ကို ပြုရန် အပြေးလာရောက် ခဲ့သူများဟု “ ရဟန်းမင်းကြီးက သူတို့ကို မှတ်ချက်ပြုပြောကြားခဲ့သည်။

အစည်းအဝေး အချိန်တွင်း၌ လည်းပါပါးက ဆက်ကပ်လူငယ် သုံးဦး၏ အတွေ့ကြုံ သက်သေခံ ဝေမျှခြင်းကို နားထောင်ခဲ့သည်။ ပထမ ဝေမျှသူ Chiara က ဘုရား ရှင်နှင့် အတူရှိနေ့သည့် ဘဝ သည် လုံးဝ ငြီးငွေ့ဖွယ် မကောင်းပေ ၊ ထိုကဲ့သို့ ဖြစ်မည့်အစား စွန့်စားမှု စစ်စစ် ပင်ဖြစ်သည်ဟု သက်သေခံခဲ့ပြီး သူမ အစေခံဝတ်ကို ပြုပေးခဲ့ရသည့် လူငယ်များထံသို့ ယေဇူးရှင်ကို မည်ကဲ့ကို ပေးနိုင်ခဲ့ကြောင်းကို လည်း ပြန်လည် ဖောက်သည် ချခဲ့သည်။

ပေါ်တူဂီနိုင်ငံ မှ ဖရန်စစ္စကို က သူ၏ သက်သေခံချက်ကို ပြန်ပြော ပြရာတွင် ကမ္ဘာ့လူငယ်များနေ့ ( WYD) အတွက် ပြင် ဆင် လုပ်ဆောင်နိုင်ခဲ့သည့်အရာများ နှင့် WYD က လုပ်ဆောင်စေခဲ့သည့် ဆက်ကပ်မှု သည် သူ၏ ဘဝတစိတ်တပိုင်း ဖြစ်လာခဲ့ပြီး ၊ ဘုရားဖူးလူငယ်များ၏ အပြုံးများ နှင့် သီချင်းများ၌ ယေဇူးရှင်ကို ခံစားထိ တွေ့ မိကြောင်း ၊ ကမ္ဘာတဝှမ်းမှ များစွာသော လူငယ်များနှင့် တွေ့ဆုံ နိုင်ရန် အခွင့် ရေးကောင်းကို ရရှိခဲ့ကြောင်း သက်သေ ခဲ့ပြောကြားခဲ့သည်။

နိုင်ငံတော် အခမ်းအနား နှုတ်ဆက်ပွဲကို Figo Maduro စစ်တပ် လေတပ်အခြေစိုက်စခန်း Figo Maduro တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံတော် အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ၊ ကာဒီနယ် ပီရာ့ထရို ဦးဆောင်သည့် ဗာတီကန်အခြွေရံ အဖွဲ့က နိုင်ငံတော် သမ္မတ ၊ ဝန်ကြီးချုပ် နှင့် အာဏာပိုင် အကြီးအကဲများ ၊ပေါ်တူဂီ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ တို့ကို သူတို့ ၏
ဧည့်ဝတ်ကျေ ဖော်ရွေ မှု အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဒီနောက် လေယာဉ် ပေါ်သို့ တက်ရန် ပါပါး သည် ဟိုက်ထရောလစ် ဓါတ်လှေခါး ကို အသုံးပြုခဲ့ ရသည် ။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bitly.ws/Vj6w

Add new comment

1 + 4 =