ချစ်ခြင်းမေတ္တာကို ယုံကြည်ခြင်းအလင်း၌ ပြန့်ပွားစေပါ

ချစ်ခြင်းမေတ္တာကို ယုံကြည်ခြင်းအလင်း၌ ပြန့်ပွားစေပါ

ချစ်ခြင်းမေတ္တာကို ယုံကြည်ခြင်းအလင်း၌ ပြန့်ပွားစေပါ။

ကိုရိုနာကူးစက်ရောဂါပျံ့ပွားမှု၏ အကျိုးဆက်ကြောင့် တရားဒေသနာဟောကြားခြင်းအစီအစဉ်ကိုအဆုံးသတ်သည့်အနေဖြငိ့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကမ္ဘာကြီးဆက်လက်ဒုက္ခရောက်နေသည်နှင့်အမျှ မျှော်လင့်ခြင်းနှင့်ချစ်ခြင်းမေတ္တာလမ်းကြောင်းကိုထောက်ရှုခဲ့ပါသည်။ သခင်ယေရှု၏ တပည့်တော်များအနေနှင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်‌လေးမြတ်ခြင်း မေတ္တာအားဖြင့် လမ်းညွှန်ခြင်းခံရန် မိမိကိုယ်ကိုယ် ခွင့်ပြုပြီး၊ ဆင်းရဲသားများကို ဦးစားပေးခြင်း၊ ပစ္စည်းများကိုအသုံးပြုခြင်းကိုပြန်လည်စဉ်းစားသုံးသပ်ရင်း ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာမြေကို ဂရုစိုက်ခြင်းတို့ဖြင့် သခင်ခရစ်တော်၏ ခြေရာတော်ကို လိုက်လျှောက်ရန်တောင်းဆိုခဲ့ကြပြီးဖြစ်သည်။

"ထိုလမ်းစဥ်ကို ဆက်‌နိုင်ပါစေ"

ပုပ်ရဟန်းမင်းကြီးက ကမ္ဘာကြီးကို ကယ်တင်၍၊ ကုသ‌‌ ပေးကာ၊ လူအပေါင်းတို့ကို လူမျိုး၊ ဘာသာစကား၊ ခွဲခြားခြင်းမရှိဘဲ ကျွန်ုပ်တို့အား စောင့်ရှောက်သော သခင်ယေဇူးကိုယ်‌တော်အား မျက်ခြေမပျက်ကြည့်ရမည်” ဟူသောမျှော်လင့်ချက်ကို ဆက်လက်‌ ဖော်ပြခဲ့သည်။ "၎င်းကိုလုပ်ဆောင်ရန်နှင့် သခင်ခရစ်‌ တော်၏ ခြေရာ‌တော်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့သည် ဘုရားရှင်၏ ရွှေနှလုံးတော်၌ တည်ရှိသော လူသားအားလုံးနှင့်သတ္တဝါခပ်သိမ်းတို့၏ ဂုဏ်အသရေလှပမှုကို စဉ်းစား၍ တန်ဖိုးထားရမည်။' ဟု ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကရှင်းပြခဲ့သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ ဆင်းရဲနွမ်းပါးခြင်း၊ ညီအစ်ကိုတို့၏ ဒုက္ခခံစားခြင်းများ၌ ခရစ်တော်တည်ရှိနေခြင်းကို အသိမှတ်ပြုနိုင်ပြီး၊ သူတို့နှင့်အတူတကွ ရင်ဆိုင်နိုင်ရန်နှင့် သူတို့၏ ငိုသံများကို နားစွင့်လျက်၊ ပဲ့တင်ထပ်နေသည့် ကမ္ဘာမြေကြီး၏ ငိုသံကိုနားထောင်ရန်ပုပ်ရဟန်းမင်းကြီးက နှိုးးဆော်တိုက်တွန်းခဲ့သည်။

“ ပုံမှန်အားဖြင့်၊ ”

သခင်ခရစ်တော်ကို အသိအမှတ်ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပုံမှန်အ‌ ခြေအနေသို့ မရောက်နိုင်သော်လည်း၊ လူ့ဘောင်ကိုပြန်လည်ထူထောင်နိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ပြောကြားခဲ့သည်။ ဤဗိုင်းရပ်စ်ပိုးသည် လူသားတိုကြောင့်ဖြစ်သော မတရားမှု၊ အမြောက်အများကို ပေါ်လွင်စေသည်။ ကျွန်ုပ်တို့သည် ပုံမှန်ဖြစ်သော ဘုရားသခင်၏ နိုင်ငံတည်းဟူသော “ အစားအစာများသည် လူတိုင်းအတွက် သာမက ပိုလျှံစွာရှိနေပြီး၊ လူ့ဘောင်အဖွဲ့အစည်းသည်လည်း မိမိသာပိုင်သည်ဟူသောစိတ်အစွဲထားခြင်း၊ ချန်လှပ်ထားခြင်း၊ မိမိအတွက်သာစု‌ ဆောင်းထားခြင်း မျိုးမဟုတ်ဘဲ ပေးကမ်းစွန့်ကြဲခြင်း၌ ‌အခြေခံသော ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့အား ဖိတ်ခေါ်ခြင်းဖြစ်‌ကြောင်း မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ကူးစက်ရောဂါမှ ကင်းလွတ်နိုင်ရန် ကျွန်ုပ်တို့သည် ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသနိုင်သောဆေးကို ရှာဖွေနိုင်သည်သာမက၊ လူသားနှင့်လူမှုစီးပွားဗိုင်းရပ်စ်များကိုပါ ကုသနိုင်‌သော ဆေးကိုလည်းရှာဖွေရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။

"ချစ်ခြင်းမေတ္တာ ပြန့်ပွားစေလျက်၊, မျှော်လင့်ခြင်းကို ကမ္ဘာအနှံ့တိုးပွားစေခြင်း"

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က“ မျှတ၍ တန်းတူညီမျှသော လူ့ဘောင်သည် ပိုမိုကျန်းမာသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အတွက် ခရစ်တော် တည်ထောင်ဖွင့်လှစ်ပေးခဲ့သော “ နာကျင်ခြင်း၊ အနာရောဂါကင်း‌ ဝေးခြင်း၊ သေခြင်း၊ နာမကျန်းဖြစ်ခြင်းတို့၏ အမှောင်အလယ်၌ ထွန်းလင်းသောနိုင်ငံတော်အတွက် အတူတကွလုပ်ဆောင်နိုင်ကြောင်းမိန့်ကြားခဲ့သည်။ ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအလင်း၌ ပြန့်ပွားစေပြီး၊ ယုံကြည်မှုအလင်း၌ မျှော်လင့်ခြင်းကိုကမ္ဘာအနှံ့ တိုးပွားအောင်လုပ်ဆောင်ကြပါစို့" ဟူ၍ တိုက်တွန်းနှိုးဆော်ကာ တရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3iperdi

 

Add new comment

1 + 0 =