"ခေတ်ရေစီးကြောင်းကို ဆန့်ကျင်၍ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာသနားခြင်းကို ရွေးချယ်ကြပါ။"

"ခေတ်ရေစီးကြောင်းကို ဆန့်ကျင်၍ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာသနားခြင်းကို ရွေးချယ်ကြပါ။"

"ခေတ်ရေစီးကြောင်းကို ဆန့်ကျင်၍ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာသနားခြင်းကို ရွေးချယ်ကြပါ။"

"ပုပ်ရဟန်းမင်းကြီးဖရန့်စစ်" သည် ရဟန္တာအပေါင်းတို့၏ ပွဲ‌ကို ကျင်းပရာ၌ ယုံကြည်သူ ခရစ်ယာန်များအား မိမိတို့ကိုယ်စီနှင့် တစ်ကမ္ဘာလုံး၏ သန့်ရှင်းမြင့်မြတ်သော ခေါ်တော်မူခြင်းကို သတိပေးခဲ့ပါသည်။

"ပုပ်ရဟန်းမင်းကြီးဖရန့်စစ်" က ရဟန္တာအပေါင်းတို့၏ ပွဲ‌ နေ့ကြီး၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအပေါ် အ ခြေခံသော ခရစ်ယာန်တို့၏ ကြီးမြတ်သော မျှော်လင့်ခြင်းကို ထောက်ရှုကြရန် ဖိတ်ကြားခဲ့ပါသည်။

တနင်္ဂနွေ‌နေ့ အန်‌ဂျေလူး မေ တ္တာဆိုရာ၌ မိန့်မှာစကားပြောသောအခါ "ပုပ်ရဟန်းမင်း ကြီး"က "ရဟန္တာအပေါင်းတို့နှင့် သူတော်မြတ်အပေါင်းတို့ သည် ခရစ်ယာန် မျှော်လင့် ချက် ၏ အခွင့်အာဏာအရှိဆုံး သက်သေများအဖြစ်ထောက်ခံအတည်ပြုခဲ့ပြီး၊ သန့်ရှင်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းကို ရွေးချယ်ရန် ကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်ခဲ့ပါသည်။

"ပုပ်ရဟန်းမင်းကြီး"သည် "မင်္ဂလာတရားတော် ရှစ်ပါး" ထဲမှ နှစ်ပါးဖြစ်‌သော "ဒုတိယနှင့် တတိယ မင်္ဂလာတရားတော်"ကို ထောက်ရှုခဲ့ပါသည်။ "သခင်ယေဇူး"သွန်သင်ခဲ့‌သော "ဒုတိယနှင့် တတိယ မင်္ဂလာတရားတော်မြတ်" သည် ယနေ့ကျမ်းချက်တွင် "သန့်ရှင်းမြင့်မြတ်ခြင်း၏ လမ်းစဉ်" အဖြစ် ဖော်ပြထားသည်။ (သံမာတေဦး ၅:၁-၁၂ခ)

"ဒုတိယမြောက် မင်္ဂလာတရားတော်မြတ်"

"ပုပ်ရဟန်းမင်းကြီး"က "မင်္ဂ လာတရားတော်၏ ဒုတိယအချက်"မှာ “စိတ်မသာ ညည်း တွားသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံစားကြရလိမ့်မည်။ စိတ်မသာ ညည်း တွားခြင်းသည် ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်း၏ လက္ခ ဏာမဟုတ်သောကြောင့် ဤစကားများသည် ဆန့်ကျင်နေပုံရသည်။" ဟု "ရဟန်း မင်း ကြီးအရှင်သူမြတ်"က ရှင်းပြခဲ့ပါသည်။ သို့သော် "သခင်ယေဇူး"သည် "နေ့စဉ်ဘဝ အသက်တာ၏ ဆင်းရဲဒုက္ခများ၊ အ ပြစ်များနှင့် ဆင်းရဲဒုက္ခများကြောင့် စိတ်မသာ ညည်းတွားသူများသည် မင်္ဂလာရှိကြ၏။" ဟူ၍ မိန့်ကြားခဲ့သည်။ "ထိုဒုက္ခများအစား မိမိကိုယ်ကို ဘုရားရှင်၏ အရိပ်အာ ဝါသ အောက်၌ ပုံအပ်၍ ယုံကြည်ကြသူများ၊ ထိုနာကျင်စရာများကို ဂရုမစိုက်၊ သူတို့စိတ် နှလုံးကို ခိုင်မာ၍မနေ၊ သို့ သော် ထိုသူတို့သည် ဘုရား ရှင်၏ နှစ်သိမ့်ခြင်းကို စိတ် ရှည်စွာ စောင့်တတ်၏ သူတို့သည် ထိုနှစ်သိမ့်ခြင်းကို သူတို့ဘဝ၌ တွေ့ကြုံခံစားကြရသည်။” ဟုမိန့်ဆိုခဲ့သည်။

"တတိယမြောက် မင်္ဂလာတရားတော်မြတ်"

"ပုပ်ရဟန်းမင်းကြီးဖရန့်စစ်" က "တတိယမြောက် မင်္ဂလာတရားတော်မြတ်"တွင် “စိတ်နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ မြေကြီးကို အမွေခံရလိမ့်မည်။"ဟူ၍ မိန့်ကြားခဲ့သည်။ "သခင်ခရစ်တော်"က "ငါ့ထံမှသင်ယူကြ။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်သဘောရှိ၏။" ဟူ၍ မိန့်တော်မူသည်။ (ရှင်မာတေဦး ၁၁:၂၉)

"ပုပ်ရဟန်းမင်းကြီး"က ဆက်ပြောသည်မှာ "နူးညံ့သိမ်မွေ့သူတို့သည် မိမိကိုယ်မိမိ မည် သို့ထိန်းချုပ်ရမည်ကို သိသောသူ၊ အခြားသူများအတွက် နေ ရာချန်ထားပေးသူများ၊ အခြား သူများကို နားထောင်သူများခြင်း၊ သူတစ်ပါး၏ နေထိုင်မှုပုံစံ သို့မဟုတ် သူတို့၏ လိုအပ်ချက်နှင့် တောင်းဆိုမှုများကို ရိုသေသမှုပြသ လေးစားသူများဖြစ်သည်။”

သူတို့သည် အခြားသူများကို လွှမ်းမိုးရန် (သို့) ဆုတ်ယုတ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း၊ အခြားသူတို့အပေါ်၌ လွှမ်းမိုးခြင်းကိုမပြုလို၊ သူတို့၏ အ တွေးအမြင်များကြောင့် အ ခြားသူများကို မကြပ်တည်းစေလို၊ သူတို့သည် အခြားသူ များ ထိခိုက်နစ်နာစေမည့် အရာများ၌ စိတ်မဝင်စားကြပါ။

ခေတ်ရေစီးကြောင်းကိုဆန့် ကျင်ပါ:--- တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် နူးညံ့သိမ်မွေ့ခြင်း

"ဤကဲ့သို့သော လူများသည် ကမ္ဘာကြီးနှင့်လောက၏ စိတ် ဓာတ်အားဖြင့် တန်ဖိုးထားကြမည်မဟုတ်ပါ။ သို့သော် ထိုသူတို့သည် ဘုရားသခင့် မျက်‌ မှောက်တော်၌ အဖိုးတန်သော သူများဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို ထာဝရအသက်တည်းဟူသော ကတိထားရာပြည်ကို အမွေအဖြစ် ပေသနားသည်။ ဤမင်္ဂလာတရားသည် မိုးကောင်းကင်အောက်မှစ၍ မိုးကောင်းကင်အထက်၌ ပြည့်စုံသည်။"

"အထူးသဖြင့် ဤကဲ့သို့သော အချိန်မျိုး၌ ကမ္ဘာပေါ်တွင် ရန် လိုမှုများ များပြားလာ၍ နူးညံ့သိမ်မွေ့ခြင်းသည် နှိမ့်ချခြင်းနှင့် သနားကြင်နာခြင်းဖြင့် ရှေ့ဆက်သွားရန် လမ်း ကြောင်းဖြစ်သည်" ဟူ၍ လည်း ထပ်မံ မြွက်ကြားခဲ့ပါသည်။

ထို့ကြောင့် "ပုပ်ရဟန်းမင်း ကြီး အရှင်သူမြတ်"ကဖြူ စင်‌ သော အသက်တာ၊ နူးညံ့သိမ် မွေ့ခြင်းနှင့် သနားကြင်နာ သော အသက်တာကို ရွေးချယ်ရှင်သန်ကြရန် ယုံကြည်သူ များ အား တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ "စိတ်ဝိညာဉ် နှိမ့်ချခြင်းနှင့် ဆင်းရဲခြင်း၌ ဘုရား သခင်ထံ မိမိကိုယ်ကို အပ်နှံရန်လျက်" ဆိုလိုသည်မှာ "လောက၏စိတ်ဓာတ်ကို လေးစားလျက် ခေတ်ရေစီး ကြောင်းကို ဆန့်ကျင်၍သွားရန်၊ ပိုင်ဆိုင်မှုဟူ‌သော အဓိပ္ပါယ်မဲ့သောပျော်ရွှင်မှု၊ အားနည်းသောသူကို ဆန့် ကျင်၍ အနိုင်ယူလိုသော စိတ် ကြီးခြင်း ဟူသော ယဉ်ကျေး မှုတို့ကိုလည်း လေးစားလျက် သွားရမည်ဖြစ်ကြောင်း" ရှင်းပြခဲ့ပါသည်။

တစ်ဦးချင်းနှင့် တစ်လောကလုံးဆိုင်ရာ သန့်ရှင်းမြင့်မြတ်ခြင်းသို့ ခေါ်တော်မူခြင်း

"ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်"က "ဧဝံဂေလိလမ်း ကြောင်းသည် ရဟန္တာများနှင့် သူတော်မြတ်များက ဖြတ်ကျော်နင်းလျှောက်ခဲ့ပြီး၊ယနေ့ တွင် ရဟန္တာများအား ဂုဏ်ပြုခြင်းဟူသော ပွဲနေ့ကြီးအခမ်း အနား ဖြစ်လာခြင်းသည် ကျွန်ုပ်တို့ တစ်ဦးချင်းနှင့် တစ်လောကလုံးဆိုင်ရာ သန့်ရှင်းမြင့်မြတ်ခြင်းသို့ ခေါ်တော်မူခြင်းကို သတိပေး၍ လူအယောက်ချင်းစီသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုဆန္ဒအတိုင်း ထူးခြား၍ ပြန်ပြောပြမရနိုင်သော လမ်း စဉ်ကို လျှောက်လှမ်းနေသော သေချာသော စံနမူနာကို ပုံဖော်ပေးနေကြောင်း" မိန့်ကြား၍ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန်-Sr.Lucy Ciang,SJA

https://bit.ly/2TRTkX0

Add new comment

6 + 8 =