ခရစ်ယာန်ယုံကြည်သက်ဝင်မှုသည် ကမ္ဘာကြီးကို မြင့်မားသည့် တံတိုင်းကြီးနှင့် ကာစီးပိတ်စို့ ထားသည့် ခံတပ်ကြီး နှင့် မတူသင့်ပါ

ခရစ်ယာန်ယုံကြည်သက်ဝင်မှုသည် ကမ္ဘာကြီးကို မြင့်မားသည့် တံတိုင်းကြီးနှင့် ကာစီးပိတ်စို့ ထားသည့် ခံတပ်ကြီး နှင့် မတူသင့်ပါ ( ပေါ်တူဂီ ကျောင်းသားများကို ပါပါး မှ မိန့်ကြား) “ခရစ်တော်၏ လူ့ဇာတိအဖြစ်ကို ခံယူတော်မူခြင်းမရှိပါက ခရစ်ယာန်ယုံကြည်ကိုးကွယ်မှု သည် အယူဝါဒသက်သက်မျှသာ ဖြစ်နေမည်ဟု “ ရဟန်းမင်းကြီးမှ ပြောကြားခဲ့သည် ။ လစ်စဘွန်းမြို့ရှိ Universidade Catholica Portuguesa မှ ကျောင်းသားများအား နှုတ်ခွန်းဆက်စကား ပြောကြားစဉ် ဤကဲ့သို မှတ်ချက် ပြုခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးက “ ယေဇူးခရစ်တော်ရှင် ၏ လူ့အဖြစ်ယူခြင်းသည် အမျိူးသား အမျိူးသမီး နှင့် ညီအကိုမောင်နှမ တယောက်တိုင်းစီ အားဖြင့် ခရစ်တော်ရှင် ဖော်ပြပေးသော အလှတရားကို လူသားတိုင်း အံ့ချီးဖွယ် ခံစားနိုင်စေသည်။ ခရစ်ယာန်သက်ဝင်မှုသည် ကမ္ဘာကြီးကို အပြင်ဘက်သို့ ထုတ်ပါယ်ထားရန် မြင့်မားစွာကာရံထားသည့် ခံတပ်တံတိုင်း ကဲ့သို့ မဟုတ်သင့်ပေ။ ခေတ်အဆက်ဆက်၌ပင်အရေးကြီးသည့် တာဝန် မှာမူ ခရစ်တော်ရှင်၏ လူ့အဖြစ်ယူခြင်း ကို ပြန်လည်ဖော်ထုတ်ရန်ပင် ဖြစ်သည်။ “ခရစ်တော်ရှင်ကို ဖယ်ရှားထားပါမူ ရေရှည် တည်မြဲသည့်အနာဂါတ်ကို ပိုင်ဆိုင်သည့် ကမ္ဘာကြီး ဖြစ်မလာနိုင်ကြောင်း” ပါပါး ဖရန်စစ်က ထပ်လောင်းပြောဆိုခဲ့သည် ။ တက္ကသိုလ် ကျောင်းသားများကို အားပေးစကား ပြောကြားရာတွင် ပါပါးက “ မိမိတို့ပြုလုပ်ထားသည့် ရွေးချယ်မှု များအားဖြင့် ကိုယ်တိုင်၏ယုံကြည် ခြင်းကို စိတ်ချယုံကြည် နိုင်အောင် လုပ် ဆောင်ကြပါရန်ပင်ဖြစ်သည်။” အကြောင်းမှာ ယုံ ကြည်ခြင်းသည် မိမိလူနေမှုဘဝပုံစံ ၌ ရောင်ပြန်ဟပ်အောင် မစွမ်းဆောင်နိုင်ပါက ကမ္ဘာကြီးကို သွေ့ခြောက်သော အခြေနေ မှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် တိုင်းသည် ဝမ်းမြောက်ဖွယ်ရာ သမ္မာကျမ်းစာ တော်မြတ်၏ အရင်းအမြစ် ဖြစ်သည့် လှပသောသတင်းကောင်းကို အမြဲ ရောင်ပြန်ဟပ်စေရန် ခေါ်တော်မူခြင်း ခံရကြသည်ဟု “ ပါပါးက မြွက် ကြား ခဲ့သည်။ ရဟန်းမင်းကြီးက စုရုံးရောက်ရှိ နေကြသည့် ကျောင်းသားများအား ဆက်လက်မြွက်ကြားချက်မှာ “ သူတို့သည် မိမိဘဝဇာတ်ခုံပေါ် ကပြရာတွင် ကိုယ်တိုင်ကကွက် အသစ်များ ဖော်ဆောင်ရန် လိုအပ်သည် ဟု” ပင်ဖြစ်သည်။ ကက်သလစ် တက္ကသိုလ်မှ ပါမောက္ခ Isabel Capeloa Gil ပြောကြားခဲ့သည့် “ ကက်သလစ် တက္ကသိုလ် တခုသည်အသက်မွေးဝမ်း ကျောင်းတခု သက်သက် အတွက်သာ တည်ရှိနေစေရန်ထိန်းသိမ်းရန်မဟုတ်ပဲ ၊ လက်ရှိ အချိန်နှင့် အနာဂါတ် ၏ စိန်ခေါ်မှုများကို သတ္တိရှိစွာ တုန့်ပြန်နိုင်ရန် လိုအပ်ကြောင်း “ ဆိုသည့် အချက်အပေါ် တုန်ပြန်ဖြေကြားရာ၌ ရဟန်းမင်းကြီးက ကိုးကား ပြောကြားခဲ့ ခြင်းဖြစ် သည်။ လူငယ်များ အနေ ဖြင့် စွန့်စားမှုများ လုပ်ဆောင်ရယူကြရန်လည်း တိုက်တွန်းအားပေးခဲ့သည်။ ဤအချိုးအကွေ့ကာလ တွင် ကမ္ဘာကြီးရင် ဆိုင်နေရသည့် စိန်ခေါ်မှုများသည် အလွန် ကြီးမားလှကြောင်း ထောက်ပြခဲ့ပြီး တတိယကမ္ဘာစစ်၏ တစိတ်တပိုင်း ကိုလည်း ကိုးကား ဖော်ပြမှု ပြုခဲ့သည်။ “ဒါပေမယ့် ၊ ကျွန်ုပ်တို့သည် ဒုက္ခဝေဒနာ ခံစားနေခြင်းမဟုတ်ကြောင်း ကို ခံစားသိရှိပြီး အသစ်တဖန်မွေးဖွားရင်း အရဲစွန့် လုပ်ဆောင်ရန် တွေးတောစဉ်းစား ကြပါစို့ ။ အဆုံးသတ်ကာလ မဟုတ်ကြောင်း၊ ကြီးကျယ်လှသည့် ဘဝဇာတ်ခုံ၏ အစ ပင်ဖြစ်ကြောင်း “ ပါပါးက The Republic Marcelo Rebelo de Sousa ၏ သမ္မတ ကိုယ်တိုင်ပါဝင်သည့် စုဝေး နေကြသည့် လူအုပ်ကြီးကိုမြွက် ကြားခဲ့သည် ။ လူငယ်များ အနေနှင့် အားပြင်းထန်သည့် နှောက်ယှက် ခြင်း တခု ဖြစ်သည့် မိမိ အတွက်သာ ထိန်းသိမ်းကာကွယ် လိုစိတ်မှ ဝေးဝေး နေရန် သတိပေး ပြောကြားခဲ့ပြီး ဤကဲ့သို့ လုပ်ဆောင်ချက်သည် ကြောက်ရွံ့မှုကို အမှုမဲ့အမှတ် မဲ့ တုန့်ပြန်မိသည့် အခြေနေတခု ပင်ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။ အသင်းတော် အတွင်း အမျိူးသမီးများ၏ အခန်းကဏ္ဍနှင့် သူတို့၏ အစေခံ မှုသည် မည်မျှပင် အရေးကြီးကြောင်းကိုလည်း မီးမောင်း ထိုးပြခဲ့သည် ။ ကက်သလစ် တက္ကသိုလ် တခုဖြစ်သည့် Universidade Portuguesa ၏ အကြီးကဲများအဖြစ် ပါဝင် လုပ်ဆောင်နေကြသည့် အမျိူးသမီးများ၏ အစေခံ မှုနှင့် ဆက်နွှယ် ပြီး ပြောကြားခဲ့ ခြင်း ဖြစ်ပြီး ၎င်း တက္ကသိုလ် သည် ကက်သလစ်ကမ္ကာ၌ ထင်းရှားသည့် အမျိူးသမီး ရဟန္တာ ၂ ဦး ဖြစ်သည့် Francis နှင့် Clare တို့ ကို ဂုဏ်ပြု မှည့်ခေါ်ထား သည့် တက္ကသိုလ် ပင် ဖြစ်သည်။ “အမျိူးသမီးများ ၏ ပါဝင် အစေ ခံ မှုသည့် အလွန့်အလွန်ပင်အရေးကြီးကြောင်း ၊ အမှန်တကယ်မူ ၊ သမ္မာကျမ်းစာ ထဲ ၌ ပင် မိသားတစု ၏ စီးပွါးရေး အခြေနေသည် အမျိူးသမီးများ ၏လက်ထဲ တွင် ကြီးမားစွာ တည်ရှိနေကြောင်း ဖော်ပြခဲ့သည်။ သူမသည် သာ လျှင် အမျှော် အမြင် ကြီးမားစွာ မိသားစု ကို အုပ်ချုပ်သည့် စစ်မှန်သည့် အုပ်ချုပ်သူ သာ ဖြစ်သည်။ သူမသည် အကျိူးအမြတ် ကိုသာ မျှော်လင့် ၍ မဟုတ်ဘဲ လူသားအားလုံး၏ ကာယ နှင့် ဝိညာဉ် နှစ်ဖြာ ကောင်းမြတ် ခြင်းအတွက် ဂရုပြုစောင့်ရှောက် လျက် ဆင်းရဲ သား တို့နှင့် သူစိမ်းတို့ အား မျှဝေ ပေးနေသူများ ဖြစ်ကြသည်ဟု “ ပါပါးဖရန်စစ်မှ မြွက် ကြားခဲ့သည်။ အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း http://bitly.ws/Rsp5

Add new comment

1 + 0 =