ကမ္ဘာကြီးကိုကုသပေးဖို့အတွက် သင်ကြားခြင်း

ကမ္ဘာကြီးကိုကုသပေးဖို့အတွက် သင်ကြားခြင်း

ကမ္ဘာကြီးကိုကုသပေးဖို့အတွက် သင်ကြားခြင်း

"ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"သည် ဇူလိုင်လ ရပ်နားချိန် ပြီးသည့်‌နောက် အပတ်စဉ် ပရိသတ်များအား တွေ့ဆုံခြင်းကို ပြန်လည်စတင်ရာ၌ "ခရစ်ယာန်တို့၏ မွန်မြတ်သော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်‌လေးမြတ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ခေတ်ကာလ၏ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ဝိညာဉ်ရေးရာအားနည်းချက်များကိုကုသပေးရန်တတ်စွမ်းနိုင်သည်" ဟု မိန့်ကြားခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့မနက်ခင်းတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် တမန်တော်များ၏ စာကြည့်တိုက်မှ "ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခြင်းသည် လူများကို ရောဂါကူးစက်စေပြီး၊ များပြားလှ‌သော လူတို့၏အသက်ကို ဆုံးရှုံးစေသည်။ အထူးသဖြင့် မသေချာမရေရာသော လူမှုစီးပွါးရေးပြဿနာများအလယ်တွင် ဆင်းရဲသားများသည် ရင်ဆိုင်နေကြရသည်။ ထိုသို့သော ဒုက္ခများအစား ရှင်လုကာခရစ်ဝင်ကျမ်း၌ သခင်ယေဇူး အာမခံထားသကဲ့သို့ ဘုရားသခင့်နိုင်ငံတော်၏ ကုသခြင်းနှင့် ကယ်တင်ခြင်း တည်ရှိနိုင်ကြောင်း ယုံကြည်သူများအား မိန့်ကြားခဲ့ပါသည်။

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်းမေတ္တာတို့အားဖြင့် ကုသခြင်း ကရုဏာလုပ်ငန်းများဖြင့်ဖော်ပြသော တရားမျှတခြင်းနှင့် ငြိမ်ချမ်းခြင်း နိုင်ငံတော်သည် ယုံကြည်ခြင်းကို တိုးပွားခိုင်မာစေသည်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်းမေတ္တာမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကုသပေးရုံသာမက ကျွန်ုပ်တို့အား ကုသသူများဖြစ်စေသည်။ ဤပါရမီများသည် “ကျွန်ုပ်တို့အချိန်အခါ၏ ကြမ်းတမ်းခက်ထန်‌သော ဘဝ‌ရေကြောင်းလမ်းတွင် သွားလာ‌နေချိန်၌ပင် ကျွန်ုပ်တို့အား နယ်ပယ်သစ်တစ်ခုကို ဖွင့်ပေးသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က “ဧဝံဂေလိတရားတော်၏ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်‌လေးမြတ်ခြင်း" တို့နှင့် ပြန်လည်ဆက်သွယ်ခြင်းသည် ကျွန်ုပ်တို့အား ရုပ်ပိုင်းဆိုင်ရာအားနည်းခြင်း၊ လူသားကမ္ဘာမျိုးနွယ်စုနှင့် ကမ္ဘာကို ခြိမ်းခြောက်နေသော တစ်ဦးနှင့်တစ်ဦးကို ကွဲပြားပျက်စီးစေသည့် အကျင့်ဓလေ့များကိုပြောင်းလဲစေနိုင်သည်" ဟု ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြားခဲ့ပါသည်။

ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ဝိညာဉ်ရေးရာ ကုသမှု ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဆက်လက်မိန့်ကြားထားသည်မှာ "သခင်ခရစ်တော်သည် သူ၏ အံ့ဖွယ်တန်ခိုးတော်များထဲမှ" ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကိုသာမက လူတစ်ဦးလုံးကို ကုသ‌ပျောက်ကင်း‌စေသည်” ဟု မှတ်ချက်ချခဲ့သည်။ “လူကို အသိုင်းအဝိုင်းသို့ ပြန်ရောက်စေခြင်းအားဖြင့် သူသည် လူကို တသီးတခြားဖြစ်ခြင်းမှ လွတ်မြောက်စေသည်” ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က အထူးသဖြင့်သခင်ခရစ်‌တော်၏ အထံတော်သို့ ခေါင်မိုးပေါက်မှတစ်ဆင့် ချခံရသည့် "ကာပင်နာအုမ် (Carpernaum)"မြို့၌ လေဖြတ်ရောဂါ ပျောက်ကင်းစေခြင်းကို အဓိကအာရုံထား၍ ပြောကြားခဲ့သည်။ သူတို့၏ ယုံကြည်ခြင်းသည် သခင်ခရစ်တော်၏ ရွှေစိတ်တော်ကို ပြောင်းစေခဲ့ပြီး လေဖြတ်နေသောသူအား "ငါ့သား၊ သင်၏အပြစ်ကိုလွတ်စေပြီ” ဟု ဦးစွာမိန့်ကြားခဲ့သည်။ ထို့နောက် သခင်ခရစ်တော်သည် မြင်သာသော နိမိတ်လက္ခဏာတစ်ခုအနေဖြင့် “ထ‌လော့၊ သင်၏ဖျာကိုယူ၍ အိမ်ပြန်လော့” ဟု ထပ်၍မိန့်ကြားခဲ့သည်။

"သခင်ခရစ်တော်၏ လုပ်ဆောင်ရွက်မှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို သူ့ထံ၌ မျှော်လင့်ချက်ထားရှိကြရန်နှင့် သူတို့အချင်းချင်းပြသ‌‌သော ချစ်ခြင်းမေတ္တာအား တိုက်ရိုက်တုန့်ပြန်မှုတစ်ခု ဖြစ်သည်။ သခင်ခရစ်တော်သည် လေဖြတ်ရောဂါကို ကုသပေးရုံမျှမက ထိုသူ၏အပြစ်များကို ခွင့်လွှတ်‌ပေးပြီး၊ သူတို့သည် တဖန်မွေးဖွားလာသကဲ့သို့ သူနှင့်သူ၏မိတ်ဆွေများ၊ ဘဝများကိုလည်း အသစ်ပြုပြင်ပေးသည်။ "၎င်းသည် ရုပ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ရေးရာ အနာရောဂါငြိမ်းစရာ၊ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးဆက်နွယ်မှု အသီးအပွင့်ဖြစ်သည်" ဟု ပုပ်ရဟန်းမင်းကြီးက သခင်ယေ‌ဇူး၏ တွေ့ဆုံမှုနှင့် သူ၏ကုသခြင်းလုပ်‌ဆောင်မှုသည် ၎င်းအိမ်၌ ခင်မင်ရင်းနှီးမှုနှင့် ယုံကြည်ခြင်းတိုးပွားရန် မည်မျှပင်ကူညီပေးခဲ့ကြောင်း အံ့သြလျှက် မိန့်မြွက်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ယုံကြည်သူခရစ်ယာန်များအား "ဝိညာဉ်နှင့် ကိုယ်ခန္ဓာ၏ ဆရာဝန်ဖြစ်သော သခင်ယေဇူး၏ တပည့်များအနေနှင့် ကျွန်ုပ်တို့သည် ရုပ်ပိုင်း၊ လူမှုရေးနှင့် ဝိညာဉ်ရေးရာ အသိတရားများ၌ "သခင်ယေဇူး၏ ကုသခြင်းနှင့် ကယ်တင်ခြင်းအမှု" ကိုဆက်လက်လုပ်ဆောင်ရန် ကျွန်ုပ်တို့သည်လည်း ခေါ်တော်မူခြင်းခံရကြောင်း" သတိပေးမှာကြားခဲ့ပါသည်။ အသင်းတော်၏ လူမှုရေးသင်ကြားမှု အသင်း‌တော်သည် စက္ကရမင်တူးမင်္ဂလာများမှတစ်ဆင့် ခရစ်တော်၏ ကုသမှုကိုခံယူပြီး၊ ကမ္ဘာအစွန်းဖျားထိတိုင် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးသော်လည်း ရောဂါကူးစက်မှုကိုကာကွယ်ခြင်း (သို့မဟုတ်) ကူးစက်‌ရောဂါ ကုသခြင်းတွင် အသင်းတော်သည် ကျွမ်းကျင်သူ မဟုတ်ကြောင်းနှင့် လူမှုရေး၊ နိုင်ငံရေးနည်းပေးလမ်းပြမှုများ အထူးတလည်မပေး‌ ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးစိန့်ပေါလ် (၆) မှ ထောက်ပြခဲ့သည့်နည်းတူ ဤအလုပ်သည်နိုင်ငံရေးနှင့် လူမှုရေးခေါင်းဆောင်များ၏ လုပ်ငန်းဖြစ်သည်။ သို့သော် ရာစုနှစ်များတစ်လျှောက်၊ အသင်းတော်သည် ဧဝံဂေလိတရား‌တော်၏ အလင်း‌တော်အားဖြင့် ကျွန်ုပ်တို့လိုအပ်သော အနာဂတ်ကိုပြင်ဆင်ရာတွင် ‌ရှေ့တိုးရန် အထောက်အကူပြုသည့် အခြေခံလူမှုရေးကျင့်စဉ်များကို ဖော်ထုတ်ခဲ့သည်။

"လူတစ်ဦး၏ဂုဏ်သိက္ခာ၊ သာတူညီမျှအကျိုးကျေးဇူး၊ ဆင်းရဲသားများအတွက် ဦးစားပေးရွေးချယ်မှု၊ ကုန်ပစ္စည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်၊ စည်းလုံးညီညွှတ်မှု၊ ထောက်ပံ့ခြင်း၊ ကျွန်ုပ်တို့၏ဘုံနေအိမ်ကို ဂရုစိုက်ခြင်း စသည်တို့သည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်း စသည့်ပါရမီများကို ဖော်ပြပေးသည်" ဟု ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် လာမည့်သီတင်းပတ်များ၌ ခရစ်ယာန်များအား ဤရောဂါနှင့် ရောဂါကူးစက်ပြန့်ပွားခြင်း၊ အထူးသဖြင့်လူမှုရေးပြဿနာများနှင့် ပတ်သက်၍ သူနှင့်အတူပြန်လည်သုံးသပ်ရန် ဖိတ်ခေါ်ထားသည်။ ၎င်းသည် ဘာသာရေးယုံကြည်ခြင်း၊ ဆိုင်ရာပါရမီများနှင့် အသင်းတော်၏ လူမှုရေးသွန်သင်ချက်အခြေခံမူဝါဒတို့၏ တခုတည်းသော ဧဝံဂေလိတရား‌တော်၏ အလင်းဖြစ်လိမ့်မည်။ ယနေ့လူမှုရေးပြဿနာများကို အလင်းပေးပြီးအနာဂတ် သားစဉ်မြေးဆက်များအတွက်အနာဂတ် မျှော်လင့်ချက်တည်ဆောက်ရာ၌ အထောက်အကူပြုနိုင်မည်" ဟု ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မျှော်လင့်ကြောင်း မြွတ်ကြားခဲ့ပါသည်။

ပရိသတ်များအား တွေ့ဆုံနေချိန် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့၌ သဘာဝဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသောသူများနှင့် ၄င်းတို့၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/34d0M5C

Add new comment

12 + 5 =