လက်ဘနွန်နိုင်ငံအတွက်၀ါရှောင်ဆုတောင်းပေးရန်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

 လက်ဘနွန်နိုင်ငံအတွက်၀ါရှောင်ဆုတောင်းပေးရန်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

 လက်ဘနွန်နိုင်ငံအတွက်၀ါရှောင်ဆုတောင်း ပေးရန်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

လာမည့်ပထမသောကြာနေ့၌လက်ဘနွန်နိုင်ငံအတွက်၀ါရှောင်၊ ဆုတောင်းခြင်းပြုပေးကြရန်ပြီး ခဲ့သောဗုဒ္ဓဟူးနေ့ကရဟန်းမင်းကြီးဖရန်စစ်သည်မေတ္တာရပ်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့ သောဩဂုတ် (၄) ရက်နေ့ကအလွန်ဆိုးရွားပြင်းထန်လှသောပေါက်ကွဲမူကြီး (၄) ခုနိုင်ငံ၏မြို့တော်ဘေ ရွတ်မြို့၌ဖြစ်ပွားခဲ့သည့်မှစ၍စီးပွားရေးအကြပ်အတည်းနှင့်နိုင်ငံရေးပဋိပက္ခာများကြီးထွားလာနေသည်။ ထိုအဖြစ်အပျက်ဖြစ်ခဲ့သည်မှာတစ်လပြည့်သွားပြီဖြစ်သော်လည်းရဟန်းမင်းကြီးအနေဖြင့်ထိုပေါက်ကွဲမူ ကြီးဖြစ်ပွားခဲ့သောဒေသရှိပြည်သူများအတွက်စိုးရိမ်မကင်းဖြစ်နေရသည်။

အစိုးရသည်လည်းအဘယ်သူ၏ အကူအညီကိုမျှတောင်းခံခြင်မပြုဘဲကိုင်တွယ်ဖြေရှင်းနေသည့်အဖြစ်ကြောင့်ဤသို့ပန်ကြားမေတ္တာရပ်ခံရ ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့ကဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့ဆုံစဉ်၌ရောမမြို့၌ပညာသင်ကြားနေ သောလေဘနွန်နိုင်ငံမှဘုန်းတော်ကြီးတစ်ပါးလည်းရှိနေခဲ့ပြီး၊ နိုင်ငံပိုင်အလံကိုလွှင့်ထူကာရဟန်းမင်းကြီး ၏ဘေး၌ရပ်နေခဲ့သည်။

လွှတ်လပ်မူနှင့်အသွင်ကွဲပြားမူ

(၁၉၈၉) ခုနှစ်ကရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ ‘လက်ဘနွန်သည်အထီးကျန်စွာမေ့ပစ်ထား ၍မရ’ ဟုတောင်းဆိုခဲ့သောတောင်းဆိုချက်ကိုပြန်လည်မှီငြမ်းတောင်းဆိုထားပြန်သည်။

ရောမမြို့၌စာသင် နေသောလက်ဘနွန်နိုင်ငံသားဘုန်းတော်ကြီးအားသူ၏နိုင်ငံပိုင်အလံကိုလွှင့်ထူကိုင်ဆောင်စေကာ ရဟန်း မင်းကြီး၏ဘေး၌ရပ်စေခြင်းဖြင့် ရဟန်းမင်းကြီးသည်အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်အဘယ်မျှနီးကပ်စွာရှိ နေကြောင်းကိုပြသခဲ့သည်။ လက်ဘနွန်သည်မျှော်လင့်ချက်သန်းသောနိုင်ငံဖြစ်သည်။ နိုင်ငံသားတို့၏ဘု ရားအပေါ်ထားရှိသောခိုင်မာလှသည့်ယုံကြည်ခြင်းကိုလည်းဂုဏ်ယူကြောင်း၊ ဤသို့ပဋိပက္ခာများနှင့်ကြုံရ သော်လည်းသီးခံခွင့်လွှတ်ပြီး၊ အချင်းချင်းလေးစားကာ အတူတကွညီညွှတ်စွာနေထိုင်ကြသည်။ လက်ဘနွန်သည် အရှေ့နှင့်အနောက်အတွက် လွှတ်လပ်ခြင်း၏သတင်းစကားဖြစ်ပြီး၊ အသွင်ကွဲ ပြားခြင်း၏ပြယုဂ်ဖြစ်သည်။ နိုင်ငံနှင့်ကမ္ဘာကောင်းစားရေးအတွက်ဤအမွေအနစ်ကိုအပျောက်ခံ၊ အဖျက် ဆီးခံ၍မဖြစ်။ ကိုဗစ် (၁၉) ကပ်ဆိုးကြီးမဖြစ်ပွားမီကပင် လက်ဘနွန်နိုင်ငံသည်စီးပွားရေးအကြပ်အတည်း ကိုကြုံတွေ့နေခဲ့ပြီးဖြစ်သည်။ ထိုအကြပ်အတည်းကြောင့်ပင်အစိုးရဖြုတ်ချရေးကိုလည်းယင်ခင်နှစ်ကဆင် နွှဲခဲ့ကြသည်။ ယခုအခါနိုင်ငံ၏လူဦးရေထက်၀က်ကျော်သည်ချို့တဲ့နွမ်းပါးမူအောက်ဆုံးအဆင့်တွင်ရောက် ရှိနေသည်။ သုံးသပ်တွေ့ရှိချက်အရယခုကြုံနေရသောအကြပ်အတည်းသည် (၁၉၇၅-၁၉၉၀) (၁၅) နှစ် ကြာခဲ့သောပြည်တွင်းစစ်ကာလကထက်ဆိုးရွားနေသည်ကိုတွေ့ရှိရသည်။

နိုင်ငံရေးနှင့်ဘာသာရေးခေါင်းဆောင်များအားမေတ္တာရပ်ခံခြင်း

ရဟန်းမင်းကြီးသည်လက်ဘနွန်နိုင်ငံသားများအား မျှော်လင့်ခြင်း၌ဆက်လက်ရှင်သန်ရန်၊ ခြေ လှမ်းအသစ်ကိုအစပြုနိုင်ရန်အားအင်များကိုစုစည်းထားရန်၊ ထို့အတူရဟန်းမင်းကြီးကနိုင်ငံရေးနှင့်ဘာ သာရေးခေါင်းဆောင်များကိုလည်းရိုးသားပွင့်လင်းစွာဖြင့်မိမိတို့နိုင်ငံတော်ကြီးတည်ဆောက်ရေး၌ဆက်ကပ်လုပ်ဆောင်ကြရန်၊ အစွန်းရောက်လွန်းသောမျိုးချစ်စိတ်များကိုလည်းသင်ပုန်းချေကြရန်၊ နိုင်ငံအတွက်အ ကျိုးဖြစ်ထွန်းမည့်အနာဂါတ်ကိုမျှော်ကိုးလုပ်ဆောင်ရန်တိုက်တွန်းပြီး၊ နိုင်ငံတကာအဖွဲ့အစည်းများအား လည်းလက်ဘနွန်အရေးနှင့်ပတ်သက်၍၀◌ိုင်း၀◌န်းကူညီပေးကြပါရန်မေတ္တာရပ်ခံတောင်းခံခဲ့သည်။ ဘေရွတ်မြို့သူမြို့သားများအားလည်းအားမငယ်ရန်၊ ဆုတောင်းခြင်း၊ ယုံကြည်ခြင်း၌ခွန်အားများ တိုးပွားစေကြရန်၊ ထို့အတူမိမိတို့ဘိုးဘေးများမှလက်ဆင့်ကမ်းလာသောပိုင်ဆိုင်ရာအမွေအနစ်များကို လည်းစွန့်ပယ်မသွားကြရန်၊ ထားရှိခဲ့ဖူးသောအနာဂါတ်ရောင်ခြည်သန်းသည့်စိတ်ကူးများကိုလည်းရေစုန် မျောမချပစ်ဘဲတစ်နေ့လှပပြီး၊ ဖွံ့ဖြိုး‌ေ၀စည်သောနိုင်ငံတော်ကိုဆက်လက်မျှော်လင့်ချက်ထားရန်အား ပေးခဲ့သည်။ ထို့နောက်ဘာသာရေးခေါင်းဆောင်များ၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ နှင့်ဓမ္မအမူတော်ဆောင်များအားလုံးကိုလည်း မိမိတို့သိုးစုများ၏‌ေ၀ဒနာများကို‌ေ၀မျှခံယူပြီး၊ ထက်သန် သောတမန်တော်ဇွဲစိတ်များဖြင့်အနီးကပ်လျှောက်လှမ်းကြရန်၊ ၄င်းတို့၏နွမ်းပါးချို့တဲ့ခြင်း၊ အလွန်ဆိုးရွား လှသောလူ့ဂုဏ်သိက္ခာနိမ့်ကျနေမူများ၌၄င်းတို့နှင့်အတူခံထမ်းကြရန်၊ ဆင်းရဲချို့တဲ့သူများနှင့်အတူချို့တဲ့ စွာနေထိုင်နိုင်ကြပါစေ။ ‌ေ၀ဒနာခံစားနေရသူများနှင့်လည်း‌ေ၀မျှခံစားနိုင်ကြပါစေ။

ချို့တဲ့နွမ်းပါးခြင်းပုံ ရိပ်ကောင်းကိုဦးစွာပြသနိုင်သူဖြစ်ကြရန်၊ ၄င်းတို့၏ဘ၀ပြန်လည်ထူထောင်နိုင်ရန်၊ အသစ်ပြန်လည်ဦးမော့ လာချိန်တွင်အားကျဂုဏ်ယူလောက်သူများဖြစ်စေရန်ကူညီကြရန်တိုက်တွန်းခဲ့သည်။ အခြားသောဘာသာ ရေးခေါင်းဆောင်များအားလည်း သဟဇာတရှိသောလုပ်ငန်း၊ အများအတွက်ကျိုးဖြစ်ထွန်းစေမည့်လုပ်ရပ်၊ အတူတွေ့ဆုံဆွေးနွေးပြီး၊ အေးချမ်းစွာညီအစ်ကိုမောင်နှမစိတ်ဖြင့်ယှဉ်တွဲနေထိုင်ရေး၊ ဤသို့နေထိုင်သော အသက်တာသည်အာစီးစီမြို့သားစိန့်ဖရန်စစ်အလွန်နှစ်ကြိုက်သောဘ၀နေထိုင်နည်းဖြစ်ကြောင်း၊ ဤသို့ နေထိုင်နိုင်အောင်ကြိုးစားခြင်းသည် ခရစ်ယာန်များ၏တည်ရှိနေခြင်းကိုဆက်လက်အဓွန်ရှည်သွားစေမည် ဖြစ်ပြီး၊ အာရပ်ကမ္ဘာနှင့်လက်ဘာနွန်ဒေသတစ်ခုလုံးအတွက်တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးစည်ပင်ရာ၌ ခန်းမှန်း၍မရ နိုင်သောပေးဆပ်မူကိုပြုခြင်းလည်းဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

၀◌ါရှောင်ဆုတောင်းခြင်းဖြင့်လက်ဘာနွန်နိုင်ငံနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြသကြပါစို့။

လာမည့်စက်တင်ဘာလ (၄) ရက်နေ့သည် ကမ္ဘာတစ်၀ှမ်းမှ လက်ဘာနွန်နိုင်ငံအတွက်၀ါရှောင် ဆုတောင်းရာနေ့အဖြစ်သတ်ထားပြီး၊ ထိုနေ့၌ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ် Pietro Parolin အားလက်ဘာနွန်နိုင်ငံသို့စေလွှတ်ပြီး၊ လက်ဘာနွန်ပြည်သူများနှင့်အတူနီးကပ်စွာ ေ၀မျှခံစား လျှက်ရှိကြောင်းပြသမည်ဖြစ်ပြီး၊ ထိုသို့ပြသရန်အတွက်ကူညီနိုင်သောအကူအညီများကိုလည်းပေးအပ် သွားမည်ဖြစ်သည်။ ထို့အတူအခြားသောခရစ်ယာန်ညီအစ်ကိုတို့ကိုလည်းဤ၀◌ါရှောင်ဆုတောင်းခြင်း၌ ပါ၀င်ရန်လည်းဖိတ်ကြားတိုက်တွန်းထားသည်။ ရဟန်းမင်းကြီးသည်သူ၏မိန့်ခွန်းအဆုံး၌ ရင်ပြင်၌ရောက် ရှိနေသောဘုရားဖူးများအားခေတ္တတိတ်ဆိတ်စွာနေပြီး၊ လက်ဘာနွန်အတွက်ဆုတောင်းပေးရန်ပန်ကြား ပြီးအစီအစဉ်ကိုအဆုံးသတ်ခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hWan4P

 

Add new comment

2 + 2 =