“ရှေးဦးခရစ်ယာန်များနှင့် Baptism (ဗတ္တိဇံ)”

“ရှေးဦးခရစ်ယာန်များနှင့် Baptism (ဗတ္တိဇံ)”

မေး။        ။ဗတ္တိဇံ ( Baptism) ကို ရှေးဦးခရစ်ယာန်တွေကဘယ်လိုခံယူခဲ့ကြသနည်း။ရေထဲအမြဲနှစ်ကြသလား။ရေထဲမှာ သုံးကြိမ်နှစ်ကြသလား။ကက်သလစ်အသင်းတော်က “Baptism”ကို ဘယ်လိုလက်ခံနားလည်ပြီး ဘယ်လို “Form”ကိုအသုံးပြုပြီးပေးသလဲ။ ကျမ်းစာအရ ၊ သမိုင်းအရ ဖြေကြားပေးပါ။

        “Baptism” အနက်ကားအပြစ်အညစ်အကြေးမှ ဆေးကြောခြင်းကို ဝိညာဉ်တော် နှင့်ရေအားဖြင့်ခံခြင်းဖြစ်သည်။ကျမ်းစာအရ “Baptism( ဗတ္တိဇံ)  ကို ရေနှင့် ဝိညာဉ်တော် အားဖြင့်ခံရသည်။ သို ့သော်လည်း ကျမ်းစာက ထို“ Baptism ”ကို ဘယ်လိုနည်းလမ်းကိုသုံးပြီး ပေးဖို ့အသေးစိတ်မပြောခဲ့ပေ။ရေ ဟာ “Baptism” ပေးရာတွင် မြင်နိုင်သည့် အရေးကြီးဆုံးသောအရာဖြစ်သည်။ကျမ်စာအရ ခမည်းတော်၊သားတော်၊ သန် ့ရှင်းသော ဝိညာဉ်တော်၏နာမတော်အားဖြင့် “Baptism” ပေးရန်ခရစ်တော်ကသင်ပေးခဲ့သည်( ရှင်မဿဲ ၂၈:၁၈-၂၀)။ ကက်သလစ်အသင်းတော်က ထိုပုံစံကို “Trinitarian Form”ဟုသုံးကာ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနာမဖြင့် “Baptism” ပေးခြင်းဟု ခေါ်သည်။

              မြန်မာပြည်က နှစ်ခြင်းသင်းကွဲသာသနာပြု ယုသဒန်၏ ဘာသာပြန်ချက်အရ “Baptism ”ကို အသံထွက်သာ ယူပြီး ရှင်းပြခြင်းမရှိသဖြင့် လူတွေက “Baptism” ကို ကျမ်းစာမှာတွေ  ့တိုင်း ရေနှစ်ခြင်းဟုသာနားလည်ကြသည်။တကယ်တော့ဒီထက်မက ပိုအနက်တွေရှိပါတယ်။ ယုဒသန် ကတော့  ဘယ်ကျမ်းစာကိုယူတာမသိရပေမယ့် “Baptism”ကို အင်္ဂလိပ်ကျမ်းစာထဲကနေယူသည့်သဘောရှိသည်။ သူက အနောက်နိုင်ငံကနေလာသည့် သာသနာပြုလည်းဖြစ်သည်။ အဲကြောင့် “Baptism” ကို “ဗတ္တိဇံ”ဟုသာဘာသာပြန်သဖြင့် သူက အင်္ဂလိပ်ကျမ်းစာကိုအသုံးပြုဖို ့များသည်။

                တကယ်တော့ “Baptism” ဟာ ဝိညာဉ်တော် နှင့် ရေအားဖြင့် ခံယူရတာဖြစ်ပြီး အပြစ်ကို ဆေးကြောသောကြောင့် ကက်သလစ်အသင်းတော်က တော့ “ဆေးကြောခြင်း”ဟုဘာသာပြန်ရာတွင်ပိုမိုနားလည်ရသည်။ တချို့သင်းကွဲတွေက (ဗတ္တိဇံ) ဆိုတာကို နားကိုမလည်ကြဘဲ ရေထဲနှစ်ခြင်းဟုသာလက်ခံကြသည်။ တစ်ဖက်မှာလည်း ကက်သလစ်အသင်းတော်က အင်္ဂလိပ်စကားအားဖြင့် “Baptism” ကို “ဆေးကြောခြင်းစက္ကရမင်းတူး”ဟု ခေါ်ကာ ထိုအရာကို ခရစ်တော်က တည်ထောင်သော သန် ့ရှင်းသော အရာ အဖြစ်လက်ခံလာသည်မှာ နှစ်ပေါင်း(၂၀၀၀) ကျော်လာခဲ့ပြီ။ ထို ့ကြောင့် ကက်သလစ်အသင်းတော်က အင်္ဂလိပ်စကားဖြစ်သော “Baptism” ကိုဘာသာပြန်ရာတွင် “ဆေးကြောခြင်း”ဟု ဘာသာပြန်သည်မှာ ပိုထိရောက်သည်။ အကြောင်းရင်းကတော့ အပြစ်ကို ဆေးကြောသောအရာဖြစ်သည့် အတွက်ဖြစ်သည်။ တစ်ဖက်မှာလည်း “ဆေးကြောခြင်း”ဟုဘာသာပြန်ခြင်းကို ကျမ်းစာထဲယူတာဖြစ်သည်။အောက်တွင်ဖော်ပြသော ကျမ်းချက်များကြောင့်ဖြစ်သည်။

              ပေါလု ဗတ္တိဇံ(Baptism) ခံခြင်းမှာအခြေ ခံသည်။ တမန်တော် (၂၂: ၁၆) တွင်  အာနနိက ပေါလုကို “ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကိုပဌနာပြုလျက် ဗတ္တိဇံ ကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏” ဟုတွေ ့ရသည်။ အင်္ဂလိပ်ကျမ်းစာအရ “ And now why are you waiting? Arise and be baptized, and “WASH AWAY YOUR SINS”, calling on the name of the Lord”ဟုတွေ  ့ရသည်( NKJV Acts 22:16)။ကက်သလစ်အသင်းတော်က“Baptism”အပြစ်ကို ဆေးကြောသောကြောင့် “ဆေးကြောခြင်း”ဟုခေါ်ရခြင်းဖြစ်သည်။အလွန်ပင် သင့်တော်သော စကားစုဖြစ်သည်။

                ပေါလုက သူကိုယ်တိုင် က အပြစ်ဆေးကြောပြီး နောက် ကောရိန်တူးမြို  ့က ခရစ်ယာန်တွေကို စာရေးရာတွင်“ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် ယေရှုခရစ်၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ”ဟုတွေ  ့ရသည်( ၁ကော ၆:၁၁)။ အင်္ဂလိပ်ကျမ်းစာအရ “ But you were WASHED, but you were sanctified, but you were justified in the name of the Lord Jesus and by the Spirit of our God”ဟုခေါ်သည်။ပေါလုက “Wash"ဟူသောဆေးကြောခြင်း စကားလုံးသုံးပြီး “Baptism” အကြောင်းကိုပြောသည်။

         တမန်တော်ကြီး ပေတရုကလည်း“ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံ သည် ယေရှုခရစ်ထမြောက်တော်မူသော အားဖြင့်၊ ငါတို့ကိုကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသော စိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း”ဟုဆုံးမသည်( ၁ ပေ ၃:၁၁)။အင်္ဂလိပ်ကျမ်းစာအရ “There is also an antitype which now saves us—baptism (not the removal of the filth of the flesh, but the answer of a good conscience toward God”ဟုတွေ  ့ရသည်။ “Not the removal of the filth of the body” ဟူသော ခန္ဓာကိုယ်၏ အညစ်အကြေးကို ဆေးကြောခြင်းသည် မဟုတ်”ဟူသောစကားကြောင့်  “Baptism” ကို ဆေးကြောခြင်းဟု ကက်သလစ်အသင်းတော်က ဘာသာပြန်သည်။ 

               ကျမ်းစာအရ “Baptism” ကို ပေးဖို့ သို ့မဟုတ် ”Baptism”ကိုခံဖို ့ဖော်ပြရာတွင်  ရေထဲမှာ (၃) ကြိမ်နှစ်ပြီးပေးရမလား။ ရေထဲမှာ တစ်ကြိမ်နှစ်ပြီး ပေးရမလား။ ရေလောင်းခြင်းနည်း ဖြင့်ပေးရမလား။ ရေကို ခေါင်းပေါ့်မှာ (၃) ကြိမ်လောင်းရမလား။ တစ်ကြိမ်သာလောင်းရမလား။ ရေဖြန်းခြင်းအားဖြင့် ပေးရမလား။ ရေဖြန်းရင် တစ်ကြိမ်သာဖြန်းရမလား။ သုံးကြိမ်ဖြန်းရသလား စသော အချက်တွေကို ကျမ်းစာမှာမတွေ  ့ပေ။ သို ့သော်လည်း ကက်သလစ်အသင်းတော်က ရော သင်းကွဲ ခရစ်ယာန်အသင်းတော်များကလည်း အထက်က လုပ်ပုံလုပ်နည်းများကိုသုံးကြသည်။ ဒါဆိုရင် ကျမ်းစာက မဖော်ပြသောအရာကို ဘယ်(Traditions) ကနေ အချက်အလက်ရပြီး သုံးသလဲဆိုတာလေ့လာကြမည်။

           ကက်သလစ်အသင်းတော်က ဆေးကြောခြင်းပေးရာတွင် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနာမဖြင့် ပေးလေ့ရှိသည်။ကျမ်းစာ “Baptism” ကိုဘယ်လိုနည်းဖြင့်ပေးဖို ့မပြောပေမယ့်လည်း ကက်သလစ်အသင်းတော်က ခရစ်တော်၏ တမန်တော်ကြီး များကိုစေခိုင်းချက်ဖြစ်သော“ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့”ဟူသောကျမ်းချက်ကိုရွက်ဆိုပြီး “Baptism” ကို လူကြီးလူငယ်၊ ကလေးမရွေးပေးသည်( မဿဲ ၂၀:၁၉)။အဲတာကို “Trinitarian Form”ဟု ခေါ်ပြီး မြန်မာဘာသာအားဖြင့်“ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနာမဖြင့် ဆေးကြောခြင်းပေးခြင်း”ဟုခေါ်ဝေါ်ကြသည်။

          အဲတာကို ကက်သလစ်အသင်းတော်က  ဘာလို ့ကျင့်သုံးလာကြသလဲဆိုရင် ရှေးဦးခရစ်ယာန်တွေကို တမန်တော်ကြီး များက ရှေးဦးခရစ်ယာန်တွေကို ထိုကဲ့သို ့ နည်းအားဖြင့် “Baptism” ပေးရန် သတ်မှတ်လာကြသောကြောင့်ဖြစ်သည်။ ကျမ်းစာက မဖော်ပြသော်လည်း တမန်တော်ကြီး များကိုယ်တိုင်ရေးသားခဲ့ကြသည့် “ The Didache or The Teachings of the Apostles”ဟူသောစာပေအရ “Baptism” ကို ဘယ်လိုနည်းလမ်းအားဖြင့် ပေးဖို ့ငိလာကြသည်။အဲတာကို ကက်သလစ်အသင်းတော်က “Traditions”အဖြစ်ထိန်းသိမ်းလာသည်။ ထိုစာပေကို အေဒီ(၅၀-၁၀၀) ကြားလောက်မှာရေးသားပြုစုခဲ့ကြသည်။

            နှစ်ခြင်းသင်းကွဲ pastor အဖြစ်နှစ်ပေါင်းများစွာ လုပ်လာပြီးကျမ်းတတ်သည့် “Stephen K. Ray” ကသူကက်သလစ်ဘာသာထဲပြန်ဝင်လာသည့်အကြောင်းရေးသည့်စာအုပ်တွင် “The Didache or The Teachings of the Apostles”ဟူသော ရှေးထုံးစဉ်လာစာအုပ်ဟာ ရှေးအကျဆုံးသောမှတ်တမ်းစာပေဖြစ်သလို သမိုင်းအရ လည်းဘယ်သူမှ ငြင်းလို ့မရသော စာပေဖြစ်သည်။ ဒီစာပေကို တချို  ့သောတမန်တော်ကြီး များလက်ထက်မှာပင်တည်ရှိနေပြီး ရှေးဦးခရစ်ယာန်များက ကျင့်သုံးလာကြသည်။ အဲစာပေဟာ ခရစ်ယာန်ဘာသာကို ဝင်လာဖို ့Baptism ကို ခံတော့မည့် လူများကို လမ်းညွှန်သင်ပေးရာတွင် အသုံးပြုကြသည်”ဟုရေးထားသည်( Stephen K. Ray, Crossing the Tiber, p. 84)။

       “Baptism” ကို ဘယ်လိုနည်းနှင့် ပေးဖို ့အကြောင်းကို သူ ့စာအုပ်တွင်“ Baptize as follows: after first explaining all these points, baptize in the name of the Father and of the Son and of the Holy Spirit, in running water. But if you have no running water, baptize in other water; and if you cannot in cold, then in warm. But if you have neither, pour water on the head three times” ဟု ဘယ်လို “Baptism” ပေးဖို ့နည်းလမ်းကို တမန်တော် တွေက ရေးသားပေးခဲ့ကြသည်။

           တမန်တော်ကြီး များသင်ကြားချက်အရ လူတစ်ယောက်ကို ”Baptism”ပေးရာတွင် မည်ကဲ့သို ့ပေးသင့်ကြောင်းကို လမ်းညွှန်ထားတာကတော့“ လိုအပ်သောအချက်အလက်များကို သင်ပေးရှင်းပြပြီးနောက်ဤကဲ့သို ့ “Baptism” ကိုပေးပါ။ခမည်းတော်၊သားတော်၊ သန် ့ရှင်းသော ဝိညာဉ်တော် ၏ နာမတော်အားဖြင့် စီးဆင်းနေသော ရေဖြင့် Baptism (ဆေးကြောခြင်း) ကိုပေးရမည်။ ဆေးကြောခြင်းပေးဖို ့ရေအေးမရနိုင်ပါက ရေနွေးအားဖြင့်ပေးရမည်။  စီးဆင်းနေသော ရေမရှိပါက အခြားသောရေ( မည်သည့်ရေမဆို) ဖြင့်ပေးရမည်။ ရေအေးရော ရေနွေးရောမရနိုင်ပါက “Baptism” ခံသူ၏ ခေါင်းပေါ်မှာ ရေကို သုံးကြိမ်သွန်းလောင်းပြီး (ခမည်းတော်၊သားတော်၊ သန် ့ရှင်းသော ဝိညာဉ်တော် )ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနာမဖြင့် ပေးရမည်။

                အထက်ကအတိုင်းပဲ ကျမ်းစာထဲမပါသော တမန်တော်ကြီး များရေးသားသတ်မှတ်ခဲ့သည့်အတိုင်းပဲ ကက်သလစ်အသင်းတော်က တော့ စီးဆင်းနေသော နေထဲမှာနှစ်ခြင်းဖြင့်သော်လည်းကောင်း၊ ရေလောင်းခြင်းနည်း အားဖြင့်လည်းကောင်း၊ ၊ ရေဖြန်းခြင်းအားဖြင့် လည်းကောင်၊ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနာမဖြင့် သော်လည်းကောင်း၊ ခံယူသူ၏ ခေါင်းပေါ်မှာ သုံးကြိမ်ရေလောင်းပြီး ခမည်းတော်၊ သားတော်၊ သန် ့ရှင်းသော ဝိညာဉ်တော် အားဖြင့် ငါသည်သင့်ကို ရေဖြင့် ဆေးကြောခြင်းသည်ဟူ၍လည်းကောင်းပြုလုပ်ကြသည်။အလွန်ထူးခြားတာကတော့ ကက်သလစ်အသင်းတော်ကြီး လက်ခံသော “Traditions”ကိုလက်မခံသောသင်းကွဲများ၊ ကျမ်းစာမှာမပါသောအရာကို လက်မခံသည့် သင်းကွဲတွေက တော့  “Baptism” ပေးရာတွင် ကက်သလစ်အသင်းတော်ကြီးထိန်းသိမ်းလာသည့် တမန်တော်ကြီး ရေးသားသည့် “Traditions”ကို လက်ခံပြီး လူတွေကိုရေထဲ သုံးကြိမ်နှစ်တာတွေ လုပ်နေကြသည်။ သို ့သော်လည်း သုံးကြိမ်နှစ်ဖို  ့၊ တစ်ကြိမ်သာနှစ်ဖို ့၊ နှစ်ကြိမ်နှစ်ဖို ့ဆိုတာ ကျမ်းစာကမဖော်ပြပေ။

              တကယ်သာ ကျမ်းစာအတိုင်းသာ ဆေးကြောခြင်းကို ပေးရမည်ဆိုရင် ယောဒန်ဖြစ်ကဲ့သို ့စီးဆင်းနေသော မြစ်ရေပေါ်မှာပဲ ပေးရမှာဖြစ်သည်။ သင်းကွဲတွေက လည်း ကျမ်းစာအရ သာပြောပြီး ကက်သလစ်အသင်းတော်ကြီး၏ “Traditions”ကို ပြန်လည်အသုံးပြုနေကြပြန်သည်။တကယ်တော့ “Baptism” ဆိုတာ တမန်တော်ကြီး များသင်ပေးခဲ့သည့်နည်းလမ်းများအတိုင်းကက်သလစ်အသင်းတော်က ခုချိန်ထိ ရေထဲနှစ်ခြင်း၊ ရေလောင်းခြင်း ၊ ရေဖြန်းခြင်း အားဖြင့် ပြုလုပ်လာကြတာ နှစ်(၂၀၀၀) ကျော်လာပြီ။ကက်သလစ်အသင်းတော်ကြီး၏ “Traditions”ဟာ ဆေးကြောခြင်းနှင့်ပတ်သက်လာရင်တော့ အမြဲအသုံးဝင်နေတာတော့အ့ံသြစရာပေ။

            နိဂုံးချုပ် အနေဖြင့်ပြောရမယ်ဆိုရင် ကက်သလစ်အသင်းတော်ဟာ ခရစ်တော်တည်ထောင်သောအသင်းတော်ဖြစ်ပြီး ခရစ်တော်က က “Baptism” က လူကိုကောင်းကင်နိုင်ငံမြင်ခွင့်၊ ကောင်းကင်နိုင်ငံရောက်စေသည်ဟု သင်ကြားသည့်အတိုင်းလိုက်နာကြသည်( ယောဟန် ၃:၃-၅)။ ကက်သလစ်အသင်းတော်ဟာ တမန်တော်ကြီး များကနေဆင်းသက်လာသည့်အတွက် “Baptism” ကို ဘယ်လိုမျိုးပေးဖို ့၊ အကြိမ်ရေဘယ်လောက်ရေလောင်းဖို ့၊ စီးဆင်းနေသော ရေမရှိသည့်နေရာမှာ ဘယ်လိုပေးဖို ့စသောအချက်အလက်များကို တမန်တော်ကြီး များချမှတ်သည့်အတိုင်း သူတို ့ ပြုလုပ်သည့် “Traditions”ကို လိုက်နေသည်။ကက်သလစ်အသင်းတော်သည် ခရစ်တော်တည်ထောင်ပြီးတမန်တော်များကနေဆင်းသက်လာသော တစ်ခုတည်းသောအသင်းတော်ဖြစ်ပြီး အမှန်တရားအတိုင်း၊ ကျမ်းစာအတိုင်း သာသနာပြုနေသောအသင်းတော်ဖြစ်သည်။

Credit ဒိုင်ရ် မနားလိန်

Add new comment

14 + 4 =