ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အထက်ဘလောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီ

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အထက်ဘလောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီ

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အထက်ဘလောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကိုတော့ လမ်းသွားလမ်းလာတိုင်း သတိထားမိကြမှာပါ။ ကတ်သလစ်ဘာသာ၀င်တွေရဲ့ စိန့်မေရီကာသီဒြယ် ကျောင်းတော်ကြီးဘဲ ဖြစ်ပါတယ်။ အရင်ကျောင်းအဟောင်းကတော့ ဘားလမ်းထဲမှာ ရှိခဲ့တာပါ။

လက်ရှိစိန့်မေရီကာသီဒြယ် ကျောင်းကြီးကို ၁၈၉၅ ခုနှစ်မှာ ဟော်လန်နိုင်ငံသား ဒတ်ချ်လူမျိုး ဘုန်းတော်ကြီးဖာသာ ဟန်းဒရွတ်ဂျေဆန်က ဒတ်ချ်ဗိသုကာပညာရှင် Joseph Cuypers ရဲ့အကူအညီနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ပြီး ၁၈၉၉ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးကို ဖြစ်ပေါ်လာစေဖို့ စတင်ခဲ့သူကတော့ ခရစ်ယာန်ဘုန်းတော်ကြီး Paul Bigandet ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ ကတ်သလစ်ဘာသာ၀င်များ ကိုးကွယ်ဖို့ ကျောင်းကြီးတစ်ဆောင်ဆောက်လုပ်ဖို့ ကိုလိုနီအစိုးရကို တောင်းဆိုခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အထက ၆ ဗိုလ်တထောင်(စိန့်ပေါ) နဲ့ကပ်လျက်တည်ရှိပါတယ်။ ဒီကျောင်းတော်ကြီးကို တည်ဆောက်ခဲ့စဉ်က သံထည်တွေကို မသုံးထားဘဲ အုပ်ချပ်တွေကိုစီပြီး ဘိုင်ဇင်တိုင်(အရှေ့ရောမအင်ပါယာ) စတိုင်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒီလိုဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဟာ အရှေ့တောင်အာရှမှာ ဒီတစ်ကောင်းတည်းရှိပါတယ်။

" သံ မသုံးပဲနဲ့ ဒီရှေ့ခေတ်အုပ်ချပ်တွေကို ညှပ်ပြီးတည်ဆောက်ထားတယ်ဆိုတဲ့ အခါမှာ တိုင်တွေကိုများများ base လုပ်ပြီးတော့ ထုထည်များများနဲ့ တည်ဆောက်ရတဲ့ ပုံစံပေ့ါလေ။ ဒါ ဘိုင်ဇင်တိုင်ပုံစံလို့ ခေါ်ပါတယ်။ တိုင်တွေကို ထုထည် ကြီးကြီးတွေနဲ့ တည်ဆောက်တယ်။ ပြီးတော့ အကွေးတွေကို အုပ်စောင်းညှပ်ပြီးတော့ ဂုံးတွေနဲ့ ထောက်ထားတာပေ့ါ။

ဒီလိုတည်ဆောက်ထားတော့ မြင့်လာလေလေ ဒီနံရံတွေဟာ လန်ကျနိုင်တဲ့အခြေအနေမှာရှိပါတယ်။ ဒါကြောင့် အမြင့်ပိုင်းတွေကျတော့ နံရံတစ်ခုနဲ့ တစ်ခု သံမဏိကြိုးကြီးတွေနဲ့ ပတ်ချည်ပြီး ခါးပတ်လို တုပ်ထားရတာပေ့ါ။ ဒါကြောင့်လည်း အုတ်နဲ့ဆောက်ထားပေမယ့် အခုထိ မားမားမတ်မတ်ရှိနေနိုင်တာပေါ့ "လို့ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာဒေါမိနစ်ဦးသက်တင်က ဆိုပါတယ်။

ဒီကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာကြောင့် ဗိသုကပညာရှင်ပေါင်းများစွာ လာရောက်လေ့လာလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးရဲ့ ဖြတ်သန်းလာတဲ့ နှစ်တစ်ရာကျော်အတွင်းမှာလည်း ဒုတိယကမ္ဘာစစ်အပါအ၀င် သဘာ၀ဘေးအန္တရာယ်တွေကြောင့် မှန်ပန်းချီကားတွေ ပျက်စီးခဲ့ရပြီး ၂၀၁၁ခုနှစ်ရောက်မှသာ နိုင်ငံတကာပညာရှင်တွေနဲ့ မူလလက်ရာအတိုင်း ပြန်လည် ပြုပြင်မွမ်းမံခဲ့တယ်လို့ သိရပါတယ်။

ဘုရားကျောင်းမှာ ထင်ရှားတဲ့အရာကတော့ ခေါင်းလောင်းစဉ်ကြီး ၂ခု ဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အတွင်းဘက်နံရံတွေပေါ်မှာ ထုဆစ်ထားတဲ့ ရုပ်ကြွဖြစ်စဉ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ ခုလို အထပ်မြင့်အဆောက်အအုံတွေ မဖွံ့ဖြိုးခဲ့စဉ်ကတစ်ချိန်ကတော့ ပင်လယ်ရေလမ်းကြောင်းက ခရီးသွားသူတွေအဖို့ ပင်လယ်၀ကနေ ရွှေတိဂုံစေတီတော်နဲ့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းတော်ကြီးကို မြင်ရင် မြန်မာနိုင်ငံကိုရောက်ပြီလို့ အမှတ်အသားတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီဖြစ်တဲ့ ဒီကျောင်းတော်ကြီးအတွင်း လူမျိုးဘာသာမရွေးလာရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။ ခမ်းနားလှပတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ စိန့်မေရီကာသီဒြယ် ကျောင်းတော်ကြီးကို ရှေးမူမပျက်နောင်နှစ်ပေါင်းများစွာအထိ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်နေစေဖို့ ကတ်သလစ်ဘာသာတွေက ဆန္ဒရှိနေကြပါတယ်။

Source-internet

Crd thar sein oo

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အထက်ဘလောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကိုတော့ လမ်းသွားလမ်းလာတိုင်း သတိထားမိကြမှာပါ။ ကတ်သလစ်ဘာသာ၀င်တွေရဲ့ စိန့်မေရီကာသီဒြယ် ကျောင်းတော်ကြီးဘဲ ဖြစ်ပါတယ်။ အရင်ကျောင်းအဟောင်းကတော့ ဘားလမ်းထဲမှာ ရှိခဲ့တာပါ။

လက်ရှိစိန့်မေရီကာသီဒြယ် ကျောင်းကြီးကို ၁၈၉၅ ခုနှစ်မှာ ဟော်လန်နိုင်ငံသား ဒတ်ချ်လူမျိုး ဘုန်းတော်ကြီးဖာသာ ဟန်းဒရွတ်ဂျေဆန်က ဒတ်ချ်ဗိသုကာပညာရှင် Joseph Cuypers ရဲ့အကူအညီနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ပြီး ၁၈၉၉ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးကို ဖြစ်ပေါ်လာစေဖို့ စတင်ခဲ့သူကတော့ ခရစ်ယာန်ဘုန်းတော်ကြီး Paul Bigandet ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ ကတ်သလစ်ဘာသာ၀င်များ ကိုးကွယ်ဖို့ ကျောင်းကြီးတစ်ဆောင်ဆောက်လုပ်ဖို့ ကိုလိုနီအစိုးရကို တောင်းဆိုခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အထက ၆ ဗိုလ်တထောင်(စိန့်ပေါ) နဲ့ကပ်လျက်တည်ရှိပါတယ်။ ဒီကျောင်းတော်ကြီးကို တည်ဆောက်ခဲ့စဉ်က သံထည်တွေကို မသုံးထားဘဲ အုပ်ချပ်တွေကိုစီပြီး ဘိုင်ဇင်တိုင်(အရှေ့ရောမအင်ပါယာ) စတိုင်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒီလိုဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဟာ အရှေ့တောင်အာရှမှာ ဒီတစ်ကောင်းတည်းရှိပါတယ်။

Add new comment

12 + 2 =