ဗာတီကန်အလံ (သို့) ကက်သလစ်အလံ အကြောင်းတစ် စေ့တစ်စောင်း

ဗာတီကန်အလံ (သို့) ကက်သလစ်အလံ အကြောင်းတစ် စေ့တစ်စောင်း

ပုပ်ရဟန်းမင်းကြီး သီတင်းသုံးကျောင်းထိုင်ရာ အီတလီ နိုင်ငံ Rome မှာရှိတဲ့ ဗာတီကန်ဟာ အသင်းတော်ဦးသျှောင်နေရာ ဖြစ်တာနဲ့အညီ ကိုယ်ပိုင်သီးသန့် အလံရှိပေမဲ့ကက်သလစ် ဘာသာ Canon ဥပဒေနဲ့ ၀တ်ပြုကိုးကွယ်မှုဆိုင်ရာ စာအုပ် မ်ားမွာပါ ဗာတီကန်အလံ (ကက်သလစ်အလံဟု အများ သိထား) ကို ဘုရားကျောင်းတွေမှာ လွင့်ထူကြရမယ်လို့ သတ်မှတ် ပြဌာန်းတားခြင်းမရှိပါဘူး။

Papal အလံလို့လဲ ခေါ်တွင်ကြတဲ့ Vatican city အလံဟာ ၁၈၀၈ မတ္လ ၀န်းကျင်ကတည်းက ပုပ်ရဟန်း မင်းကြီး သတ္တမမြောက် Pius မှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၁၈၂၅ မှာ တွင်ကျယ်စွာ ပိုမို အသုံးပြုလာကြသလို နောင်ပိုင်း ပုံစံအနည်းငယ် ပြောင်းလဲမှုများရှိခဲ့ပြီး လက်ရှိအသုံးပြုနေတဲ့ အလံဟာ ၁၉၂၉ ဇွန်လ ၇ရက်နေ့မှာတော့ State အခြေ

ခံ ဖွဲ့စည်းပုံဥပေဒေမှ ပုပ်ရဟန်းမင်းကြီး Pius XI အားဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ယခင်ကတည်းက အလံများရှိခဲ့ပြီး ၁၇ ရာစု မတိုင်ခင်ထိ အနီရောင်နောက်ခံအလံကို အသုံးပြုခဲ့ကြ ပြီး နောက်ပိုင်း ၁၉ ရာစုအထိ အဖြူရောင်နောက်ခံပါ အလံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ရွှေရောင်သော့နဲ့ ငွေရောင် ကောင်းကင်သော့ အသွင်ဆောင်တဲ့

နောက်ခံအဖြူနဲ့ အဝါရောင်များဟာ ၁၈၀၈ ကာလများက တည်းက Papal colors ရယ်လို့အသုံးပြုသတ်မှတ်ခဲ့သလို အလံပါ သရဖူ (Papal Tiara - ပုပ်ရဟန်းမင်းကြီးများ ခေတ်အဆက်ဆက် ဆောင်းခဲ့သော သရဖူ)နဲ့ စိန့်ပီတာရဲ့ သောနှစ်ချောင်းကြက်ခြေခတ်ပုံဟာလည်းအလယ်ပိုင်း ခေတ်ကတည်းက Papal အမှတ် သင်္ကေတ များ

ဖြစ်ခဲ့ပါတယ်။ လက်ရှိအလံမှာရွှေရောင်နဲ့ငွေရောင်သော့နှစ်ချောင်း

ကြက်ခြေခတ်ကာ အဲ့ဒီအပေါ်မှာ အလွှာသုံးလွှာပါ Papal Tiara သရဖူပုံတစ်ခုပါရှိပြီးဒေါင်လိုက်အားဖြင့် အဝါနဲ့ အဖြူရောင်အောက်ခံထားတာဖြစ်ပါ တယ်။ သော့ရဲ့ သင်္ကေတ လက္ခဏာဟာ ကျမ်းစာမှာ ရံဖန်ရံခါတွေ့နိုင်တဲ့ အခွင့်အာဏာ သဘောအသွင်ဆောင်တာဖြစ်ပြီး Matthew 16:19 မှာ သခင်ခရစ်တော်က စိန္ပီတာအား ကောင်း

ကင်နိုင်ငံသော့ ကိုပေးမည့်အကြောင်း၊ မြေကြီးပေါ်မှာ ချည်နှောင်သမျှကောင်းကင်မှာ ချည်နှောင်မည့်အကြောင်း၊ မြေကြီးမှာဖြည်လွှတ်သမျှ ကောင်းကင်မှာလည်း ဖြည်လွှတ်မည့် အကြောင်းတို့ကို စိန်ပီတာအားမိန့်တော်မူခဲ့ပါတယ်။ ဒါဟာ Isaiah 22:22 ကိုထင်ဟပ်စေတာဖြစ်ပြီးရွှေရောင်သော့ဟာ ပထမဆုံးပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ စိန်ပီတာနဲ့ သူ့

ရဲ့ အခွင့်အာဏာဖြစ်တဲ့ ကောင်းကင်မှာ ချည်နှောင်ခြင်းနဲ့ ဖြည်

လွှတ်ခြင်းကို ရည်ညွှန်းတာဖြစ်ပြီး ငွေရောင်သော့ကတော့ သတ္တကမ္ဘာမှာရှိတဲ့ အခွင့်အာဏာကို ဆိုလိုခြင်းဖြစ်ပါတယ်။

ပိုပြီး အသေးစိတ်ရရင် သော့နှစ်ချောင်းလုံးဟာ စိန့်ပီတာကို ကိုယ်စားပြုဆိုလိုတာဖြစ်ပြီး အဖြူရောင်ပေါ်မှာ ရှိနေတဲ့ရွှေရောင်သော့ဟာ spiritual power ကိုကိုယ်စားပြုပြီး ငွေရောင်သော့ကတော့ worldly power ကိုကိုယ်စားပြုတာဖြစ်ပါတယ်။ အဖြူရောင်နောက်ခံမှာ

သော့နှစ်ချောင်းရှိခြင်းမှာ Vatican ဟာ လူ့အလို သေဘာ ဆန္ဒအတိုင်းမဟုတ်ဘဲ ဘုရားသခင်ရဲ့အလိုတော်ဥပဒေ များအတိုင်းလိုက်နာကျင့်သုံးတာကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ Vatican အလံဒီဇိုင်းဟာ Vatican city ရဲ့ဖွဲ့စည်းပုံထဲက တစိတ်တဒေသဖြစ်ပြီးဘာသာရေးပွဲတော်အခမ်းအနားအစီအစဉ်များ မှာအထူးသဖြင့်အလံကိုလွှင့်ထူကြလေ့ရှိ ပါတယ်။ ပုပ်ရဟန်းမင်းကြီးပျံလွန်တဲ့အချိန်မှာ၀မ်းနည်းခြင်းအနေနဲ့ အလံကို ကိုးရက်တိုင်တိုင် တစ်၀က်သာလွှင့်ထူလေ့ရှိပါတယ်။ Vatican cityအလံဟာဗာတီကန်တစ်ခုတည်းမှာသာ အသုံးပြုတာမဟုတ်ဘဲတစ်ကမ္ဘာလုံးမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းများ၊ပညာရေးဆိုင်ရာတက္ကသိုလ်ကျောင်းများနဲ့အခြားသက်ဆိုင်ရာနေရာ မ်ားမွာပါ တွင်ကျယ်စွာ အသုံးပြုလွင့်ထူကြပါတယ်။ဒါကြောင့်မို့Vatican city အလံဟာကက်သလစ်အသင်းတော်ရဲ့ထင်ရှား တဲ့သက်သေခံအထောက်ထားအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ပိုမိုသိရှိလေ့လာလိုပါကကိုးကားဘာသာပြန်ထားတဲ့အောက်ပါလင့်များမှာ အသေးစိတ်ဖတ်ရှုနိုင်ပါ

တယ်။

Crd !ခံပွင့်

Add new comment

2 + 5 =