အဆင့်မြင့်မြင့်ပြဿနာဖြေရှင်းခြင်း

“အဆင့်မြင့်မြင့် ပြဿနာဖြေရှင်းနည်း”

ဒီနေရာမှာ အဆင့်မြင့်မြင့်ဆိုတာ

စိတ်အရည်အသွေးမြင့်မြင့်ကို ဆိုလိုတာပါ။

ပြဿနာတစ်ခုခု၊ အငြင်းအခုန် တစ်ခုခုကို အဆင့်မြင့်မြင့်ဖြေရှင်းသူများဟာ၊ မိမိရဲ့ စိတ်လုပ်ရှားမှု ကို အရင်ဖြေရှင်းပါတယ်။ ပြီးမှ ပြဿနာကို ဆက်ဖြေရှင်းတာပါ။ ဆိုလိုတာက မိမိအတွင်းစိတ်ကို အရင်စီမံတယ်။

ပြီးခါကျမှ ပြဿနာကို စီမံတာပါ။

ဒီတော့ ပြဿနာတွေကို အဆင့်မြင့်မြင့် ဘယ်လိုဖြေရှင်းကြမလဲ?

ကြည့်ကြရအောင်

 နှုတ်ဆိတ်ပါ။

ပြဿနာတစ်ခုဖြစ်ပြီ၊အထင်လွှဲခံရပြီဆိုပါစို့။
မငြင်းခုံပါနဲ့။အခြေအနေက ရှင်းပြလည်း အပိုဖြစ်နေ
တဲ့အချိန်မျိုးမှာ ထပ်ပြီးလည်း ရှင်းပြဖို့မကြိုးစားပါနဲ့။ အပြင်လူကိုလည်း ရှင်းမပြပါနဲ့။လူဆိုတာ လူတိုင်းက ကိုယ့်ကိုနားလည်ဖို့ မလိုအပ်ပါဘူး။အလျင်စလိုဖြေရှင်းလိုစိတ် ဖျောက်ပစ်လိုက်ပါ။အလျင်လိုလေ၊
ရှင်းပြလေ၊ အခြေအနေက ပိုဆိုးလေ ဖြစ်တတ်လို့ပါ။ ပထမဆုံးလုပ်ရမှာက နှုတ်ဆိတ်လိုက်ပါ။

တည်ငြိမ်ပါ။

စိတ်တည်ငြိမ်မှ မျက်နာပေး တည်ငြိမ်မှာပါ။
ဘာမဆို မျက်နာမှာ ရေးမပြပါနဲ့။စိတ်တည်ငြိမ်အောင် အရင် ထိန်းလိုက်ပါ။အသက်ပြင်းပြင်းရူလိုက်ပါ။ တရားနည်းနည်း နားလည်တဲ့ပုဂ္ဂိုလ်များ အဲဒီအခိုက်အတန့်မှာရှိတဲ့ စိတ်တွင်းက ဖြစ်တည်ပျက်ကို ရူ့ မြင်လိုက်ပါ။စိတ်တည်ငြိမ်သွားမှာပါ။တစ်ဘက်သား ကိုယ့်ရဲ့ ခန္ဓာကိုယ်အမူအယာကနေပြီးတော့မှ ကိုယ့်စိတ်ခံစားချက်ကို မဖမ်းမိပါစေနဲ့။

မူရင်းကို ရှာဖွေပါ။

အခုလောလောဆယ်ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ
အကျိုးအမြတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာလား
အထင်လွှဲမှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာလား၊
မမှန်ကန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာလား၊
မာနထိလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာလား စသည်ဖြင့် ပြဿနာရဲ့ အရင်းအမြစ်ကို အရင်ရှာဖွေရပါလိမ့်မယ်။ အားလုံးကိုခြုံပြီး မပိုင်းဖြတ်သင့်ပါ။ဘာလူမျိုးမို့လို့၊ ဘယ်ဘာသာမို့လို့၊ အကျင့်ကို မကောင်းလို့ ဆိုတဲ့ သုံးသပ်မှုမျိုးကို ရှောင်ကျဉ်ပါ။ပြဿနာရဲ့ မူရင်းကို တိတိကျကျသိရပြီးဆိုရင် ဖြေရှင်းလို့ ရမရ သိနေပါပြီ။

နေရာလဲပြီးစဉ်းစားပါ။

ငါသာ သူ့နေရာမှာရှိခဲ့ရင် ငါဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ဖြေရှင်းနည်း နောက်တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။

အနိုင်အရူံး မဟုတ်ပါ။

ပြဿနာဖြေရှင်းတယ်ဆိုတာ အလျှော့ပေးတဲ့ နည်းပညာ ( Compromise ) တစ်မျိုးပါ။ နှုတ်ဆိတ်နေဖို့၊ သူများတကာကို သိပ်ပြီး မရှင်းပြဖို့ဆိုတာ၊ ကိုယ်အလျှော့ပေးရတဲ့အခါမျိုးမှာ မျက်နာ သိပ်မနာအောင်လို့ပါ။ မျက်နာလိုချင်ရုံသက်သက်နဲ့ အကျိုးအမြတ်ကို အရူံးခံပြီး အနိုင်နဲ့ ပိုင်းချင်တဲ့စိတ်ကို ဖျောက်ဖျက်နိုင်ဖို့ပါ။ ငါဘာကောင်လဲဆိုတာ အရေးမကြီးပါ။ ငါဒီပြဿနာကို အကျိုးအရှိဆုံး ဖြစ်အောင် ဘယ်လိုဖြေရှင်မလဲဆိုတာ ပိုအရေးကြီးပါတယ်။

ပြဿနာတစ်ခုကို နှစ်ဦးနှစ်ဘက်လုံး အလျှော့ပေးပြီး နှစ်ဦးနှစ်ဘက်လုံး ဆက်ပူးပေါင်းလို့ အကျိုးအမြတ် အများကြီးရရှိသွားတဲ့ ဥပမာတွေ အများကြီးပါ။ Win- Win Situation ဆိုတာ အဲဒီအခြေအနေမျိုးကို ပြောတာပါ။
အကျိုးဖြစ်ထွန်းနိုင်ပါစေ။

Add new comment

1 + 2 =