လူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်

၄။ ကျေးဇူးတင်တတ်အောင်ယူပါ။ တကယ်လို့ သက်ကြီးရွယ်အိုတွေဟာ နေရာပေးခံရတယ်၊ အရေးကြီးတဲ့အခမ်းအနားတွေမှာမြင်ရတွေ့ရတယ်ဆို ရင်ဖြင့် အဲ့ဒီလူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်း၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကဘဲနေရာယူထားတဲ့အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်။ အဲ့လိုဆိုရင် အရမ်းကိုတန်ဖိုးရှိတဲ့ ဘုရားသခင်ကိုကျေးဇူးသိတတ်အမှုကိုပြုဖို့သိလာ မှာဖြစ်တယ်။ ၅။ ကျွန်ုပ်တို့အားလုံးသွားနေသောနေရာဆီသို့ပိုမိုနီးကပ်သွားစေသည်။ အလှအပဟာ ငယ်ရွယ်နုနယ်မှရှိကြတာမဟုတ်။ သက်ကြီးတွေမှာလည်း ဘယ်သူနဲ့မှမတူတဲ့ သူတို့ရဲ့အလှတ ရားရှိတယ်။ ကျွန်တော်တို့အားလုံးက ထာ၀ရ ဆီကိုဦးတည်လျှောက်လှမ်းနေကြတာပါ။ သက်ကြီးရွယ်အိုတွေကတော့ အဲ့ဒီထာ၀ရဆိုတဲ့ ပန်းတိုင်၊ ဘုရားသခင်ဆီကိုကြိုသွားနင့်ကြမှာပေါ့။ သူတို့က ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ဘ၀အတွေ့အ ကြုံတွေရဲ့အသိတရားတွေနဲ့အဲ့ဒီကိုခရီးပြုကြတယ်။

 

၆။ သူတစ်ပါးကကူညီတာကိုလက်ခံပါ။ အားနည်းနေလို့ တစ်ပါးသူရဲ့အထောက်အမကိုလိုအပ်တဲ့ သူတို့ရဲ့ပင်ကိုယ်အခြေအနေဟာ အားကောင်းမောင်း သန် ကျန်းမာနေတဲ့သူတွေကိုဘ၀ပညာတွေသင်ပေးနိုင်တယ်။ အဲ့ဒါကတော့ အသက်အရွယ်ရလာတဲ့အခါ ဘုရားသခင် ကိုတိုးလျှိုးအားကိုးတတ်ဖို့၊ ဘုရားသခင်ရဲ့အကူအညီကိုတောင်းခံတတ်ဖို့ဖြစ်ပါတယ်။ ဒီအသိတရားတွေကို အသက်အ ရွယ်နဲ့လိုက်ပြီး သင်ယူရပါတယ်။ အသက်အရွယ်ကြီးလာလို့ဘာတန်ဖိုးမှမရှိတော့ဘူးမဟုတ်။ အသက်အရွယ်တိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်။ သူတစ်ပါးရဲ့အကူအညီကိုရယူတတ်တာဟာလည်း အလှတရားတစ်ပါးပါဘဲ။ အဲ့ဒီအကူအညီကိုရ ယူရာမှာ ဘုရားသခင်ဆီကနေဦးဆုံးရယူတတ်ပါ။ ၇။ သင်တို့၌ ကြီးမားသောအမှုတော်ရှိသည်။ သက်ကြီးရွယ်အိုတွေ အားမလျော့နဲ့။ ခွန်အားယူကြပါ။ ရှေ့ဆက်ပါ။ ကမ္ဘာကြီးကိုအကျိုးပြုဖို့ ကျွန်တော်တို့အား လုံးမှာ ကြီးမားတဲ့အမှုတော်ရှိတယ်။ ၈။ လူသားသည်လဲကျတတ်သည်။ ဘုရားသခင်သည် ထိုသို့မဖြစ်။ သက်ကြီးရွယ်အိုတို့ဟာ ဘ၀အတွေ့အကြုံအများကြီးရှိခဲ့တယ်။ လူတွေရဲ့ဉာဏ်ပညာတွေဟာ တစ်ထစ်ချယုံ ကြည်လို့မရဘူးဆိုတာကိုလည်းကြုံတွေ့ခဲ့ရတယ်။ ဥပမာအားဖြင့် ရှေ့နေတို့ရဲ့လျှောက်လွှဲချက်၊ သိပ္ပံပညာရှင်တို့ရဲ့ကြို တင်ဟောကိန်း၊ ဘာသာရေးခေါင်းဆောင်တို့ရဲ့ အဆုံးတိုင်မတည်ကြည်မှုတွေပေါ့။ သူတို့ဟာ ဘ၀ကိုခါးစည်းခံခဲ့ကြ တယ်။ ဘ၀အတွေ့အကြုံကနေ အများကြီးသင်ယူခဲ့ကြတယ်။ ဒါတွေကိုအကောင်းဆုံးခံထမ်းအပြီးမှာတော့ သူတို့မှာ ငြိမ်သက်ခြင်းရှိတယ်။ အဲ့ဒီငြိမ်သက်ခြင်းဟာ အရမ်းကိုနက်နဲတယ်။ ဘာကြောင့်လဲ။ ဘုရားသခင်နဲ့ဆုံဆည်းလိုက်လို့ရ တဲ့အေးချမ်းခြင်းဖြစ်လို့ပါ။ ၉။ သင်တို့ရဲ့ကိုယ်စွမ်းကိုယ်စကိုဖော်ထုတ်ပါ။ ဘုရားသခင်ဟာ လူငယ်တွေ၊ ခွန်အားကြီးတဲ့သူတွေကိုဘဲ အစွမ်းအစပေးတာမဟုတ်ဘူး။ လူတိုင်းကိုပေးဖို့ အ စွမ်းအစဘုရားသခင်မှာရှိတယ်။ သူဘ၀၊ သူ့အသက်အရွယ်၊ အတွေ့အကြုံနဲ့သူ သင့်တော်အောင်ဘုရားသခင်စီမံပေး ထားသည်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေလည်း သူ့အစွမ်းအစနဲ့သူရှိကြပါတယ်။ ဘယ်သူမှအသုံးမကျဘူးဆိုတာမျိုးမ ရှိဘူး။ ၁၀။ သူ့ကိုသင်တို့မြင်တွေ့ရကြလိမ့်မည်။ သက်ကြီးရွယ်အိုတွေဟာ ဘုရားသခင်သူတို့ဆီကိုကြွရောက်လည်ပတ်မှာကို စိတ်စောစွာနဲ့မျှော်နေတတ်တယ်။ ဘုရားသခင်ကျော်သွားမှာကိုမလိုလားကြဘူး။ ဘုရားသခင်ကျော်သွားတာထက် ဖြတ်သန်းသွားတုန်း မိမိရရဖမ်းဆုပ်နိုင် ဖို့ကြိုးစားမှာဖြစ်တယ်။ ဘုရားသခင်နဲ့ဆုံဆည်းဖို့ကိုလည်း စိတ်လှုပ်ရှားစွာနဲ့စောင့်နေကြရှာတယ်။ ၁၁။ အရေးကြီးသောအရာကားအဘယ်နည်း။ မိုးဇက်ဟာ ကတိထားတဲ့တိုင်ပြည်ထဲရောက်လုရောက်ခင်အချိန်မှာ သူ့အသက်က (၁၂၀)။ အဲ့ဒီအသက်အရွယ်မှာ ဘဲ သူဟာလောကအသက်တာလည်းကုန်ဆုံးရတော့မယ်။ ဒါပေမယ့် ‘သူ့မျက်လုံးမမှုန်သေးဘူး’ လို့ တရားဟောကျမ်း (၃၄း၇) မှဆိုထားတယ်။ အဲ့ဒါဟာ သူ့ရဲ့သာမန်မျက်စိအားကလည်းကောင်းတယ်။ အကြည့်အမြင်တွေစူးရှတယ်။ အဲ့လို ဘဲ ပမာဆောင်ပြီးပြောရရင် သက်ကြီးရွယ်အိုတွေက ဟိုးအရမ်းကိုနက်ရှိုင်းတဲ့ အရင်းအမြစ်တွေကိုလည်းမြင်တွေ့နိုင် တယ်။ အဲ့သလိုရေရှည်မြင်တွေ့နိုင်စွမ်းဟာလည်း တန်ဖိုးဖြတ်မရတဲ့လက်ဆောင်ဖြစ်တယ်။ သူဖြတ်သန်းခဲ့တဲ့ဘ၀အ တွေ့အကြုံနဲ့ယုံကြည်ခြင်းကို အမွေအနှစ်အဖြစ်နဲ့ ရှင်းလင်းနေအောင်ချန်လှပ်ပေးထားနိုင်မှာဖြစ်တယ်။ မိုးဇက်က သမိုင်းအဖြစ်အပျက်ကိုကိုယ်တိုင်မြင်တွေ့ဖြတ်သန်းခဲ့တယ်။ အဲ့ဒီသမိုင်းအဖြစ်အပျက်ကို လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲ့ သလိုပါဘဲ။ သက်ကြီးရွယ်အိုတွေလည်း သမိုင်းကိုရှင်သန်ဖြတ်သန်းခဲ့တယ္။ သမိုင်းကိုဆက်ပြီးလက်ဆင့်ကမ်းခဲ့တယ်။ (Aleteia)

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Add new comment

1 + 1 =