ရှင်အာသနားစီဦး

သူဟာ (ိမေု ေါနျ) လို့ခေါ်သည့် အလယ်ခေတ်မှာ ကြီးပြင်းလာ ခဲ့ပါသည်။ သူအသက်ရှင်ခဲ့သော (၂၉၇-၃၇၃) ဘဝတစ်လျှောက်လုံးမှာ လွဲမှားသောအယူဝါဒကို စတင် ယူဆ။ တွေးခေါ်၊ သွန်သင်ခဲ့သူ ရဟန်းတော် အာရိဦး (ဗမငကျ)နှင့်ရန်ဘက်ဖြစ်ခဲ့ပါသည်။ အသင်း တော်အပေါ် ချစ်သောစိတ်၊ အမှန်တရးကို ရင်ဝယ်ပိုက်လိုမှုတွေကြောင့် အာသနားစီဦးသည် အာရိဦး နှင့် ရန်ဘက်ဖြစ်ခဲ့ရသည်။ ဤကဲ့သို့ ပြိုင်ဘက်ဖြစ်ခြင်းကြောင့် အာသနားစီဦးသည် (၅)ကြိမ်တိုင်တိုင် (၆)နှစ်ကြာ ပြည်နှင်ဒဏ်ပေးခံရပြီး အီဂျစ်ပြည်၊ သဲကန္တာရတွင် ရှိသောရသေ့များကြားထဲတွင် ပုန်းအောင်း ခဲ့ရပါသည်။ ထိုမျှမက အင်ပါယာဘုရင်များနှင့် မိမိ၏ သက်ဆိုင်ရာ ဆရာတော်အဲလက်ဇန်းတာ (ဗူနထညေိနမ) အားဖြင့်လည်း ဝေဖန်ပြစ်တင်မှုတွေကိုပါ ခံခဲ့ရပါသည်။ အဆိုးဆုံးမှာတော့ အာသနား စီဦးသည် လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်မှ်ဖြစ်ခဲ့ရလေသည်။

ဘုန်းတော်ကြီး အာရိဦး၏ လွဲမှားသောအယူဝါဒ (ဗမငညေ ့နမနျပ) ကို တိုက်ထုတ်ခြင်း မှာ အာသနားစီဦးအတွက် အင်မတန်အရေးပါလှပြီး မိမိ၏ အဓိကတာဝန်နှင့် ကိုယ်ပိုင်အလုပ်ကိစ္စအနေ ဖြင့်တောင် သတ်မှတ်ထားလိုက်သည်။ အာရိဦးသည် အာသနားစီဦးထက် ဝါတော်ကြီးပြီး အဲလက်ဇန်း  ဒရိယားဂိုဏ်းအုပ် သာသနာတော်၏ဘုန်းတော်ကြီးများလည်း ဖြစ်ကြပါသည်။ ဘုန်းတော်ကြီး အာရိဦး သည် အန်းတီအုပ်၏နာမည်ကျော်ကြားသော ကျောင်းမှာ ပညာဆည်းပူးခဲ့ပြီး သူ၏ဆရာတော်မြတ် ဖြစ်သည့် အဲလက်ဇန်းတာထက် အဟောအပြောကောင်းမွန်ပြီး ပညာÓဏ်စွမ်းထက်မြက်သူ ဖြစ်ပါသည်။ ထိုအရည်အချင်းများကို ပိုင်ဆိုင်ထားသော ဘုန်းတော်ကြီး အာရိဦးသည် သူ့၏ဆရာတော် အဲ့လက်ဇန်း တားအား အထင်မြင်သေးလေ့ရှိပါသည်။ တစ်နေ့တွင် သူ၏ ဆရာတော် အဲလက်ဒွန်းတားသည် ပုဂ္ဂိုလ် သုံးပါးဘုရားတစ်ဆူ အကြောင်း ရှင်းလင်းဟောကြားသွန်သင်ချက်ကို နားထောင်နေရင် လက်မခံနိုင် ဖြစ်ကာ သူ၏ဆရာတော်ဟောကြားချက်ကို လွဲမှားသောသွန်သင်ချက်ဖြစ်သည်ဟု ဆိုကာ ထုတ်ပြန် ကြေညာလိုက်ပါသည်။

ဘုန်းတော်ကြီး အာရိဦး၏ အတွေးအခေါ် (ဗမငကျ ငိနျေ)

အာရိဦးသည် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ( ွှမငညငအပ )အကြောင်းနှင့်ပတ်သက်ပြီး သူ့ဆရာတော်ဟောကြားမှုနှင့် ကွာခြားစွာအတွေးအခေါ်ရှိခဲ့ပါသည်။ သူ၏အတွေးအခေါ်မှာ ယေဇူး ဘုရားရှင်တို့သည် ဖန်ဆင်းခံသက်သက်သာဖြစ်ကြသည်။ ဤကဲ့သို့သော အတွေးအခေါ်ကို ၃၁၈ခုနှစ် မှစတင်ကာ လူသိရှင်ကြားဟောကြားခဲ့သည်။ ဆရာတော်အဲ့လက်ဇန်းတား (ဗူနထညေိနမ) သွန်သင် ချက်ဖြစ်သည့် ခမည်းတော်ဘုရား၊ သားတော် (ခရစ်တော်)ဘုရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား တို့သည် ပုဂ္ဂိုလ်သုံးပါးဖြစ်ပြီး ဘုရားအဖြစ်တော်၌ အပြည့်အဝတည်ရှိလျက်ရှိပါကြောင်း ဖြစ်ပါသည်။ သားတော်ဘုရား ယေဇူးခရစ်တော်သည် လူသားတစ်ယောက်အနေနှင့် ပါလက်စတိုင်းနိုင်ငံတွင် မွေးဖွား သန့်စင်ခဲ့သည့်အကြောင်း ဟောကြားခဲ့ပါသည်။ အာရိဦးအနေနှင့် ဤကဲ့သိုဆရာတော်၏ သွန်သင်ချက် သည် မိုက်မဲသော၊ မှားယွင်းသော သွန်သင်ချက်ဖြစ်ကြောင်း သူ့၏ဟောကြားချက်တွင် ထည့်သွင်းဟော ကြားခဲ့ပါသည်။

အာရိဦးအယူဝါဒကို ကိုယ်တွယ်ဖြေရှင်းခြင်းအာရိဦးသည် မိမိလက်ခံယုံကြည်ထားသော လွဲမှားသောအယူဝါဒကို ပညာတတ် တစ်ယောက်ပီပီ အကြောင်းပြချက်အဖုံဖုံဖြင့် ခုခံကာကွယ်ဟောကြားသောအခါ သူ၏ဘဝတူ သူငယ်ချင်း ဘုန်းတော်ကြီးများလည်း လက်ခံခဲ့ကြပြီး အသင်းတော်အတွင်း အတော်လေးကို ဂယက်ရိုက်သွားခဲ့ ရလေသည်။ ထိုအချိန်တွင် အာရိဦးနှင့် အပြိုင်ထူးချွန်ထက်မြက်သော တူညီသော သာသနာအတွင်းတွင် ဘုန်းတော်ကြီးဖြစ်လာခဲ့သူမှာ အရွယ်နုပျိုသေးသော ဘုန်းတော်ကြီး အာသနားစီဦး ဖြစ်ပါသည်။ သူသည် အသင်းတော်အပေါ် သစ္စာရှိသူပီပီ ထိုအယူဝါဒပျံ့နှံ့မှုကို သတိရှိရှိစောင့်ကြည့်ရုံတင်မက တိုက်ဖျက်ရန် ကြိုးစားအားထုတ်နေခဲ့ပါသည်။ ထိုကြိုးစားအားထုတ်မှုကြောင့် အာရိဦး၏အယူဝါဒကြီးပျံ့နှံ့နေချိန်မှာပင် ဆရာတော် အဲလက်ဇန်းတား၏ အတွင်းရေးမှူးအနေနှင့် ခန့်အပ်ခြင်းကို ခံခဲ့ရပါသည်။

အာရိဦးအယူဝါဒ (ဗမငညေငျာ) သည် အဲ့လက်ဇန်းဒရိယားနှင့် အီဂျစ်နိုင်ငံကိုတောင် ကျော်ပြီး ပျံ့နှံ့သွားခဲ့ပါသည်။ ထိုအယူဝါဒချုပ်ငြိမ်းသွားရန် အလို့ငှာ ဘုရင်မင်းမြတ် ကွန်စတန်တိုင်း (ဃသညျအညေအငညန)သည် ၃၂၅ခုနှစ်တွင် ဆရာတော်ကြီးများအားလုံးကို ဆင့်ခေါ်ခဲ့ပြီး နိချေရာ (ငြခနေ) မြို့တွင် ဓမ္မသံဃာယနာတွင်အစည်းအဝေးကြီးကို ဘုန်းတော်ကြီးအာရိဦး၏ အခြေအနေအလုံးစုံကို အဖွင့်အမှာစကားအနေဖြင့် မြွက်ကြားမည့် သူ၏ဆရာတော်အကြံပေးအနေနှင့် အဓိကအခန်းကကဏ္ဍ တွင် ပါဝင်လာခဲ့ပါသည်။ ထိုအစည်းအဝေးကြီးတွင် အမိအသင်းတော်သည် ဘုန်းတော်ကြီး အာရိဦး၏ အယူဝါဒကို တိုက်ဖျက်ရန် အလွန်ထက်မြက်သော ဘုန်းတော်ကြီးအာသနားစီဦး၏ စကားလုံးများကို ပြဋ္ဌာန်းလိုက်ပါသည်။ ထိုစကားလုံးများမှာ ယေဇူးဘုရားရှင်သည် ဖန်ဆင်းခြင်းမခံ၊ မွေးဖွားခြင်းခံပြီး၊ ခမည်းတော်ဘုရား၏ ဘုရားဇာတိတော်၌ တလုံးတဝတည်းဖြစ်သည်ဟု ဖြစ်ပါသည်။ ထိုအစည်းအဝေး အသင်းတော်ခေါင်းဆောင်ကြီးများသည် ဘုန်းတော်ကြီး အာရိဦးကို အသင်းတော်မှ ထုတ်ပစ်လိုက်ပါ သည်။

ပတ္တမြားမှန်လျှင် ရွှံ့နွံနစ်သော်လည်း သူ၏အရည်အသွေးအရောင်ကို လျှော့နည်းမှေးမှိန် သွားမည်မဟုတ်သလို မှန်ကန်သောအယူဝါဒကို ပိုင်ဆိုင်ထားသော အမိအသင်းတော်ကို မည်သည့် လွှဲမှားသောအယူဝါဒတွေနှင့် တိုက်ခိုက်နေပါစေ ပျက်စီးပျောက်ကွယ်သွားမည် မဟုတ်ပါ။ သို့ဖြစ်ပါသော ကြောင့် ဓမ္မသံဃာယနာတင် အစည်းအဝေးကြီးမှ ထိုအာရိဦး၏အယူဝါဒကို အလဲထိုးအနိုင်ယူလိုက် ခဲ့ပါသည်။

ဘုန်းတော်ကြီး အာသနားစီဦးသည် သူ၏ဆရာတော် အဲ့လက်ဇန်းတား ပျံလွန်တော်မူ သည့် (၃၂၇)ခုနှစ်တွင် အဲ့လက်ဇန်းဒရိယား၏ဆရာတော်အနေဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရ သည်။ ဆရာတော်တာဝန်ကို ထမ်းဆောင်ရင်း အာရိဦး၏ အယူဝါဒကို လက်ခံကျင့်သုံးသော သူ၏ သာသနာတော်မှ ဘုန်းတော်ကြီးများဖြစ်ပြီး သူ၏သူငယ်ချင်းများလည်းဖြစ်လျက် ဆန့်ကျင်တိုက်ခိုက်မှု ကို ခံရပါသည်။ ဘုရင်မင်းမြတ် ကွန်စတန်တိုင်း(ဃသညျအညေအငညန) အပေါ် လွှမ်းမိုးလာပြီး ဆရာတော် အာသနားစီဦးအား နောင်တမရသော ဘုန်းတော်ကြီး အာရိဦးကို လက်ခံပေးရန် အမိန့်ပေးစေခဲ့သည်။ ဆရာတော်အာရိဦးသည် လက်မခံဘဲ ငြင်းဆန်ခဲ့သဖြင့် အားရိဦးအယူဝါဒကို လက်ခံသောသူတို့သည် ဒေါသအလိပ်လိပ်ထွက်၍ ဆရာတော်ကို ဆန့်ကျင်ပြီး မမှန်ကန်သောစွပ်စွဲချက်များဖြင့် တိုက်ခိုက်လာ ခဲ့ကြသည်။ အကျိုးဆက်မှာ ဆရာတော်ကိုယ်တိုင် ဘုရင်ရှေ့၌ စစ်ဆေး၊ စမ်းသပ်ခံရသည်ထိ ဖြစ်ခဲ့ရ ပါသည်။

အပင်မြင့်လေ လေတိုက်ခံရလေဆိုသည့်အတိုင်း အမှန်တရားကိုလက်ကိုင်ထားသော ဆရာတော်အတွက် တိုက်ခိုက်မှုများသည် ဒီရေကဲ့သို့ မြင့်တက်လျှက်ရှိပါသည်။ ဆရာတော်အာသနား စီဦးကို ရှုတ်ချရန်ရည်ရွယ်ပြီး အာရိဦးအယူဝါဒလက်ခံကျင့်သုံးသော သူတို့သည် သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ထိုအစည်းအဝေးကြီး၏ အကျိုးဆက်မှာ ဆရာတော်သည် ၃၃၆ခုနှစ်တွင် ဂျာမဏီ နိုင်ငံသို့ပြည်နှင်ဒဏ်ပေးခံရသည်ထိ လုပ်ကြံခဲ့ကြသည်။ အမိအသင်းတာ်အတွက် ကာကွယ်ပေးသေ ဘုရင်မင်းမြတ်နတ်ရွာစံသည့်အချိန်တွင် အာရိဦးအယူဝါဒလက်ခံကျင့်သုံးသူများ၏ ကံကြမ္မာသည် နေမင်းပမာမြင့်တက်နေတော့သည်။ နောက်ဆုံးတွင် ဆရာတော်အာသနားစီဦးဘက်မှ ခုခံကာကွယ် ပြောဆိုဖို့ရန် ရဟန်းမင်းကြီးကိုယ်တိုင် ညီလာခံကို ဦးဆောင်ကျင်းပခဲ့သော်လည်း ထိရောက်မှုမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အရှေ့အင်ပါယာကြီးတစ်ခုလုံးသည် အာရိဦးအယူဝါဒကို လက်ခံကျင့်သုံးနေသူ  ဘုရင်မင်းမြတ် ကွန်စတန်တီနုး(စ်)သည် ဆရာတော်အာသနားစီဦးကို ပြစ်ဒဏ်စီရင်ရန်နှင့် ရဟန်းမင်းကြီး ကို သူနှင့်ပူးပေါင်းရန် ညီလာခံများကို ကြိုးကိုင်ကျင်းပခဲ့ပါသည်။ ထိုမျှမက ဆရာတော်သည် ဘုရင်မင်း မြတ်၏ လက်ထက်တွင်လည်း အဆက်မပြတ်ပြစ်တင်ရှုတချမှုများကို အလူးအလဲခံခဲ့ရပါသည်။ နှစ်ပေါင်း မြောက်မြားစွာ အာရိဦးအယူဝါဒကို တိုက်ဖျက်ခဲ့ပြီး ၃၃၆ခုနှစ်တွင် ရုပ်သိမ်းထားသော ဆရာတော် ရာထူးကို ပြန်လည်အပ်နှင်းခဲ့ပြီး ဆရာတော်မပျံလွန်မီ ၇နှစ်သာ အလက်ဇန်းဒရီယားတွင် အေးအေး ချမ်းချမ်း သီတင်းသုံးနေထိုင်ခဲ့ရသည်။ မဆုပ်မနစ်သောဇွဲလုံ့လကြောင့် ရဟန္တာအာသနားစီဦးသည် ဂရိ ကက်သလစ်အသင်းတော်မှာ မြတ်သောအယူဝါဒ၏ဖခင်ကြီးအနေဖြင့် သတ်မှတ်ခြင်းခံရပါသည်။ အမိကက်သလစ်အသင်းတော်အနေဖြင့် ရဟန္တာအာသနားစီဦးကို အသင်းတော်၏မဟာဖခင်ကြီး ၈ဦး အနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

Add new comment

1 + 2 =