ပုပ်ရဟန်းမင်းကြီးဒုတိယောက်မြောက်ဂျွန်ပေါလ်

ရဟန္တာကြီးဖြစ်သော ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်းပေါလ်ကို ကက်သလစ်သာသာ ဝင်မိဘနှစ်ဦးဖြစ်သည့် ုမေသူ ျွှသအြပေူ ှညမ နျင့် နာငူငေ တို့မှ မေလ ၁၈ရက်နေ့၊ ၁၉၂၀နှစ်၊ ဝါဒိုဝိုက်စ် မြို့၊ ပိုလန်နိုင်ငံတွင် မွေးဖွားခဲ့သည်။ ရဟန်းမင်းကြီး ဒုတိယမြောက်ဂွန်းပေါလ်၏ ငယ်နာမည်မှာ ုမေသူ ဲသဖန် ျွှသအြပေူ ဖြစ်၍ ပိုလန်လူမျိုးလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖြစ်ပြီးနောက် ဗာတီကန်နိုင်ငံသား သည် ဖြစ်ခွင့်ရခဲ့သည်။ ညီအစ်ကိုမောင်နှမသုံးဦးအနက် အငယ်ဆုံးသား ရတနာဖြစ်သည်။ သူမမွေးဖွား မီ သူ၏အစ်မ ဥေါူ ကွယ်လွန်ခဲ့သည်။ ကျောင်းဆရာမဖြစ်သော မိခင်သည်လည်း အငယ်ဆုံးသားဖြစ် သော (ဏသစန ဲသ့ည ဏကေူ ှှုု) ရှစ်နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြန်သည်။ မိခင်ကွယ်လွန်ချိန်တွင် ပထမ ကိုယ်တော်မြတ် မရရှိသေးပေ။ အစ်ကို နာိကညိ နှင့်အတူ ဘဝခရီးကို ဆက်လက်ဖြတ်သန်းခဲ့ရပါသည်။ ရဟန်းမင်းကြီးသည် ဂျူးလူမျိုးကို သဘောကျနှစ်သက်သောသူ ဖြစ်ပါသည်။ ဘောလုံးကစားတိုင်း ဂျူး အသင်းဖက်မှနေ၍ ကစားသည်။ မူလတန်းဘဝတွင်လည်း ဂျူးလူမျိုးတို့ထဲမှ မင်းသမီးကဲ့သို့ နာမည် ကြီးသော ွငညေု နြနမ ဆိုသူနှင့် အပြန်အလှန်နှစ်သက် သဘောကျခဲ့ဖူးပါသည်။ လူငယ်ဘဝတွင် စာပေနှင့် အားကစားကို အလွန်ပင် ဝါသနာကြီးသောသူ ဖြစ်သည်။ ထင်ထင်ရှားရှားတွေ့မြင်ရသည်မှာ လီဗာပူးဘောလုံးအသင်း၏ အထူးပရိသတ်တစ်ဦးဖြစ်၍ ဘောလုံးကစားချိန်တိုင်း၌ ဂိုးဖမ်းသမားနေရာ တွင် အမြဲတမ်းကစားလေ့ရှိသည်။ ရဟန်းဘဝတက်လှမ်းရန်အတွက် ေါဲငနူသညငညေ တက္ကသိုလ်တွင် လုပ်အားပေးစာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်ရင်း ဒဿနိက(အတွေးအခေါ်) ပညာရပ်များကို သင်ယူခဲ့ရသည်။ နိုင်ငံတော်ဥပဒေအရ စစ်ရေးသင်တန်းကို မဖြစ်မနေတက်ရောက်ခဲ့ရသော်လည်း ပစ်ခတ်ခြင်းလုပ်ငန်းနှင့် ပတ်သက်သောအရာမှန်သမျှကို လုံးဝမနှစ်သက်ခဲ့ပေ။ စာပေကိုသာ အထူးလေ့ လာလိုက်စားခဲ့ခြင်းကြောင့် ဘာသာစကားကြီး(၁၂)မျိုးကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ ဤစကား (၁၂)မျိုးမှာ- ဏသူငျ့ယ ူအေငညယ ှုအေူငညေယ ှစညေငျ့ယ ဏသမအကါကနျနယ င်္မနညခ့ယ နညါူငျ့ယ ွနမာညေယ ု့မငေညငညေယ ှနမဘသ-ဃမသအေငညေယ ှူသလေု ညေိ နျစနမညေအသ  တို့ဖြစ်ပါသည်။ ရဟန်းမင်းတစ်ပါးအဖြစ် သက်ရှိ ထင်ရှားရှိခဲ့စဉ်တွင် ဤစကား(၁၂)မျိုးအနက်မှ (၉)မျိုးကို ကျယ်ပြန့်စွာ ပြောဆိုအသုံးပြုနိုင်ခဲ့ပါသည်။

ရဟန်းမင်းကြီးသည် ၁၉၄၆ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့တွင် ဂုဏ်းချုပ်ဆရာတော် ကာဒီနယ် ဗောိ ှအန်ညေ ှစေငနေ့ လက်တော်မှ ရဟန်းသိက္ခာကို ရရှိခဲ့ပါသည်။ ၁၉၅၈ခုနှစ်၊ စက်တင် ဘာလ ၂၈ရက်နေ့တွင် ဂိုဏ်းချုပ်ဆရာတော် နကါနညငကျဖ ြဖေငေု လက်တော်မှ ဆရာတော်အဖြစ်သို့ တင်မြှောက်ခြင်းခံခဲ့ရပါသည်။ ၁၉၆၇ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ရဟန်းမင်းကြီး ဆဌမမြောက်ပီဦး လက်ထက်၌ ကာဒီနယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ရဟန်းမင်းကြီးဆဌမမြောက်ပီဦး ၏ အရိုက်အရာကို ဆက်ခံသော ရဟန်းမင်းကြီး ပထမမြောက်ဂျွန်းပေါလ်ပျံလွန်တော်မူခဲ့ပြီးနောက် ၁၉၇၈ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့တွင် ုမေသူ ဲသဖန် ျွှသအြပေူ (ငယ်နာမည်)သည် ရဟန်းမင်းကြီး ဒုတိမြောက်ဂျွန်းပေါလ်အဖြစ်သို့ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သူ၏ ဆောင်ပုဒ်မှာ ]ကိုယ်တော် ၏ အလိုတော်အတိုင်းဖြစ်ပါစေ} ဖြစ်ပါသည်။ သူသည် သူတော်မြတ်အပါးပေါင်း (၁၃၄၀)နှင့် ရဟန္တာ အပါးပေါင်း (၄၈၃)ဦးတို့ကိုတင်မြှောက်ပေးနိုင်ခဲ့ပါသည်။ ရဟန်းမင်းကြီးသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၉)နိုင်ငံအထိ သိုးထိန်းခရီးပြုခဲ့ပါသည်။ ၂၀ဝ၅ခုနှစ်အထိ ကက်သလစ်အသင်းတော်ကြီးကို အုပ်ချုပ် လာသော ရဟန်းမင်းကြီးအပါးပေါင်း (၂၆၄)ပါးရှိသည့်အနက် ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် သည် ဒုတိယသက်တမ်းအကြာဆုံး ဖြစ်ခဲ့ပါသည်။

ကက်သလစ်ဘာသာဝင်သိုးစုများအတွက်သာမက ကမ္ဘာလူသားအားလုံးအတွက်လည်း ရဟန်းမင်းကြီး ဒုတိယဂျွန်ပေါလ်က သူ၏လက်ထက်တွင် စာချွန်တော်ခေါင်းစဉ်စုစုပေါင်း (၅၆)ခုကို သွန်သင်ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ၎င်းတို့ကို မြန်မာဘာသာဖြင့် တိတိကျကျဘာသာပြန်ဆိုထားခြင်း နည်းပါး နေသေးသောကြောင့် စာဖတ်သူများအတွက် အခက်ခဲရှိနေပေဦးမည်။ မည်သို့ပင်ဖြစ်စေ စာဖတ်သူ အား ဗဟုသုတရစေလိုသည့်အနေဖြင့် ခေါင်းစဉ်များကို မူရင်းဘာသာအတိုင် ဖော်ပြပေးပါသည်။

ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ် ပျံလွန်တော်မူသည့်နေ့မှ ၂၀ဝ၅ခုနှစ်၊ ဧပြီလ ၁ရက်ဖြစ်သည်။ အမိအသင်းတော်ကြီး၏ ဥပဒေအတိုင်း သူ့အားရဟန္တာကြီးတစ်ပါးအဖြစ် ၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်နေ့ ဗာတီကန်မြို့တော် စိန်ပီတာကျောင်းတော်ကြီး၌ တရားဝင်သတ်မှတ်ကြေညာပြီး အောက်တိုဘာလ ၂၂ရက်နေ့ရောက်တိုင်း ရဟန်းမင်ကြီး ဒုတိယမြောက်ဂျွန်ပေါလ်ပွဲနေ့ကို ကျင်းပရန် အသင်းတော်ပြက္ခဒိန်ထဲတွင် ထည့်သွင်းအတည်ပြုထားပေးပါသည်။ နောက်ဆုံးအနေဖြင့် ရဟန္တာရဟန်း မင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်၏ အမိအသင်းတော်ကြီးအတွက် အစေခံသာသနာပြုပေးဆပ်ခဲ့သော ဝါတော်မှာ-

ရဟန်းအဖြစ် (၁၂)ဝါ

ဆရာတော်အဖြစ် (၉)ဝါ

ကာဒီနယ်အဖြစ် (၁၁)ဝါ

ရဟန်းမင်းကြီးအဖြစ် (၂၇)ဝါ ရှိခဲ့ကြောင်း အကျဉ်းချုပ်အားဖြင့် ရေးသားဖော်ပြလိုက် ပါသည်။

Add new comment

1 + 17 =