တိမ်မြုပ်နေသောပညာရပ်

တဖက်သားစကားကို နားထောင်ခြင်းဟာ လူအများစုအတွက် တိမ်မြုပ်ပျောက်ဆုံးနေတဲ့ ပညာရပ် ဖြစ်ပါတယ်။

လူတော်တော်များများဟာ ပြောသာပြောတတ်ပြီး နားမထောင်တတ်ကြပါဘူး လူနှစ်ယောက်ပြောနေတဲ့ စကားဝိုင်းမျိုးကို ဘေးက အကဲခတ်ကြည့်ပါ။

အပြန်အလှန်ပြောဆိုတာမျိုး တွေ့ရခဲပြီး တယောက်တလှည့်စီ ကိုယ်ပြောချင်ရာ လျှောက်ပြောနေတာတွေကိုသာ တွေ့ရဖို့များပါတယ်။

တဖက်လူပြောတာကို နားမထောင်ဘဲ သူ့စကားဆုံးရင် ငါ ဘာဆက်ပြောမယ်ဆိုတာကိုသာ သဲသဲမဲမဲ စဉ်းစားနေတဲ့

အပြောသမားတွေရဲ့ ရယ်ချင်စရာ အပြုအမူကို ဘေးက အကဲခတ်သူတွေ သေသေချာချာ မြင်ကြရပါလိမ့်မယ်။

လူတွေဟာ မိမိစကားကို လေးလေးနက်နက် နားထောင်မယ့်သူကို မွတ်သိပ်တောင့်တတတ်ကြပါတယ်။

အနောက်နိုင်ငံတွေမှာ စိတ်ရောဂါကု ဆရာဝန်တွေဟာ လူနာတဦးကို တနာရီ ဒေါ်လာလေးဆယ် ငါးဆယ်နီးပါးယူပြီး လက်ခံစကားပြောကြပါတယ်။

သူတို့ စိတ်ကုထုံးရဲ့ အဓိက အနှစ်သာရတခုက လူနာပြောသမျှ လူနာရင်ထဲက ပြောချင်တာတွေကို စိတ်ပါဝင်စား နားထောင်ပေးတာတွေ

လိုအပ်တဲ့နေရာမှာ စကားထောက်ပေး ဆွေးနွေး မေးမြန်းပေးခြင်း ဖြစ်ပါတယ်။

စိတ်ရောဂါဆရာဝန်ဆီ တနာရီဒေါ်လာငါးဆယ်ပေးဖို့ လာကြတဲ့ လူနာတွေဟာ သွတ်သွတ်ခါအောင် ရူးနေကြတဲ့သူတွေ မဟုတ်ပါဘူး။

စိတ်ဖိစီးမှုအရမ်းများနေတဲ့အတွက် ရင်ထဲရှိသမျှကို တယောက်ယောက်ဆီ ဖွင့်ချလိုတဲ့ သူလိုငါလို လူတွေပါ

စိတ်ကုဆရာဝန်နည်းတူ ခင်ဗျားလည်း သူတပါးစကားကို နားထောင်ပေးခြင်းအားဖြင့် အကျိုးအမြတ် ရနိုင်ပါတယ်။

လုပ်ငန်းကြီးတခုမှာ မိမိလိုဘဲ လုပ်ကိုင်နေတဲ့ မိမိအောက်လူတွေနဲ့ တခြားဌာနခွဲတွေမှာ လုပ်ကိုင်နေတဲ့

မိမိတန်းတူလူတွေ တိုင်ပင်ဆွေးနွေးလာတဲ့ စကားတွေကို လေးလေးနက်နက် နားထောင်မှတ်သားတာတွေ၊

မေးမြန်းစူးစမ်းတာတွေ လုပ်ခြင်းအားဖြင့် ခင်ဗျားဟာ လုပ်ငန်းကြီးတခုလုံးအကြောင်းကို လူတကာထက် နားလည်တတ်ကျွမ်းတဲ့သူ ဖြစ်လာနိုင်မယ်။

လုပ်ငန်းခွင်မှာ အပေါင်းအသင်းတွေ တိုးလာနိုင်မယ်။ ခင်ဗျားအပေါ် စေတနာထားသူတွေ၊ သစ္စာရှိသူတွေ၊ ပူးပေါင်းဆောင်ရွက်လိုသူတွေ တိုးပွလာနိုင်မယ်။

ဒီကနေ လုပ်ငန်းခွင်မှာ အောင်မြင်တဲ့သူ ဖြစ်လာနိုင်မယ် ဒါတွေက တဖက်သားစကားကို လေးလေးစားစားနားထောင်ခြင်းဆိုတဲ့ အကြောင်းတခုတည်းကနေ ရရှိလာနိုင်မယ့် အကျိုးအမြတ်တွေ ဖြစ်ပါတယ်

Enter

You sent

 

Add new comment

3 + 0 =