တမန်တော်ကြီးများရဲ့တမန်တော် မာရီယားမာဒလေနား

ဘုရားရှင်ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူကို အရင်ဆုံး ရောက်သွားခဲ့သူကတော့ မေရီ မာဒလေးနား။

ယေဇူးဘုရားရှင်က ပရိတ်နိဗ္ဗာန်စံသွားခဲ့ပေမဲ့ ဘုရားရှင်နဲ့ သူမ အကြား တည်ဆောက်ထားတဲ့ အနှောင်အဖွဲ့လေးက ပြတ်တောက်မသွားခဲ့ပါဘူး။

သစ္စာတရားရဲ့ပြယုဂ်လို့ပဲ ဆို ရပါတော့မယ်။ သေတဲ့အထိချစ်နေမှာဆိုတာ မာဒလေးနားနဲ့မှ ပိုပြီပေါ်လွင်သွားခဲ့ပါတယ်။

တကယ်တော့ မာဒလေနားက လွယ်လွယ်နဲ့ အလျှော့မပေး စိတ်ဓါတ်မကျတတ်တဲ့ အမျိုးသမီးတစ်ဦးပါ။

သင်္ချိုင်းဂူကို ရောက်ပြီး ရွေ့နေတဲ့ ကျောက်တုံးကြီးကိုမြင်တဲ့အခါ ထိတ်လန့်ပုန်းလျှိုးနေကြတဲ့ တပည့်တော်ြ ကီး တွေရှိရာကို အပြေးသွားလို့ အလောင်းတော် မရှိတော့တဲ့အကြောင်း သတင်းပေးခဲ့ပါတယ်။

ခရစ်တော်ဘုရား ရှင်ပြန်ပြီဆိုတာကို မာဒလေနားက သတိမထားမိသေးပါဘူး။

မေရီ သိတာတစ်ခုက သူမရဲ့ ဆရာသခင် ယေဇူး ဘုရားရဲ့ အလောင်းတော်ကို ဂျေရုဆလင်တစ်မြို့လုံး အိပ်မောကျနေချိန်မှာ တစ်စုံတစ်ယောက်က ခိုးယူသွား တယ်လို့ပဲ ထင်မှတ်နေခဲ့တယ်။

အဲ့ဒါကြောင့် သင်္ချိုင်းဂူရှိရာကို နောက်တစ်ကြိမ် ပြန်သွားပြန်လေရော။ သူမက သိပ် ခေါင်းမာတယ်။ ဒုတိယအကြိမ် မဖြစ်ဖြစ်အောင်ကို ရောက်လာခဲ့တာ။

ဒါပေမဲ့ ဒီတစ်ကြိမ်လျှောက်ခဲ့တဲ့ သူမရဲ့ ခြေလှမ်းတွေက နှေးကွေးလေးလံနေတယ်။ သေဆုံးသွားလို့ ၀မ်းနည်းရတာက တစ်ပူ။ အခုတစ်ခါ အလောင်းပျောက်လို့ စိတ်ရှုပ်ထွေးရတာက တစ်ပူ။

အပူပေါ် အပူတွေဆင့်ကာ သောကတွေဖြာလို့ သင်္ချိုင်းကို ပြန်ရောက်လာခဲ့ တယ်။ ဂူထဲကို ဆက်မသွားပဲ ဂူ၀မှာတင် ထိုင်ချပစ်လိုက်တယ်။

မျက်လုံးအိမ်မှာလည်း မျက်ရည်တွေကအပြည့်။ သူမက မြင်လျှက်ကန်းနေသလိုပဲ။ ဘေးနားက သိကြားတမန်နှစ်ပါးကိုလည်း သတိမမူမိ။

အနောက်နားဆီမှာ ရပ် နေတဲ့ လူတစ်ယောက်ကိုလည်း ဘယ်သူလဲဆိုတာ နဲနဲလေးမှ သံသယမ၀င်။

သူ့ကိုတော့ ဥယျာဉ်စောင့်လို့ပဲ ထင်နေခဲ့တာလေ။

နောက်ဆုံး ခရစ်တော်ဘုရားက “မေရီ” လို့ သူမရဲ့နာမည်ကို ခေါ်လိုက်တော့မှ အံသြခြင်းကြီး စွာနဲ့ နောက်လှည့်ကြည့်ဖြစ်တယ်။

နှုတ်ကလည်း “ရာဘိုးနီ” (ဆရာသခင်) လို့ခေါ်တကာ ခရစ်တော်ရှင်ပြန်တော် မူကြောင်း ယုံကြည်လက်ခံနိုင်ခဲ့ပါတယ်။

ဘုရားရှင်က လူသားတွေကို ဆက်သွယ်တဲ့အခါ တစ်ဦးချင်စီ ချဉ်းကပ်ပါတယ်။ လူသားတိုင်းကို နာမည် နဲ့ကို သိနေတာ။

ဒါဟာ ဘာပြောချင်လဲဆိုရင် လူတွေအားလုံးကို တစ်ဦးချင်းစီ နာမည်လိုက်သိတယ်၊ ချစ်တယ်၊ စိတ်၀င်စားတယ်၊ အနီးအနားမှာ အတူရှိနေတယ်ဆိုတာကို ပြောချင်တာပဲဖြစ်ပါတယ်။

တစ်ဦးချင်းစီက ဘုရားရှင်ရဲ့ မေတ္တာတော်ဇာတ်လမ်းကို ရေးသားနေကြပါတယ်။ ခရစ်တော်ဘုရားက မေရီမာဒလေးနားကို မေရီလို့ ခေါ် လိုက်တဲ့အခါ သူမဘ၀တစ်ခုလုံး ပြောင်းလဲသွားပါတယ်။

၀မ်းနည်းခြင်းတွေကနေ ပျော်ရွှင်ခြင်းတွေ ဖြစ်တည် လာရတယ်။ နာမည်တစ်လုံးကို ဥယျာဉ်အတွင်းမှာ ပဲ့တင်ထပ်စေခဲ့တာဟာ သူမဘ၀ကို ပျော်ရွှင်ခြင်းနဲ့ပြည့် အောင် ရုတ်ချည်းပြောင်းလဲစေနိုင်ခဲ့တယ်။

“မငိုနဲ့တော့ သမီး၊ ထပါ၊ ငါ မင်းကို လွတ်မြောက်စေမယ်” လို့ သခင်ယေဇူးက သူမကို ပြောနေခဲ့မှာပဲ။ ဒီစကားဟာ ဘယ်လောက်တောင် ခွန်အားတွေ ပြည့်နှက်နေပါလဲ။ အရမ်း လှတဲ့ စကားလေးတစ်ခွန်းပါပဲနော်။

ခရစ်တော်ဘုရားရှင်က သူ့ရဲ့ရှင်ပြန်တော်မူခြင်းနဲ့ လူတွေရဲ့ ဘ၀ကို လွတ်မြောက်ပြောင်းလဲစေချင်ပါ တယ်။ ဒီအတွေ့အကြုံကိုလည်း လူတိုင်းကို ခံစားစေချင်နေပါတယ်။

တွေ့ကြုံခံစားလိုက်ရတဲ့ မေရီမာဒလေးနား ကတော့ ခရစ်တော်ရှင်ကို ပွေ့ဖက်မယ်အလုပ်မှာ “ငါ့ကို မထိနဲ့ဦး၊ ခမည်းတော်ဘုရားဆီ မတက်ကြွရသေးဘူး” ဆိုပြီး ခရစ်တော်က ပြောလိုက်ပါတယ်။ သူမကိုလည်း ချက်ချင်း အလုပ်တစ်ခု စေခိုင်းခဲ့ပါတယ်။

ညီအစ်ကို တပည့်တော်ကြီးတွေဆီ သွားပြီး ရှင်ပြန်တော်မူခြင်းသတင်းကောင်းကို ပြောကြားစေခဲ့ပါတယ်။

တစ်ချိန်တုန်းက အပြစ်ကျေးကျွန်ရဲ့ ဖက်တော်သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ခရစ်တော်နဲ့ ဆုံတွေ့ခဲ့ပြီးနောက်မှာ သတင်းကောင်း ကို ပြောကြားပေးခဲ့တဲ့ မျှော်လင့်ခြင်းရဲ့ တမန်တော်၊ တမန်တော်ကြီးများရဲ့ တမန်တော်ဖြစ်လာခဲ့ပါတယ်။

သူမလိုပဲ ဘုရားရှင်နဲ့ ဆုံတွေ့ကာ လူအများအတွက် မျှော်လင့်ခြင်းတွေ မွေးဖွားပေးကာ ပျော်ရွှင်၀မ်းမြောက် နိုင်ကြပါစေ။

Add new comment

1 + 18 =