စိန်ဘာစီးလ်

ကျွန်ုပ်တို့ကက်သလစ်အသင်းတော်၌ သာသနာတော်ကြီးအား အဓွန့်ရှည်တည်တံ့စေရန် ဆိုသည့် ရည်ရွယ်ချက်နှင့် အဖက်ဖက်မှကြိုးပမ်းလုပ်ဆောင်ပေးခဲ့ကြသော ပုဂ္ဂိုလ်များစွာ ရှိသည်။ သူတို့ သည် အသင်းတော်အပေါ်၌ သစ္စာရှိကြသည်။ အသင်းတော်အား လွဲမှးသောအယူဝါဒများနှင့် တိုက်ခိ်ုက် သော သူတို့ရန်မှလည်း ကလောင်သွားထက်ထက်နှင့် ဓမ္မစာပေများ ရေးသားကာ ကာကွယ်ပေးခဲ့ကြ သည်။ မိမိတို့ကိုယ်တိုင်လည်း သန့်ရှင်းဖြူစင်ခြင်း ပါရမီနှင့် ကျင့်ကြံနေထိုင်ခဲ့ကြသည်။ အထူးသဖြင့် ထာဝရဘုရား၏တစ်ပါးတည်းသော သားတော် ယေဇူးအပေါ်၌ ထားရှိသောသူတို့၏ ယုံကြည်ခြင်းသည် မည်မျှကြီးမားကြောင်းကို လူသားတို့အား ပြသခဲ့ကြသည်။ ဤနည်းဖြင့် သခင်ယေဇူးတည်ထောင်ထား တော်မူခဲ့သော အသင်းတော်အား အဖက်ဖက်မှ ကူညီခဲ့ကြသည်။ ကာကွယ်ခဲ့ကြသည်။ ထို့ကြောင့် အသင်းတော်ထဲတွင် အသင်းတော်အတွက် စာပေအရေးအသားများဖြင့်တဖုံ၊ ဘဝနှင့်သက်သေခံဟော ပြောခြင်းဖြင့် တစ်သွယ် ကာကွယ်ပေးခဲ့ကြသော၊ ပေးဆပ်ခဲ့ကြသော၊ ကူညီပေးခဲ့ကြသော ဖခင်ကြီး များစွာရှိပါသည်။ ရဟန္တာဘာစီးလ် (အ့န ွမနအေ) သည်လည်း အသင်းတော်၏ ဖခင်ကြီးများထဲမှ တစ်ဦး အပါအဝင်ဖြစ်သည်။

ဘဝတစ်စေ့တစ်စောင်း

ရဟန္တာဘာစီးလ်(အ့န ွမနအေ) သည် ကောင်းသောခရစ်ယာန်မိသားစုမှ ဆင်းသက်လာ သူဖြစ်ပြီး အေဒီ ၃၂၉ခုနှစ်တွင် ကာပါဒိုးချီးယားပြည် (ဃစေစေိသခငေ) ဆီဇားရီးယားမြို့ (ဃနျေမေနေ)၌ မွေးဖွားခဲ့သည်။ သူ၏မိဘနှစ်ပါးမှာ ဘာစီးလ်(ျြေငူ) နှင့် အမ်မဲလီးယာ (နာနူငေ) များဖြစ်ကြပြီး သူတို့သည်လည်း ရဟန္တာများအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ မွေးချင်းမောင်နှမ ၁၀ဦးထဲတွင် သုံးဦးမှာ ဆရာတော်ကြီးများ ဖြစ်လာခဲ့ကြသည်။ ထိုသူတို့မှာ ရဟန္တာ ဘာစီးလ် (အ့န ွမနအေ) နိစ်ဆာ ပြည်မှ ရဟန္တာ ဂရေဂေါ်ရီ (ွမနါသမပ သ် ပျြေ) နှင့် ဆယ်ဘားစ်တယ်ပြည်မှ ရဟန္တာ ပီတယ်(ဏနအနမ သ် ှနဘျေအန )တို့ ဖြစ်ကြသည်။ သန့်ရှင်းမြင့်မြတ်ခြင်း ပါရမီသည် ရဟန္တာဘာစီးလ် (အ့န ွမနအေ)၏ အကြီးမားဆုံးသော ကျင့်စဉ်တစ်ခုဖြစ်ခဲ့သည်။ သူသည် ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်အလင်းကျေးဇူး တော်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ခဲ့သည်။ အထူးသဖြင့် ဘုရားသခင်နှင့် ဆိုင်သော နက်နဲဖွယ်ရာများ ကို သဘာဝထက်ကျော်လွန်ပြီး ၎င်း၏ဉာဏ်စွမ်းနှင့် ထိုနက်နဲဖွယ်ရာအချက်များ၏ လျို့ဝှက်ချက်များကို ရှာဖွေနိုင်ခဲ့သည်။ သူသည် ဆရာတော်တစ်ပါးအနေဖြင့် သာသနာတော်ကို ထိရောက်စွာ စီမံခန့်ခွဲအုပ် ချုပ်နိုင်ခဲ့ရုံမက သူ၏ဘာသာဝင်သားသမီးများအတွက် နူးညံ့သိမ်မွေ့ပြီး တရားမျှတသော ဖခင်တစ်ဦး လည်း ဖြစ်ခဲ့သည်။ တစ်ဖန်အသင်းတော်အား လွဲမှားသောအယူဝါဒများနှင့် ထိုအယူဝါဒများကို သွန်သင် သော ပုဂ္ဂိုလ်တို့၏ရန်မှ ကာကွယ်ပေးခဲ့သူလည်း ဖြစ်သည်။ အထူးသဖြင့် အားရီးယန်းအယူဝါဒ (ဗမငညေငျာ)အား လက်ကိုင်ထားသော ပုဂ္ဂိုလ်တို့၏ လွဲမှားစွာသွန်သင်သောအယူဝါဒများကို ရဲရင့်စွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်သူသည် အားရီးယန်း (ဗမငညေ) ဧကရာဇ်ဘုရင်များအတွက် အမြဲစိတ် အနှောင့်အယှက်ပေးသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။

ဘဝပြောင်းလဲခြင်း

ရဟန္တာ ဘာစီးလ် (အ့န ွနအေ)သည် လူတို့ကို မိန့်ခွန်းများနှင့် သြဇာလွှမ်းမိုးသူ ဖြစ်ချင် ခဲ့သည်။ ထို့ကြောင့် ဆီဇားရီးယား (ဃနျေမေနေ)၊ ကွန်စတန်တီနိုပယ် (ဃသညျအညေအငညသစူန) နှင့် အေသင်စ်မြို့ (ဗအ့နညျ)များရှိ ကျောင်းများတွင် လှည့်လည်ကာ ပညာဆည်းပူးခဲ့သည်။ အေသင်စ်မြို့ ၌ သူ၏ငယ်သူငယ်ချင်း နာဇီယန်းဇုစ်ပြည်မှ ရဟန္တာဂရေဂေါ်ရီ (ွမနါသမပ သ် ြဖေငညေဖကျ)နှင့် အတူလည်း ပညာဆည်းပူးခဲ့ကြသည်။ အေသင်စ်မြို့တွင် ပညာသင်ယူပြီးနောက် ၎င်း၏မြို့သို့ပြန်ကာ ဟောပြောနည်း အတတ်ပညာကို သင်ကြားပို့ချပေးခဲ့သည်။ ပိုင်ဆိုင်သမျှသော စည်းစိမ်အားလုံးရောင်း ချကာ ဆင်းရဲသားတို့အား လှူဒါန်းပြီး ခရစ်တော်နောက်လိုက်ခြင်းသည် ဘဝကိုပြည့်စုံခြင်းသို့ ပို့ဆောင် ပေးသောလမ်းဖြစ်ကြောင်း သိရှိလာခဲ့သည်။ ထို့ကြောင့် ရသေ့တစ်ပါးဖြစ်ရန် သူသည် ဆုံးဖြတ်ချက်ချ လိုက်ပြီး ပါလက်စတိုင်း (ဏေူနျအငညန)၊ ဆီးရီးယား (ဃပမငေ)နှင့် အီဂျစ် (နါပစအ) ပြည်များရှိ ရသေ့ ကျောင်းများသို့ လှည့်ပတ်ကာ လေ့လာခဲ့သည်။ သို့သော် သူ့အတွက် ထိုနေရာများမှာ ကျင့်ကြံမည့် နေရာမှန်မဟုတ်ကြောင်း တွေ့ရှိသောကြောင့် ပေါင်းတုစ်ပြည် (ဏသညအကျ)ရှိ (ယခု တူရကီနိုင်ငံ) အိုင်းရစ် မြစ်ကမ်းဘေးတွင်သာ သူ၏ရသေ့ဘဝအား စတင်ကာ ကျင့်ကြံအားထုတ်ခဲ့သည်။

ဘဝလုပ်ဆောင်ချက်များ

ရဟန္တာဘာစီးလ် (အ့န ွနအေ) သည် ဖြူစင်ခြင်းနှင့် ဉာဏ်ပညာထက်မြက်ခြင်းတို့၌ ကျော်ကြားသူ ဖြစ်သည်။ သူ၏သင်ကြားမှုစွမ်းရည်တို့သည် မြင့်မားလှပေသည်။ ထို့ကြောင့် ခရစ်ယာန် များသည် ပေါင်းတုစ်ပြည်သို့ လာရောက်ကာ သူ့ထံတွင် အကြံဉာဏ်များတောင်းခံကြသည်။ တစ်ချို့ ဆိုလျှင် သူ့ထံ၌ တပည့်များအဖြစ်ခံယူကြသောကြောင့် ရသေ့ဂုဏ်အားတည်ထောင်ခဲ့ပြီး ထိုရသေ့ ကျောင်း၌ နေထိုင်ကြသော ရသေ့များ လိုက်နာရန် စည်းကမ်းများကို ရေးဆွဲချမှတ်ပေးခဲ့သည်။ ထိုစည်း ကမ်းချက်များကိုလည်း အခြားသောရသေ့ကျောင်းတွင် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ နာဇီယန်းဇုစ် ပြည်မှ သူ၏ ငယ်သူငယ်ချင်း ဂရေဂေါ်ရီသည်လည်း သူ၏သာသနာနယ်ပယ်တွင် အားရီးယန်းတို့၏ လွဲမှားသော သွန်သင်မှုများ လွှမ်းမိုးလာကြောင်း ခံစားရသဖြင့် ဘာစီးလ်(အ့န ွနအေ) ထံ လာရောက် ကာ အကူအညီများနှင့် အကြံဉာဏ်များ တောင်းခံလေသည်။ ထို့နောက် သူနှင့် သူ့ငယ်သူငယ်ချင်းတို့ သည် အားရီးယန်းတို့ကို စာပေအရေးအသားဖြင့် လည်းကောင်း၊ ဟောပြောခြင်းဖြင့် လည်းကောင်း စတင်တိုက်ခိုက်ခဲ့သည်။ အေဒီ ၃၇၀ခုနှစ်တွင် သူသည် ဆီဇားရီးယားမြို့၏ ဆရာတော်တစ်ပါးအဖြစ် တင်မြှောက်ခြင်းခံရပြီး ဆေးရုံများ၊ အဆောက်အအုံများနှင့် ဆင်းရဲသားများအတွက် နားခိုရာ အဆောက် အအုံများကို တည်ဆောက်ပေးခဲ့သည်။ ဆက်လက်ပြီး အယူဝါများကို လွဲမှားစွာသွန်သင်နေသော အား ရီးယားများကိုလည်း အဆက်မပြတ်စည်းရုံးသိမ်းသွင်းခြင်းဖြင့် တိုက်ခိုက်ကာ သွန်သင်ဟောပြောခဲ့သည်။ သူ၏အချိန်အခါ (ဝါ)ခေတ်ကာလ၌လည်း အသင်းတော်အတွင်၌ မနာလိုမုန်းတီးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ အယူအဆလွဲမှားခြင်းနှင့် နိုင်ငံရေးနှင့် ပတ်သက်သော လျို့ဝှက်အကြံအစည်များကြောင့် ပြိုကွဲလျက် ရှိသည်ကို ဘာစီးလ် (အ့န ွနအေ) တွေ့မြင်သောအခါ စည်းလုံးမှုရှိရန်အတွက် စာပေများရေးသားခြင်း၊ လုပ်ငန်းများကြိုးစားလုပ်ဆောင်ခြင်းနှင့် မေတ္တာရပ်ခံခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ဘာစီးလ် (အ့န ွနအေ) ပျံလွန်ပြီး နှစ်နှစ်ကြာ၊ အေဒီ ၃၈၁ခုနှစ်တွင် အသင်းတော်မှ ကျင်းပသော ကွန်စတန်တီနိုပယ် ကောင်စီ၌ ဘာစီးလ် (အ့န ွနအေ) ၏ သွန်သင်ချက်များသည် အားရီးယန်းတို့အား ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များ၏ အခြေခံအချက်များ ဖြစ်လာခဲ့သည်။ရဟန္တာ ဘာစီးလ် (အ့န ွနအေ) ၏ ဘဝကို ကြည့်မိသောအခါ သူသည်လူငယ်ပီပီ အနာဂတ်တွင် လူတို့အား သူ့မိန့်ခွန်းအောက်၌ သြဇာညောင်းစေချင်သောသူဖြစ်ချင်ခဲ့သည်။ ထို့ကြောင့် ကြိုးစားခဲ့သည်။ အောင်မြင်ခဲ့သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏အလင်းကျေးဇူး တော်ကြောင့် သူ၏ပြောင်းလဲသွားသည်။ တစ်ဖန် ပြန်လည်ကြိုးစားခဲ့သည်။ ဆရာတော်တစ်ပါး ဖြစ် လာခဲ့သည်။ ထို့နောက် အသင်းတော်အား တိုက်ခိုက်သော အားရီးယန်းတို့ကို စာပေဖြင့်တစ်မျိုး၊  အပြော အဟောဖြင့် တစ်ဖုံ ကာကွယ်တိုက်ခိုက်ပေးခဲ့သည်။ ဤသို့ဖြင့် အသင်းတော်အပေါ် သစ္စာစောင့်သိခဲ့ သည်။ ပေးဆပ်ခဲ့သည်။ ချစ်ခဲ့သည်။ နောက်ဆုံးတွင် အသင်းတော်သည် သူ့အား ရဟန္တာတစ်ပါးအဖြစ် တင်မြှောက်ရုံသာမက အသင်းတော်၏ ဖခင်ကြီး တစ်ဦးအဖြစ်ပါ သတ်မှတ်ခဲ့သည်။ တစ်ဖန် သူသည် ကာပါဒိုးချီးယားပြည်၏ ဖခင်ကြီးသုံးဦးထဲမှ တစ်ဦးအပါအဝင်လည်း ဖြစ်လာခဲ့သည်။

Add new comment

7 + 13 =