Synod သတင်းထုတ်ပြန်ချက် ၁ – ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃

Synod သတင်းထုတ်ပြန်ချက် ၁ – ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃

ဘန်ဖူး၀မ် (မျိုးကြဲသူ အိမ်)သည် ဘန်ကောက်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ကြီးကျယ် ခမ်းနားသော ဘာသာရေးဆိုင်ရာ သင်တန်းပို့ချရာနေရာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ အာရှတိုက်လုံးဆိုင်ရာ ဓမ္မညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် နိုင်ငံအလိုက် ဆရာတော်များအဖွဲ့ချုပ် ၁၇ ခုမှ ဓမ္မညီလာခံ ကိုယ်စားလှယ်များ၊ ကက်သလစ်အသင်းတော်လုံးဆိုင်ရာ ဆရာတော်များ အဖွဲ့မှ ဆရာတော် ၂ပါး၊ အာရှတိုက် ဆရာတော်များညီလာခံများအဖွဲ့ချုပ် (FABC) ကို ဖွဲ့စည်း ထားသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံကို ကိုယ်စားပြုသော ဆရာတော်များအဖွဲ့တို့ တက်ရောက် ခဲ့ကြပါသည်။ ဤဓမ္မညီလာခံခရီးစဉ်တွင် ကာဒီနယ် ရဟန်းအမတ် ၆ ပါး၊ ဂိုဏ်းချုပ်ဆရာတော် ၅ ပါး၊ ဂိုဏ်းအုပ်ဆရာတော် ၁၈ ပါး၊ ဘုန်းတော်ကြီး ၂၈ ပါး၊ သီလရှင် ၄ ပါးနှင့် သာမန်ဘာသာတူ ၁၉ ဦးတို့ တက်ရောက်ကြပါသည်။

အကြီးဆုံးနှင့် လူဦးရေအများဆုံးတိုက်ကြီးဖြစ်သော အာရှတိုက်သည် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ လူမျိုးစုများနှင့် ဘာသာတရားများဖြင့် မင်္ဂလာရှိလှပေသည်။ ခရစ်ယာန်ဘာသာသည် အာရှတိုက်၏ နေရာအများစုတွင် အလွန်သေးငယ်သော လူနည်းစု ဖြစ်သော်လည်း၊ တစ်ဦးချင်းယဉ်ကျေးမှုများ၏ တက်ကြွမှုနှင့် ကြွယ်ဝမှုသည် သာသနာတော်၏ အသက်တာအတွက် ရွှင်လန်းစေပါသည်။ ယုံကြည်ချက်များ၊ တန်ဖိုးများနှင့် သင်္ကေတများ၏ စနစ်များသည် တစ်နေရာနှင့် တစ်နေရာ ကွဲပြားသော်လည်း လူ့အသိုက်အဝန်း၏ အပြန်အလှန် ဆက်နွှယ်မှုသည် အာရှလူမျိုးများကို စုစည်းစေသည်။ ဘုရားသခင်၊ မိမိကိုယ်ကို၊ အိမ်နီးနားချင်း၊ စကြဝဠာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း၏ အာရှတန်ဖိုးသည် ၎င်းနှင့်အတူ၊ လူသားမျိုးနွယ် မိသားစု၏ စည်းလုံးညီညွတ်မှုနှင့် အာရှပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို သယ်ဆောင် လာပါသည်။

စိန်ခေါ်မှုများရှိသော်လည်း၊ ဓမ္မညီလာခံခရီးသည် ကက်သလစ်သာသနာတော်အတွက် ကျေးဇူးတော်နှင့် ကုသခြင်း၏ အခိုက်အတန့်ဟု ယူဆပါသည်။ 'တဲတော်ကဲ့သို့သော သာသနာတော်' ၏ ပုံသဏ္ဌာန်က ၎င်းအား အားလုံးပါဝင်နိုင်သည့် စိတ်ဓာတ်ဖြင့် ချဲ့ထွင်နိုင်သည့် ခိုလှုံရာ နေရာတစ်ခုအဖြစ် ပုံဖော်ထားသည်။ အကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများနှင့် ဆင်းရဲဒုက္ခများ အပါအဝင် ဘုရားသခင်၏ ဝိညာဉ်တော်တည်ရှိသည့် နေရာတိုင်းတွင် ဘုရားသခင်သည် သူ၏တဲအိမ်တော်ကို တည်ဆောက်နိုင်သည်ကိုလည်း ဖော်ပြသည်။ အရေးအကြီးဆုံးကတော့ ဘုရားသခင်၏တဲအိမ်တော်ထဲ၌ လူတိုင်းအတွက် နေရာရှိပါသည်။ မည်သူ့ကိုမျှ မချန်လှပ်ထားပါ။ ဤဖြစ်စဉ်တွင်၊ ယခင်က 'ချန်ထားခံခဲ့ရသည်’ ဟုခံစားခဲ့ရသူများသည် ယခုအချိန်တွင် မြင့်မြတ်ပြီး လုံခြုံသောနေရာဖြစ်သည့် ဤဘုရားရှင်၏ တဲအိမ်တော်တွင် ၎င်းတို့အတွက် နေရာရှိသည်ကို သိရှိလာကြသည်။

တဲအိမ်တော်၏ပုံသဏ္ဌာန်သည် လူ့ဇာတိခံယူခြင်းမှတဆင့် ကျွန်ုပ်တို့အလယ်တွင် ယေဇူး ဘုရားရှင်သည် သူ၏တဲအိမ်တော်ကို ဆောက်ခဲ့ကြောင်းကိုလည်း သတိရစေသည်။ ထို့ကြောင့် ဘုရားရှင်၏ တဲအိမ်တော်သည်လည်း ဘုရားသခင်နှင့်၎င်း အချင်းချင်းနှင့်၎င်း တွေ့ဆုံရာနေရာ ဖြစ်လာပေသည်။ ယခုအခါ ဘုံစံအိမ်အဖြစ် မြင်နေရသော တဲအိမ်တော်သည် ဘုံဆေးကြောြခင်း မင်္ဂလာ၌ မျှဝေခံစားခြင်းနှင့် ပိုင်ဆိုင်ခြင်းသဘောကို ပြန်လည်နိုးကြားစေသည်။ ဓမ္မညီလာခံ လုပ်ငန်းစဉ်သည် အသင်းအဖွဲ့များ ပေါင်းစည်းခြင်းအဖြစ် အတူတကွ လျှောက်လှမ်းခြင်း၏ အရေးပါမှုကို ပိုမိုသိသာထင်ရှားစွာ သိရှိလာကာ သာသနာတော်၏ ပကတိ တိုးတက်မှုကို ဖော်ဆောင်ပေးပါသည်။
ကိုယ်စားလှယ်များ အတူတကွ ခရီးအတူတကွသွားနိုင်ရန်၊ ဆုတောင်းခြင်းအားဖြင့် ပိုင်းခြားသိမြင်နိုင်ရန်၊ ဆွေးနွေးရန်နှင့် ချင့်ချင့်ချိန်ချိန်ဆောင်ရွက်နိုင်ရန်အတွက် ကူညီပေးရန် မူဘောင်မူကြမ်းကို ရေးဆွဲထားပါသည်။ လာမည့်သုံးရက်အတွင်း ကိုယ်စားလှယ်များသည် ၎င်းတို့၏ ပျော်ရွှင်မှု၊ အတူတကွ လျှောက်လှမ်းခြင်း၏ အတွေ့အကြုံ၊ ဒဏ်ရာများ၏ အတွေ့အကြုံနှင့် လမ်းစဥ်သစ်များကို လက်ခံရန် ဖိတ်ခေါ်ခြင်းတို့ကို မျှဝေသွားပါမည်။ ၎င်းတို့သည် အာရှတိုက်ကို ကပ်ရောဂါဆိုးများဖြစ်စေသည့် တင်းမာမှုများ -အသက်ရှင်နေထိုင်မှုဆိုင်ရာ စည်းလုံးညီညွတ်မှု၊ ဆုံးဖြတ်ချက်ချမှု၊ ဘုန်းတော်ကြီးအသက်တာသို့ ခေါ်တော်မူခြင်းများ၊ လူငယ်၊ နွမ်းပါးသူများ၊ ဘာသာရေး ပဋိပက္ခများနှင့် ဘုန်းတော်ကြီးဝါဒ (Clericalism) တို့ကိုလည်း အလေးထား ဆွေးနွေးကြမည်ဖြစ်သည်။

ဖွင့်ပွဲ မစ္ဆားတရားတော်မြတ်အခမ်းအနားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရား အား ပူဇော်အပ်နှံသည့် မစ္ဆားတရားတော်မြတ်ကို ဂျပန်နိုင်ငံ၊ တိုကျိုဂိုဏ်းချုပ်သာသနာပိုင်နှင့် အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဂိုဏ်းချုပ်ဆရာ တော် Tarcisio Isao Kikuchi၊ SVD၊ က ဦးဆောင်ပူဇော်မည် ဖြစ်ပါသည်။ ယင်းနောက်တွင် ဆင်ခြင်သုံးသပ်ခြင်းနှင့် ပိုင်းခြားသိမြင်မှုဆိုင်ရာ ခေါင်းစဉ်များအကြောင်းကို ကိုယ်စားလှယ်တော် များအား မိတ်ဆက် လမ်းညွှန်မှုများ ဆောင်ရွက်ပါမည်။ ဓမ္မညီလာခံသို့ တက်ရောက်လာသူ ကိုယ်စားလှယ်တော်များ၏ အတွေးအမြင်များကို ဖလှယ်နိုင်ရန် နောက်ဆုံးစာတမ်း မူကြမ်းကိုလည်း မျှဝေပေးသွားမည်ဖြစ်ပါသည်။

ကျယ်ပြောလှပြီး မျိုးစုံလှသော အာရှတိုက်သားများအဖြစ် အတူတကွ ခရီးပြုခြင်းသည် ကျွန်ုပ်တို့၏ မျော်လင့်ချက် ဖြစ်ပါသည်။

Add new comment

5 + 2 =