Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ

Marseille ခရီးစဉ် အတွက် ဆုတောင်းပေးရန် ပုပ်ဖရန်စစ်တောင်းခံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လောလောလတ်လတ်မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးထွက်ထားသည်။ ယခုလာမည့်သောကြာနေ့၌လည်း Marseille သို့တမန်တော်ခရီးထပ်မံကြွရောက်မည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့သည်။ Marseille သည်ပြင်သစ်တောင်ပိုင်းမှမြို့တစ်မြို့ဖြစ်သည်။ ရဟန်းမင်းကြီးသည် စစ်ကြောင့်ပျိုလဲနေကြသောယူကရိန်းနှင့်စစ်သင့်နေသောကျွန်းပေါ်ရှိပြည်သူများနှင့်အတူတကွရှိနေကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရခြင်း၏ရည်ရွယ်ချက်

ရဟန်းမင်းကြီးဖရန်စစ် Marseille သို့ကြွရောက်ရသည့်ရည်ရွယ်ချက်မှာ မြေထဲပင်လယ်ဒေသ၏ အစည်းအ‌ဝေးပိတ်ပွဲအတွက်ဖြစ်သည်။ ဤအစည်းအ‌ဝေးမှာ မြေထဲပင်လယ်ဒေသမှဆရာတော်ကြီးများ၊ လူငယ်များတက်ရောက်နေပြီး (စက်တင်ဘာလ ၁၇-၂၄) ရက်နေ့အထိကျင်းပမည်ဖြစ်သည်။

ဤခရီးစဉ်သည် ညီအစ်ကိုမောင်နှမစိတ်ဓာတ်တိုးမြှင့်လာအောင်လုပ်ဆိုင်ရန်အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း၊ တက်ရောက်ကြသူများသည် ဒေသ၏ကိုယ်စားပြုအဖြစ်လာကြမည်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ Marseille သို့ စက်တင်ဘာ (၂၂-၂၃) အထိကြွရောက်သောပြည်ပတမန်တော်ခရီးသည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ပြီးနောက် (၄၄) ကြိမ်မြောက်တမန်တော်ခရီးဖြစ် လာမည်ဖြစ်သည်။

ဤခရီးစဉ်အားဖြင့်ငြိမ်းချမ်းရေးအတွက်ပူးပေါင်းလက်တွေ့ဖော်ဆောင်ရန်၊

တနဂ်နွေနေ့မွန်းတည့်အချိန် ‘အန်ဂျေလူစ့်’ မေတ္တာဆိုစဉ်က ယခုအစည်းအ‌ဝေးကို ‘အလွန်လှပသောအစပျိုး’ ခြင်းဟုတင်စားမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြေထဲပင်လယ်ဒေသအတွင်းရှိဘာသာရေးခေါင်းဆောင်များနှင့်အရပ်ဖက်ခေါင်းဆောင်များပူးပေါင်း၍ ငြိမ်းချမ်းရေးအတွက်လက်တွေ့ဖော်ဆောင်ရန်၊ အထူးသဖြင့် ရွေ့ပြောင်းများအရေး၌သွေးစည်းဖြေရှင်းနိုင်ရန်ဖြစ်သည်။

ဤပေါင်းစည်းလုပ် ဆောင်မှုသည် စိန်ခေါ်မှုကြီးမားသောကြောင့်လွယ်ကူသောအမှုတစ်ခုမဟုတ်သည်ကိုယနေ့ထိဆက်လက်ရှိ နေသည်ကိုကြည့်လျှင်သိနိုင်ပါသည်။ သို့သော်အတူတကွရင်ဆိုင်ဖြေရှင်းရမည်။ ယခုကဲ့သို့တိုက်တွန်းရခြင်းမှာ အားလုံးအတွက် အနာဂတ်၌မရှိမဖြစ်လိုအပ်သောအခြေအနေဖြစ်သည်။ ညီအစ်ကိုမောင်နှမရင်းချာစိတ် ဓာတ်အပေါ်အခြေတည်မှသာလျှင် ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။ လူသားတစ်ဦး၏ဂုဏ်သိက္ခာကိုပြည့်၀စွာမြင့်တင်ပေးနိုင်မည်။ အထူးသဖြင့် အကူအညီအလွန်လိုအပ်နေသောသူများအားမြင့်တင်ပေးနိုင်မည်ဖြစ်သည်။

ဒုက္ခပင်လယ်ဝေနေသောယူကရိန်းနှင့်စစ်သင့်မြေ

ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းနိုင်ငံ၌အမှန်တရားအတွက်အသေခံနေကြသောယူရိန်းပြည်သူတို့အကြောင်းကိုလည်းထပ်မံမိန့်ကြား၍ စစ်ကြောင့်ပျိုလဲပျက်စီးနေသောနိုင်ငံအား ငြိမ်းချမ်းရေးအမြန်ပြန်လည်ရရှိအောင်လုပ်ဆောင်ရန်၊ ထို့အတူ စစ်ကြောင့်ဖယိုဖရဲဖြစ်နေသောနိုင်ငံများအတွက်ကိုလည်းထုတ်ဖော်မိန့်ကြားခဲ့သည်။ ‘ကျွန်ုပ်တို့သည် မတရားသဖြင့်ခံထမ်းပေးဆပ်နေကြသော ယူကရိန်းပြည်သူတို့နှင့်ကမ္ဘာကြီးအတွင်း၌ စစ်သင့်နေသောနိုင်ငံများအတွက်ကို ဆက်လက်ဆုတောင်းပေးလျှက်ရှိပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားမှယူကရိန်းအားစတင်ကျူးကျော်စစ်ဆင်နွဲသည့်နေ့မှစ၍ ရပ်တန်းကရပ်ရန်မပြတ်တောင်းဆိုလာခဲ့သည် ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် သူ၏ကိုယ် စားလှယ်များ၊ လူသားချင်းစာနာသောအကူအညီများကိုလည်းအတတ်နိုင်ဆုံးလှူဒါန်ခဲ့သည်။ ရဟန်းမင်း ကြီးမှသူ့အားကိုယ်စားပြုသောကိုယ်စားလှယ်များ ယူကရိန်းသို့စေလွှတ်ရာ၌ကာဒီနယ် Matteo Zuppi လည်းပါသည်။

ယခုလအစောပိုင်းက နောက်လ၌ကျင်းပမည့်ဆီးနော့အစည်းအ‌ဝေးပွဲသို့တက်ရောက်ကြမည့်ကိုယ်စားလှယ်များနှင့်ရဟန်မင်းကြီးတွေ့ဆုံခဲ့သည်။ အောက်တိုဘာလကိုလည်း ဆီးနော့အောင်မြင်စေရန် အထူးဆုတောင်းပေးသောလအဖြစ်လည်းကောင်း၊ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပြန်လည်ကြေအေးခြင်း အတွက်လည်းကောင်းဆုတောင်းပေးရန်တစ်လတာဟုကြေညာထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9My

Add new comment

9 + 2 =