Holy Land အတွက်ရောမမြို့မှကက်သလစ်ဘာသာတူများစိတ်ပုတီးစိပ်ဆုတောင်းခဲ့ကြ

Holy Land အတွက်ရောမမြို့မှကက်သလစ်ဘာသာတူများစိတ်ပုတီးစိပ်ဆုတောင်းခဲ့ကြ

ရောမပြည်သူတို့အားမှိုင်းမသောမယ်တော်ဟုချီးမွမ်းဂုဏ်ပြုထားသည့် ရဟန်းမင်းကြီးဖရန်စစ်လည်း အီတလီပြင်ပတမန်တော်ခရီးမကြွမှီ၊ ကြွပြီးတိုင်း၌လည်းကြွရောက်ကြည်ညိုလေ့ရှိသော မယ်တော်ရှေ့၌ စုပေါင်း၍ ယေဇူးသခင်မွေးဖွားကြီးပြင်းခဲ့ပြီး တရားဒေသဟောကြာခဲ့သော၊ သက်တော်စွန့်ခဲ့သော ‘သန့်ရှင်းသောမြေနှင့်ကမ္ဘာ့ငြိမ်းချမ်းရေး’ နှင့်အီစ္စရေး၌လက်ရှိဖြစ်ပွားနေသော ပဋိ ပက္ခများအမြန်ချုပ်ငြိမ်းရေးအတွက်ဆုတောင်းခဲ့သည်။

ဤဆုတောင်းခြင်းကို အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်း၌ပြုလုပ်ခဲ့သည်။ အဆိုပါဆုတောင်းခြင်းအစီအစဉ်ကို ကာဒီနယ်အဖွဲ့၏အကြီးအကဲဖြစ်သော ကာဒီနယ် Angelo De Donatis ကဦးဆောင်ခဲ့သည်။ ဆုတောင်းခြင်းကို အားလုံးပါ၀င်နိုင်ရန်ရည်ရွယ်၍ စိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်း၏ပြင်ပ၌ကျင်းပခဲ့သည်။ ရောမမြို့သူမြို့သားတို့အားမှိုင်းမသောမယ်တော်မှာ ဆင်းတု တော်မဟုတ်ဘဲ ပုံတော်ဖြစ်သည်။ အဆိုပါပုံတော်ကို ‘Salus Populi Romani’ (Protectress of the Roman People) ဟုခေါ်ပါသည်။

မယ်တော်၏ပုံတော်ကို စိတ်ပုတီးစိပ်နေကြသော လူအုပ်ကြီးရှေ့၌ဖူး မြှော်နိုင်အောင်စီစဉ်ထားရှိပေးထားသည်။ ဤပုံတော်သည် ရာစုနှစ်ပေါင်းများစွာသက်တမ်းရှိသောပုံတော်များအနက်တစ်ပုံဖြစ်သည်။ ဤပုံတော်ကိုရေးဆွဲသူမှာ ‘ဧ၀ံဂေလိကျမ်းရေးသူ စိန့်လုကား’ ဖြစ်သည်ဟုသမုတ်ကြသည်။

ပိုလန်နိုင်ငံရှိ Czestochowa မယ်တော်ကဲ့သို့ပင် ဤပုံတော်ကို ရောမဘုရင်တစ်ပါးဖြစ်သော ကွန်စတန်တိုင်းဘုရင်၏မိခင် ‘စိန့်ဟဲလင်နာ’ မှရှာဖွေဖော်ထုတ်ပေးခဲ့သည်ဟု ဆိုပါသည်။ စတင်တွေ့ရှိစ၌ ‘ကွန်စတန်တီနိုပယ်’ ဦးစွာထားရှိဖူးမြှော်စေခဲ့သည်။ (၆) ရာစုရောက်မှသာ ရောမသို့ပင့်ဆောင်ပူဇော်ခဲ့သည်။ ထိုအချိန်မှစ၍ စိန့်မေရီမာဂျာဘာစီးလီကာဘုရားကျောင်းကြီး၌ထားရှိပူ ဇော်ခံထားခဲ့သည်ယနေ့ထိပင်ဖြစ်သည်။ ထို (၆) ရာစုကတည်းကပင် ရဟန်းမင်းကြီးမဟာဂရေဂေါ်ရီလက် ထက်၌ ရောမမြို့တစ်ခွင့်၌ပလိပ်ရောဂါဆိုး၀ါးစွာကူးစက်ဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့်မယ်တော်၏ကြား ၀င်ဆုတောင်းပေးမှုကိုတောင်းခံသည့်အနေဖြင့် မယ်တော့်ပုံတော်ကိုပင့်ဆောင်၍ရောမမြို့အနှံ့စီတန်းလှည့် လည်ခဲ့ရာကျေးဇူးတော်ကိုထူးခြားစွာခံစားခဲ့ရသည်။ ထို့အတူ ရဟန်းမင်းကြီးဖရန်စစ်သည် ကိုးဗစ်ကူးစက် ရောဂါဖြစ်ပွားစဉ်ကလည်း ဤပုံတော်ကိုစိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီးသို့ပင့်၍ဆုတောင်းခဲ့ဖူးပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/YIzM

Add new comment

1 + 2 =