Couples for Christ (CFC) Myanmar,Mandalay အဖွဲ့ ငါးနှစ်ပြည့်အခမ်းအနား

Couples for Christ (CFC) Myanmar,Mandalay အဖွဲ့ ငါးနှစ်ပြည့်အခမ်းအနား

Couples for Christ (CFC) Myanmar,Mandalay အဖွဲ့ ငါးနှစ်ပြည့်အခမ်းအနား ကျေးဇူးတင် မစ္ဆားတရားတော်မြတ်ကို (၂၄.၁၁.၂၀၁၉) ရက်နေ့ နံနက် (၈း၀၀) နာရီက ရွှေနှလုံးတော်ကက်သီဒြယ် ဘုရားကျောင်း၌ ကျင်းပပူဇော်ခဲ့ပါသည်။
မစ္ဆားတရားတော်မြတ်အား ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် (ငြိမ်း) မှ ဦးဆောင်ကာပူဇော်ခဲ့ပြီး Msgr.Fr. Jodu မှ သြ၀ါဒတရားရေအေးတိုက်ကျွေးခဲ့ပါသည်။
CFC Myanmar, Mandalay ငါးနှစ်ပြည့်အခမ်းအနားသို့ CFC Philippines မှ ခေါင်းဆောင်များ နှင့် မန္တလေးမှအဖွဲ့ဝင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
CFC အဖွဲ့သည် ကက်သလစ် ခရစ်ယာန် မိသားစုများအချင်းချင်း ခွန်အားယူခြင်း၊ပြန်လည်ဆန်းသစ်ခြင်းများအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို လူသားတိုင်းခံစားရရှိနိုင်ရန်အတွက် အစေခံသော အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရှိရပါသည်။
CFC သည် မိသားစုများအား ၀ိညာဉ်ရေးရာ၌ ရှင်သန်တိုးတက်ပြီး ဘာသာတရားကိုင်းရှိုင်းသော ၊ကိုယ်ကျင့်တရားကောင်မွန်မှန်ကန်သော မိသားစုများဖြစ်လာစေရန်လည်း ပုံသွင်းလမ်းညွှန်သွန်သင်မှုပေး သည်ဟုလည်း သိရှိရပါသည်။
CFC ၌
Kids for Christ
Youth for Christ
Singles for Christ
Handmaids of the Lord
Servants of the Lord
Couples for Christ ဟူ၍ အသက်အရွယ်အလိုက် အဖွဲ့အသီးသီး ရှိတယ်လို့သိရှိရပါသည်။
CFC အွဖွဲ့ကို မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်က မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂ ရောင်၏ အားပေးလမ်းညွှန်မှုဖြင့် စတင်ခဲ့ရာ ဆရာတော်ကြီး နီကောလာစ်းမန်ထန်း နှင့် ယခုလက်ရှိ ဆရာတော်ကြီး မာကုတင်ဝင်းတို့၏ အားပေးလမ်းညွှန်မှုများဖြင့် လုပ်ဆောင်ခဲ့ရာ ယ နေ့ ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်နေ့ဆိုလျှင် ငါးနှစ် တိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။
Photos News - PINKY

Add new comment

2 + 0 =

Please wait while the page is loading

Couples for Christ (CFC) Myanmar,Mandalay အဖွဲ့ ငါးနှစ်ပြည့်အခမ်းအနား | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.