Charlotte သာသနာ ဆရာတော် ကြီး၏ နှစ် (၂၀) တမန်တော်ခရီးအားဖော်ပြ

Charlotte သာသနာ ဆရာတော် ကြီး၏ နှစ် (၂၀) တမန်တော်ခရီးအားဖော်ပြ

သိုးထိန်းအမည်ကား ဆရာတော် Peter Jugis ဖြစ်ပြီး Charlotte သာသနာအား (၂၀၀၃) မှစ၍သိုးထိန်းအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သည်။ သူ၏သိုးထိန်းအမှုတော်ထမ်းနေစဉ်ကာလ၌ သာသနာအတွင်း ခေါ်တော်မှုခြင်းလမ်းစဉ်၌လျှောက်လှမ်းသူများရခိုင်နှုန်းတိုးလာခဲ့သည်။ သာသနာအတွင်း ပညာ ရေးသည်လည်းတိုးတက်လာခဲ့သည်။ ဤသို့တိုးတက်လာစေရန် Quo Vadis (ဘယ်သွားမလဲသခင်) နှင့်Duc in Altum (ရေနက်ရာသို့ရွေ့လော့ - သံလုကာ ၅း၄) လှုပ်ရှားမှုအစီအစဉ်များကိုချမှတ်လုပ်ဆောင်ခဲ့သည်။

Quo Vadis ၏အနက်ကား စိန့်ပီတာသည် ဖမ်းဆီးခံရပြီးရောမမြို့သို့ပို့ဆောင်ခံခဲ့ရသည်။ ထိုမှလွှတ်မြောက်လာပြီးနောက် ရောမမြို့မှထွက်ခွာရန်ခရီးနင်နေစဉ် သူသွားရာလမ်းခုလပ်၌ယေဇူးသခင်ကိုဆုံဆည်းခဲ့သည်။ စိန့်ပီတာက ‘သခင်အဘယ်သို့သွားမည်နည်း’ ဟုမေးမြန်းရာယေဇူးသခင်က ‘လက်၀ါးကပ်တိုင်ပေါ်အသတ်ခံဖို့ ရောမမြို့ကိုသွားမယ်’ ဟုပြောဆိုခံလိုက်ရသောကြောင့် စိန့်ပီတာသည် ရောမမြို့မှတိမ်းရှောင်မည့်သူ၏စိတ်ကိုပြောင်းခဲ့သည်ဟုဆိုစမှတ်ပြုကြသည်။ ဤအကြောင်းအရာကို ပိုလန်သမိုင်းရေးဆရာ Henryk Sienkiewicz က၀တ္ထုဆန်ဆန်ရေးသားထုတ်‌ေ၀ခဲ့သောနာမည်ကြီးဘာသရေးစာအုပ်တစ်အုပ်ဖြစ်သည်။

သူသည် (သံယောဟန် ၁၃း၃၆) ကျမ်းချက်ကိုအခြေခံထားသည်။ ဤအစီအစဉ်သည် ခေါ်တော်မူခြင်းအသက်တာကိုလျှောက်လှမ်းရန်တိုက်တွန်းနိုးဆော်သောအစီအစဉ်ဖြစ်သည်။ သူသည်လူငယ်များအား ၄င်းတို့၏ခေါ်တော်မူခြင်းလမ်းစဉ်အမှန်ကိုသိရှိလာအောင် လမ်းညွှန်ကူညီပေးခဲ့သည်။ သူသိုးထိန်းအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သောကာလ၌ ရဟန်းသစ် (၅၇) ပါး၊ ရာသက်ပန်ဦးပဥ္စင်း (၆၅) ပါးအား သိက္ခာတင်ပေးနိုင်ခဲ့သည်။ သာသနာအုပ်စုငယ်သစ် (၆) ခုကိုလည်းထပ်မံခွဲပေးနိုင်ခဲ့သည်။ သူ့အနေဖြင့် စိန့်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်အား အထူးကြပ်မတ်လုပ်ဆောင်သူဖြစ်သည်။ သူသည်နှစ်စဉ် ကိုယ်တော်မြတ်စက္ကရာ မင်တူးကွန်ဂရက်စ်ကိုလည်းစီစဉ်ကျင်းပလေ့ရှိပြီး လူထောင်ပေါင်းများစွာတို့အား ပါ၀င်လာအောင်စွဲဆောင်နိုင်ခဲ့သည်။

သူသည်သက်တော်အရ အမှုတော်မှနားရမည်ဖြစ်သော်လည်း သာသနာတော်ကြီးသည် ဆရာ တော်၏ကျေးဇူးတရားကိုအစဉ်အမှတ်ရကျေးဇူးတင်နေကြမည်ဖြစ်သည်။ သူချန်ထားပေးခဲ့သော ဓမ္မအမွေအနစ်များကိုလည်း မကြာမီရောက်ရှိလာမည့် သာသနာပိုင်အသစ်နှင့်အတူလက်တွဲလုပ်ဆောင်သွားမည်ဖြစ် သည်။ ဆရာတော် Jugis အားအစားထိုးရောက်လာမည့်ဆရာတော်မှာ Michael Martin ဖြစ်ပါသည်။
 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

(SW News)
 

Add new comment

8 + 0 =