‘လူသားသည် ဘုရားသခင်၏သနားခြင်းကရုဏာမှလွဲ၍ အခြားမည်သည့်အရာမျှမလို’

‘လူသားသည် ဘုရားသခင်၏သနားခြင်းကရုဏာမှလွဲ၍ အခြားမည်သည့်အရာမျှမလို’

‘လူသားသည် ဘုရားသခင်၏သနားခြင်းကရုဏာမှလွဲ၍ အခြားမည်သည့်အရာမျှမလို’

 

            အမိကက်သလစ်သာသနာတော်ကြီးသည် (၂၀၀၀) ခုနှစ်မှစ၍ နှစ်စဉ် ပါစကားကာ လဒုတိယ ပတ်တနဂ်နွေနေ့ ကို ‘ကရုဏာရှင်ယေဇူးတနဂ်နွေနေ့’ အဖြစ်သတ်မှတ်ကျင်းပလာခဲ့ပါသည်။ ဤပွဲကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ်က (၂၀၀၀) ခုနှစ်ကတရာ၀င်ကြေညာကျင်းပလာခဲ့ခြင်းဖြစ်သည်။ ရောမမြို့၌ ‘ကရုဏာရှင်ယေဇူး’ ၏ဘွဲ့တော်ကိုခံယူထား သောဘုရားကျောင်းတစ်ဆောင်ရှိသည်။  

            ဤဘုရားကျောင်းကိုတည်ဆောက်ရခြင်းမှာ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် ကရုဏာရှင်ယေဇူးဘွဲ့ခံဘု ရားကျောင်းတစ်ဆောင် ရောမမြို့၌ရှိစေချင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် လူသားတို့၏ဆုတောင်းခြင်း ဖြင့် ဘုရားသခင်၏သနားခြင်း ကရုဏာကို တောင်းခံ တတ်ရန်၊ လိုအပ်ကြောင်းသိရှိစေရန်ဖြစ်သည်။ ‘လူသားသည် ဘုရား သခင်၏သနားခြင်းကရုဏာမှလွဲ၍ ဘာမျှမလို’ ဟု ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကမိန့်ကြားခဲ့သည်။ အလွန်ပင်အပ် စပ်သောမိန့် မြွတ်ချက်ဖြစ်သည်။

ပွဲတော်ကို နှစ်စဉ် ပါစကားကာလဒုတိယပတ်တနဂ်နွေနေ့၌ကျင်းပရခြင်းမှာ လွန်ခဲ့ သော (၁၉၀၀) ထက်စော၍ စိန့် ‘ဖောစတီးနာကို၀ါးလ်စကာ’ အား ရူပါရုံ၌ညွှန်ကြားသည့်နေ့ပင်ဖြစ်သည်။ ယခုနှစ်၌မူ ရဟန်းမင်းကြီးဖရန်စစ်သည် ကရုဏာရှင်ယေဇူးပွဲနေ့မစ္ဆားတရားကို စိန့်ပီတာဘုရား ကျောင်းတော် ကြီးထဲ၌ ပူဇော်ခဲ့ သည်။ ယခုနှစ်၌ ရဟန်းမင်းကြီးသည် (၂၀၁၆) ခုနှစ်က တာ၀န်ပေးခဲ့ဖူးသော ‘missionaries of mercy’ အဖွဲ့သားများအား ရောမသို့ဖိတ်ကြားမည်ဖြစ်သည်။ ဤဘုန်းတော်ကြီးများ သည် အပြစ်အမျိုးမျိုးကိုဖြေလွတ်ပိုင်ခွင့်ရှိသည်။ ဆရာတော်က အကူအညီတောင်းဆိုလာလျှင် ၄င်းတို့အားပေးအပ်ထားသောအခွင့်အာဏာကိုသုံးခွင့်ရှိသည်။

ကိုးဗစ် (၁၉) ကပ်ရောဂါ ဆိုးကြီးကြောင့်ယခင်နှစ်များ၌ လူစုလူ‌ဝေးဖြင့်မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်၌မူ စည်းကမ်းတင်းကြပ်မှုလျော့ပေါ့ လိုက်သောကြောင့် လူစုလူဝေးဖြင့်ကျင်းပနိုင်ခြင်းဖြစ်သည်။ (၂၀၂၀) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်သည် ကရုဏာ ရှင်ယေဇူးဗိမာန်တော်၌ မစ္ဆားတရား ပူဇော်ခဲ့ သည်။ ရဟန်းမင်းကြီးသည် ကပ်ရောဂါဆိုးကြောင့် ဗာတီကန်မှမထွက်ကြွ ခြင်းမပြုဘဲ သီတင်းသုံး နေခဲ့ရာ ကရုဏာရှင်ယေဇူးမစ္ဆားပူဇော်ရန်အတွက် ဒုတိယအကြိမ်ထွက်ကြွခြင်းဖြစ်ကြောင်း ကရု ဏာရှင်ယေဇူး၏ ဗိမာန်တော်တာ၀န်ခံဖာသာရ် JOSEF BART ကပြောကြားခဲ့သည်။     

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3EKu4sq

 

Add new comment

1 + 5 =