‘ရွေးကောက်ပွဲရလာဘ်ကိုလေးစားကြရန်’ ဖိလိပိုင်ဘာသာရေးခေါင်းဆောင်များက ဆန္ဒပြလူအုပ်ကြီးအား တိုက်တွန်းခဲ့

‘ရွေးကောက်ပွဲရလာဘ်ကိုလေးစားကြရန်’ ဖိလိပိုင်ဘာသာရေးခေါင်းဆောင်များက ဆန္ဒပြလူအုပ်ကြီးအား တိုက်တွန်းခဲ့

‘ရွေးကောက်ပွဲရလာဘ်ကိုလေးစားကြရန်’ ဖိလိပိုင်ဘာသာရေးခေါင်းဆောင်များက ဆန္ဒပြလူအုပ်ကြီးအား တိုက်တွန်းခဲ့

 

            ဖိလိပိုင်မှဘာသာရေးခေါင်းဆောင်အတော်များများက ရွေးကောက်ပွဲ၏ရလာဘ်ကိုလေးစားရန် မေလ (၈ -၉) တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလာဘ်အပေါ်မကျေမနပ်ဖြစ်နေသောကာ ဆန္ဒထုတ်ဖော်နေသောလူအုပ် ကြီးအားတိုက်တွန်းခဲ့သည်။ အတော်ငြိမ်းချမ်းသော၊ အပြစ်ဆိုဖွယ်ကင်းသော၊ ယုံကြည်လောက်သောရွေးကောက်ပွဲ၏ရ လာဘ်ကိုလက်ခံကြပါစို့။ ဤသို့လက်ခံခြင်းသည် ဒီမိုကရေစီ၏စံနှုန်းကိုလက်ခံခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးခြင်း ကိုပြကြောင်း မနီလာ၌အခြေဆိုက်သော Radio Veritas 846 အသံလွှင့်ဌာန၏တာ၀န်ခံ ဖာသာရ် Anton Pascual က ပြောကြားခဲ့သည်။     

            ရွေးကောက်ပွဲများကိုအောင်နိုင်မဟုတ်။ ပျော်ွရွှင်မှုနှင့်အံ့အားသင့်မှုသည်အလွန်တန်ဖိုးရှိသည်။ ထိုပျော်ရွှင်ရ သောအခိုက်အတန့်သည် ကောင်းကင်ကိုဖူးတွေ့လိုက်ရသကဲ့သို့ဖြစ်သည်ဟု Imus မှဆရာတော် Reynaldo Evangelista ကဒုသမ္မတ Leni Robredo ကိုအားပေးထောက်ခံသည့်စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ကနဦး ရွေးကောက်ပွဲရလာဘ်အရ ဖိလိပိုင်းသမ္မတဟောင်းမားကိုစ့်၏သားသည် သမ္မတာရွေးကောက်ခံကိုယ်စားလှယ်ဖြင့်၀င် ရောက်ယှဉ်ပြိုင်သောဒုသမ္မတ Leni Robredo အားသောင်ပြိုကမ်းပြိုနိုင်ထားကြောင်းသိရသည်။ သမ္မတဟောင်းမာ ကိုစ့်၏သားနိုင်သည့်သတင်းကြောင့် ဆန္ဒပြမှုများပြုလုပ်လာကြသည်။ တစ်ခါတစ်ရံ၌ မြင်သာသိသာသောအနေအထား ထက်ကျော်လွန်၍မြင်တွေ့ရန်လိုသည်။ Leni Robredo အောင်စေရန်ဆုတောင်းခဲ့ကြသည်။ သို့သော် မနိုင်ခဲ့ပေ။ သူ သည်ရွေးကောက်ပွဲ၌မနိုင်သော်လည်း ပြည်သူတို့၏နှလုံးသားကိုသိမ်းကျုံးရယူနိုင်ခဲ့သည်။ ဖိလိပိုင်နိုင်ငံသားများ၌ ကောင်းသောစိတ်ထားရှိနေသည်ကို သတိထားမိစေရန် ဘုရားသခင် Leni Robredo အားစေလွှတ်သည်ဟုယုံကြည် သည်။ ဖိလိပိုင်နိုင်ငံသားတိုင်းသည် မိမိ၏ခြေပေါ်ရပ်တည်နိုင်စွမ်းသည်။ ဘုရားသခင်သည် Leni Robredo အားရွေး ကောက်ပွဲအောင်နိုင်ရန်မရည်ရွယ်ခဲ့ပေ။ သူ၏အမှုတော်ကား ဖိလိပိုင်နိုင်ငံသားများအားပြန်လည်နိုးကြားစေသည်။ Leni Robredo နိုင်သွားသည်ဆိုပါစို့။ သူ့အနေဖြင့် အစိုးရယန္တားရားကြီးအားပြုပြင်နိုင်မည်၊ ကျွန်ုပ်တို့အစိုးရ၏ အတွေးအ ခေါ်များကိုပြောင်းလဲပေးနိုင်မည်ဟုထင်ပါသလော။ ကျွန်ုပ်တို့သည် သူ့ထံမှအလွန်မျှော်လင့်နေကြသည်။ ထို့ကြောင့် သူ ကိုင်တွယ်မဖြေရှင်းနိုင်သောပြဿများကို သူအားပြစ်တင်ကြသည်။ သူကိုပြစ်တင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် သမ္မတအဲနီ ညိုအာကွီနို (၃) ကိုလည်းထို့အတူပြောဆိုခဲ့ကြသည်။ ဘုရားသခင်သည် Leni အားဖြင့် ကျွန်ုပ်တို့စည်းလုံးကြမည်ဆိုပါ က ကြီးမာသောအမှုများကိုလုပ်ဆောင်နိုင်မည်ဟုပြသလိုခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲ၌ ကျွန်ုပ်တို့အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့သော် လိုချင်သောအစိုးရမရခဲ့ပေ။ Robredo ကိုအားပေးထောက်ခံသောပြည်သူများအနိုင်ရခဲ့သည်။ ပြည်သူများသည် ၄င်းတို့၏အချိန်၊ ငွေကြေး၊ သူတို့ကိုယ်တိုင်လည်းပေးဆက်အနစ်နာခံခဲ့ကြသည်။ အလွန်အံ့အားသင့်စ ရာကောင်းသည်။ ဤအချက်အားဖြင့်ဘုရားသခင်က ကျွန်ုတို့စည်းလုံးမည်ဆိုပါလျှင်၊ အတူတကွလုပ်ဆောင်မည်ဆိုပါ လျှင် ကျွန်ုပ်တို့ဖြစ်ချင်သောအရာများဖြစ်လာပေမည်’ ဟုဆရာတော် Evangelista ကပြောကြားခဲ့သည်။   

            ထို့အတူ ဖိလိပိုင်နိုင်ငံ၏မြောက်ပိုင်း Bontoc-Lagawe သာသနာပိုင်ဆရာတော် Valentin Dimoc ကလက် ရှိ၌ ကုသမှုရရှိရန်အတွက်ဆုတောင်းကြပါ။ ဘုရားသခင်၏သနားတတ်သောချစ်ခြင်းသည် ရွေးကောက်ပွဲကာလ၌ အား ပေးထောက်ခံသောပါတီများကြောင့် ကွဲပြားခဲ့သည့်အကွဲအပြဲများပြန်လည်စုစည်းနိုင်ရန်အချိန်ယူကြရပေမည်။ လူတိုင်း သည်မဲပြားတစ်ပြားဆီသာရသည်။ ထိုရသောတစ်ပြားဖြင့် ပါတီတစ်ခုကို အများဆုံးပေးခဲ့သောသူများအားလေးစားရ မည်။ ဘုရားသခင်၏အလိုတော်သည် အများကောင်းကျိုးအတွက်လုပ်‌ဆောင်ရန်ဖြစ်သည်။ အကြောင်းကိစ္စများ၌ ဆွေး နွေးမှု၊ ငြင်းခုန်မှုများအားဖြင့် အများကောင်းကျိုးကိုတိုးမြင့်လုပ်ဆောင်ကြမည်။ သို့သော် ဒီမိုကရေစီနည်းလမ်းအတိုင်း လုပ်ဆောင်ရမည်။ သူ့အနေဖြင့် မဲမှောင်နေသောအခြေအနေ၌ ဆုံးဖြတ်ချက်ချရချိန်တွင် ဘုရားသခင်၏အလင်းတော် သည်ရွေးကောက်ခံရသောသူများအပေါ်ဖြာဆင်းသက်ရောက်ပါစေ။ သို့မှသာပြည်သူများအပေါ် သာတူညီမျှအုပ်ချုပ်ပေ မည်။ အထူးသဖြင့်အပယ်ခံများ၏အခြေအနေသည် တိုးတက်ပြောင်းလဲလာမည်’  ဖြစ်ကြောင်း သူ၏လူမှုကွန်ရက်စာ မျက်နှာပေါ်တွင်ရေးသားထားသည်။

               ကားရီတာ့စ်ဖိလိပိုင်၏တာ၀န်ခံဆရာတော် Jose Colin Bagaforo ကလည်း သတိတရားသည် ရွေး ကောက်ပွဲဖြင့်အဆုံးမသတ်သင့်ကြောင်း၊ ရွေးကောက်ပွဲအလွန်၌လည်း မဲဆွယ်ကာလက ၄င်းတို့ချွေခဲ့သောကတိစကား များကိုလက်တွေဖော်ဆောင်ရန်တာ၀န်ခံမှုရှိရမည့်အကြောင်းကို ကျွန်ုပ်တို့၏ခေါင်းဆောင်များအားတွန်းအားပေးသွာ မည်။ အစိုးရအနေဖြင့် လုပ်ဆောင်ရန်သဘောတူညီချက်များကိုလက်တွေဖော်ဆောင်ရန် လက်မှတ်ရေးထိုးစေပြီး ထိုသို့ လုပ်ဆောင်မှုများကိုလည်းပြည်သူများသိအောင်ထုတ်ပြန်ပေးမည်။ အားလုံးအတူတကွလက်တွဲလုပ်ဆောင်ကြပါ။ ကျွန်ုပ်တို့နိုင်ငံသား၊ ကျွန်ုပ်တို့နိုင်ငံအတွက်ပိုမိုကြီးမားသောအခင်းအကျင်းအတွက် လုပ်ဆောင်ကြပါ’ ဟုတိုက်တွန်း သတိပေးထားသည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/37NiOzr

 

 

Add new comment

9 + 5 =