‘မက်ဆီကို‌ဆေး၀ါးနဲ့ကုလိုက်မယ်’ ဟုသူ၏ဒူးဆစ်နာဝေဒနာနှင့်ပတ်သက်၍ ရဟန်းမင်းကြီးအရွန်းဖောက်ခဲ့

‘မက်ဆီကို‌ဆေး၀ါးနဲ့ကုလိုက်မယ်’ ဟုသူ၏ဒူးဆစ်နာဝေဒနာနှင့်ပတ်သက်၍ ရဟန်းမင်းကြီးအရွန်းဖောက်ခဲ့

‘မက်ဆီကို‌ဆေး၀ါးနဲ့ကုလိုက်မယ်’ ဟုသူ၏ဒူးဆစ်နာဝေဒနာနှင့်ပတ်သက်၍ ရဟန်းမင်းကြီးအရွန်းဖောက်ခဲ့

 

            မေလ (၁၁) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်၏ ဒူးဆစ်နာသည့်ဝေဒနာနှင့်ပတ်သက်၍ စိုးရိမ်ပြီးမေးမြန်း သော သူတော်စင်ဘုန်းတော်ကြီးတစ်ပါး (Legionaries of Christ အသင်း၀င်) အား ရဟန်းမင်းကြီးက  စပိန်လေသံ ဖြင့် ‘Tequila (ဘယဆေး) နဲ့ကုလိုက်မယ်’ ဟု အရွန်းဖောက်ခဲ့သည်။

အဆိုပါဆေးသည် စပိန်နိုင်ငံ၌ပေါက်ရောက်သော ဘယဆေးတစ်မျိုးဖြစ်သည်။ ရဟန်းမင်းကြီးအား မတ်တပ်အနေအထားဖြင့်မနေဘဲ စီးတော်ယာဉ်ဖြင့်သာသွားလာရန် ဆရာ၀န်ကညွှန်ကြားထားသည်။ ရဟန်းမင်းကြီးသည် ဝေဒနာကြားက ရွှင်ပြပြနှင့်အရွန်းဖောက်၍ နာ ကျင်မှုရှိနေသော်လည်း လူသားများကို စိတ်ဓာတ်မကျရန်တရားပြခဲ့ သည်။ အဆိုပါ ‘Legionaries of Christ’ ဘုန်းတော်ကြီးများ သည် ဗုဒ္ဓဟူးနေ့ ရဟန်းမင်းကြီး ဘာသာတူများနှင့် တွေ့ဆုံသောအစီအစဉ် အဆုံးပိုင်း၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းမင်းကြီး၏ ဒူးဆစ်ဝေဒနာသည် ကမ္ဘာ့သတင်း စာမျက်နှင်၌ပင်ပါလာခြင်းကြောင့်ဖြစ်သည်။

            ရဟန်းမင်းကြီးက သူ့အားမေးမြန်းသည်ကို ‘ကျွန်ုပ်ခြေထောက်ကို ကုသဖို့ဘာလို တယ်ဆို တာသိကြလား။ Tequila ဘဲလိုတာပါ’ ဟုပေါ့ပေါ့ပါးပါးပြန်လည်ဖြေကြားခဲ့သည်။ ရဟန်းမင်းကြီးသည် နာကျင်နေသော်လည်း သူ့၏ ဝေဒနာဆိုးရွားလှသည်ဟုမငြီးပြခဲ့ပေ။ ရဟန်းမင်းကြီး မိန့်ကြား သောဆေးရွက်သည် မက်ဆီကိုမှလာသည်။ ကျန်းမာ ရေးအတွက်ကောင်းပြီး၊ ခါးသီးသော ဘ၀ကိုဖြတ်သန်းရန် ဆေးကောင်းတစ်လက်ဖြစ်ဟန်ရှိသည်။     

            မက်ဆီကိုလူမျိုးတို့၏ မှတ်သားဖွယ်အဆိုအမိန့်များကိုဖော်ပြပေးလိုက်ပါသည်။ ဤအဆိုအမိန့်များသည် ရဟန်း မင်းကြီးအရွန်းဖောက်သကဲ့သို့ဆိုလိုသည်။

-         တကယ်လို့ သင့်ဘ၀ဟာ သံပုရာကိုပေးရင် ဆားနဲ့ tequila ကိုတောင်းပါ။ (ဘ၀သည်ခါးသီးလျှင်)

-         သင်နှာစီးရင် tequila သုံးခွက်ကိုသောက်ချလိုက်ပါ။ နှာစီးတာမသက်သာပေမယ့် အဲ့ဒီအကြောင်းမတွေး မိတော့ဘူး။

-         လူတိုင်းကိုပျော်အောင်လုပ်တာကိုရပ်ပါ။ သင်ဟာ tequila မဟုတ်ဘူး။

-         သိပ်ကောင်းတဲ့ tequila ဟာ စင်ကြယ်တဲ့အရည်ဖြစ်တယ်။ အပြင်မှာဘာလိုက်ရှာနေသလဲ။   အိမ်ထဲပြန်၀င် လာပါ။

-         လူတိုင်းရဲ့ဘ၀ထဲ ပျော်ရွှင်မှုစိမ့်၀င်စီးဆင်းဖို့ tequila ကိုသောက်ကြစို့။

-         ပျော်ရွှင်မှုအတွက်အကောင်းဆုံးအမယ်ကဘာလဲဆိုတာကျွန်တော်မသိဘူး။ ပျော်ရွှင်မှုထဲမှာ tequila ပါတာ တော့သေချာတယ်။

-         ဘယ်သူမှသင့်ကိုမငြင်းပယ်ခိုင်းပါနဲ့။ tequila အတွက်သင်ဟာအလိုအပ်ဆုံးသံပုရာဖြစ်တယ်။

    ရဟန်းမင်းကြီးသည် ထိုသို့မိန့်ကြားပြီးနောက် ရယ်ရယ်ပြုံးပြုံးဖြင့်ဘေးဖက်၀ဲယာသို့လှည့်ကြည့်ရှုပြီး သူ၏ စီးတော်ယာဉ်ပေါ်သို့တက်လိုက်သွားခဲ့သည်။

ရဟန်းမင်းကြီး၏ကျန်းမာရေးကိုစိုးရိမ်၍မေးမြန်သောဘုန်းတော် ကြီးများကလည်း အကယ်၍ ရဟန်းမင်းကြီးသီတင်းသုံးသော ဆန်တာမားရ်တာကျောင်းတိုက်သို့သွားသည့်အခါ ရဟန်းမင်း ကြီးအတွက် အဆိုပါမက်ဆီကိုဆေးရည်တစ်ပုလင်းကိုလက်ဆောင်ယူလာပေးမည်ဟုကတိပေးလိုက် သည်ဟုဆိုသည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/39tO86Q

 

Add new comment

14 + 5 =