‘ဘုရားသခင်နှင့်ချို့တဲ့နွမ်းပါးသူတို့၏ပျော်ရွှင်ခြင်းသည်ကျွန်ုပ်တို့၏အားအင်ဖြစ်သည်’ ဟုကမ္ဘောဒီးယားကာရီတာ့စ်အဖွဲ့ကပြောကြား

‘ဘုရားသခင်နှင့်ချို့တဲ့နွမ်းပါးသူတို့၏ပျော်ရွှင်ခြင်းသည်ကျွန်ုပ်တို့၏အားအင်ဖြစ်သည်’ ဟုကမ္ဘောဒီးယားကာရီတာ့စ်အဖွဲ့ကပြောကြား

ကာရီတာစ့်ကမ္ဘောဒီးယားအဖွဲ့၀င်များအနေဖြင့် ၄င်းတို့အစေခံနေမှုအပေါ် ဆန်းစစ်ရန်နှင့်ဤအမှုတော်ကိုထမ်းဆောင်နိုင်ရန်ခွန်အားပေးသည့်ဘုရားသခင်ကိုကျေးဇူးတင်ရန်၊ အဘယ်ကြောင့်ဆိုသော် အလုပ်အကျွေးပြုခြင်းသည် နည်းပညာမျှမဟုတ်ပေ။

ကာရီတာစ့်ကမ္ဘောဒီးယား၏ဥက္ကဌလည်ဖြစ်ပြီး Battambang သာသနာ၏တာ၀န်ခံလည်း ဖြစ်သော ဆရာတော် Enrique Figaredo က၀န်ထမ်းများ၏ဥပုသ်အစ၌၌ထည့်သွင်းဟောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတစ်၀န်း၌အမှုထမ်းနေသော၀န်ထမ်း (၂၀၀) ခန့်အား (ဖေဖော်၀ါရီ ၁၄ – ၁၆) အထိ ဥပုသ် (၃) ရက်တာကို မြို့တော် Phnom Penh နှင့်ကီလိုမီတာ (၂၃၁) ‌ဝေးသော Siem Reap တွင်စောင့်ကြမည်ဖြစ်သည်။

ယခုဥပုသ်သည် (၂၉) ကြိမ်မြောက်နှစ်ပတ်လည်စောင့်ခြင်းဖြစ်သည်။ ဥပုသ်၏ဆောင်ပုဒ်မှာ ‘Caritas at the heart of the Church’ (ကာရီတာစ့် သာသနာတော်ကြီး၏ဗဟိုချက်မ) ဖြစ်သည်။ ဤအဖွဲ့၌ပါ၀င်ကြသော ကာယ၊ ဉာဏ၀န်ထမ်းများအားလုံးသည် တာ၀န်ကြီးကြောင်းသို့ သော်ထိုနည်းပညာများထက်ကျော်လွန်၍ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဘုရားသခင်ထံမှစိတ်ဓာတ် နှင့်ခွန်အား၊ အတူတကွအားပြည့်ဖြိုးရန်ဆုတောင်းရမည်ဖြစ်ကြောင်းဟောကြားခဲ့သည်။

ကိုးဗစ် (၁၉) ကပ်ဆိုးအလွန်၌ ကမ္ဘောဒီးယားနိုင်ငံသည် စီးပွားရေး၌ပို၍တိုးတက်အောင်လမ်း ကြောင်းဖွင့်ပေးလာသည်။ သို့သော် ကိုးဗစ် (၁၉) ကြောင့်ယှိုင်နှဲ့သွားခဲ့ကြသည်မှာပိုများသည်။ အထူးသ ဖြင့်ချို့တဲ့နွမ်းပါးသူများဖြစ်ကြသည်။ ချို့တဲ့နွမ်းပါးသူများအား ပို၍ဂရုစိုက်ပေးကြရန်၊ အဘယ်ကြောင့်ဆို သော်၄င်းတို့၌နည်းပညာလည်းမရှိ၊ ပညာလည်းမတတ်၊ အခွင့်လန်းများလည်းမဲ့၊ လူမှုရေး၌လည်းမတ ရားမှုများကိုခါးစီးခံခဲ့ရသည်။ ပြည့်စုံကုံလုံသော အထက်တန်းလွှာအများပိုင်းက ၄င်းတို့အားတန်ဖိုးမထား မျက်ကွယ်ပြုထားသည်။

ဤအချက်များကို ဥပုသ်ကာလ၌သေချာစွာဆန်းစစ်စေလိုကြောင်း၊ ၄င်းတို့အတွက် ကာရီတာစ့်ကမ္ဘောဒီးယားအနေဖြင့် အဘယ်ကဲ့သို့အကူအညီဖြစ်နိုင်ကြောင်း၊ လာတင်းစကား လုံးဖြစ်သော ‘Caritas’ ၏အနက်ကား ‘charity’ (ကရုဏာ) ဖြစ်ကြောင်း၊ ကာရီတာ့စ်သည် နိုင်ငံတ ကာအဆင့်ကက်သလစ်သာသနာတော်ကြီး၏ကရုဏာရေးလုပ်ငန်းကြီးဖြစ်ကြောင်း၊ ကာရီတာ့စ် ကမ္ဘော ဒီးယားသည် ကက်သလစ်သာသနာအနေဖြင့်လူမှုကယ်ဆယ်‌‌ရေးလုပ်ငန်း၌ထဲထဲ၀င်၀င်ပါ၀င်လုပ်ဆောင် ပေးသောအဖွဲ့အစည်းကြီးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဤအဖွဲ့အစည်းကို ပြင်သစ်သာသနာပြုဆရာတော် Yves Ramousse မှ (၁၉၇၀) တွင်တည်ထောင်ခဲ့သည်။ တည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ ထိုကာလ၌စစ်ပွဲ၏ သားကောင်များစွာအား ကူညီစောင့်ရှောက်ရန်ဖြစ်သည်။ နောက်ပိုင်းမှသာ ‘ကာရီတာ့စ်’ အမည်တပ်ခဲ့သည်။ (၁၉၇၃) ခုနှစ်မှသာ ‘နိုင်ငံတကာ ကာရီတာစ့်’ ဟုတရား၀င်သတ်မှတ်ပြောင်းလဲခဲ့သည်။

(၁၉၇၃ – ၁၉၇၉) အထိ ကမ္ဘောဒီးယားနိုင်ငံသည် ခမာနီစနစ်အောက်၌ရှိနေခဲ့သည်။ ထိုစနစ် သည် ၄င်းတို့၏လမ်းစဉ်နှင့်မကိုက်ညီဟုဆိုကာမြင်မြင်သမျှဖျက်ဆီးခဲ့သည်။ နိုင်ငံသားပေါင်း (၂) သန်း ခန့်အထိသတ်ဖြတ်ခဲ့သည်။ ကာရီတာ့စ်နှင့်ကမ္ဘောဒီးယားသာသနာသည် ဤဆိုး၀ါးလှသောစနစ်၌များစွာ ခါးစီးခံခဲ့ရသည်။ ပြည်တိုင်းစစ်ပြီးဆုံးသွားပြီးမှသာ ကာရီတာ့စ်သည် သူ၏လူသားချင်းကူညီယှိုင်းပင်းသည့်လုပ်ငန်းကို (၁၉၉၀) တွင်ပြန်လည်စတင်ခဲ့ရာမှယနေ့ထိတိုင်သက်တမ်းရှိလာခြင်းဖြစ်သည်။

ကာရီတာ့စ် ကမ္ဘောဒီးယားသည် နိုင်ငံ၏ခရိုင် (၇) ခုတွင်အသက်မွေး၀မ်းကျောင်းအတွက်အစားအစာလုံခြုံမှုရှိ ရေး၊ ကျန်းမာရေးအစီအစဉ်၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအစီအစဉ်၊ လွိင်ခွဲခြားမှု၊ လူကုန်ကူးမှု၊ ကလေးသူငယ်နှင့်ဆယ်ကျော်သက်ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲလာမှုအပေါ်သဟဇာတရှိစွာနေ ထိုင်နိုင်ရေး၊ အသက်မွေး၀မ်းကျောင်းပညာပေးခြင်း၊ မျက်စိကျန်းမာရေး၊ လူငယ်ပြုစုပျိုးထောင်ရေး စ သောအစီအစဉ်များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။ RVA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
https://bit.ly/3I0yyNu

Add new comment

3 + 2 =