‘ဆရာတော်ဖြစ်နေခြင်းသည် ရာထူးတစ်ခုမဟုတ်။ အမှုတော်တစ်ခုဖြစ်သည်’ ဟုဖိလစ်ပိုင်ဆရာတော်တစ်ပါးပြောကြား

‘ဆရာတော်ဖြစ်နေခြင်းသည် ရာထူးတစ်ခုမဟုတ်။ အမှုတော်တစ်ခုဖြစ်သည်’ ဟုဖိလစ်ပိုင်ဆရာတော်တစ်ပါးပြောကြား

‘ဆရာတော်တစ်ပါးဖြစ်နေခြင်းသည်နေရာတစ်ခုကိုရရှိထားခြင်းထက် ဘုရားသခင်ကိုအစေခံခြင်းဖြစ်သည်’ ဟုဖိလစ်ပိုင်ဆရာတော် Junie က RVA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သူ့အားဆရာတော်အဖြစ်ရွေးကောက်တင်မြောက်ခဲ့ခြင်းမှာ သူသည်ဘက်စုံပြည့်စုံသူဖြစ်နေ၍မဟုတ်ကြောင်း၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကြောင့်ဖြစ်သည်။ ဆရာတော်အမှုတော်သည်ရာထူးရာခံမဟုတ်။ ဘုရား၏အမှုတော်ကိုဆောင်ရန်ဖြစ်သည်။ သူ၏အတိတ်ကအကြောင်းအရာများကြောင့်ဘုရားသခင်သူ့အားအမှန်တကယ်ခေါ်ခြင်းလော့ဟုသူကိုယ် တိုင်ပြန်လည်မေးခွန်းထုတ်နေမိသည်။ သူဆရာတော်အဖြစ်ရွေ့ချယ်ခံရခြင်းသည် ဘုရားအလိုတော်ရှိ၍လောဟုဘုရားထံဆုတောင်းခဲ့၊ ဘုရားကိုလည်းမေးခဲ့သည်။ သူ၏အတိတ်ကိုပြန်လည်တွေးမိ၍ ဤအမှုတော်ကိုလက်ခံထမ်းဆောင်ရန် တွန့်ဆုတ်နေမိခဲ့သည်။

သူ့အား (မေလ ၁၈၊ ၁၉၆၉) ခုနှစ် မနီလာ၌မွေးဖွားခဲ့သည်။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၄) ၌ ရဟန်းမင်းကြီးဖရန်စစ်ကသူ့အား Boac သာသနာ၏ဆရာတော်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ သူသည်အဆိုပါသာသနာ၏ (၄) ပါးမြောက်သာသနာပိုင်ဆရာတော်အဖြစ် (မတ်လ ၁၃၊ ၂၀၁၅) ၌သိက္ခာထပ်ခဲ့သည်။ သူသည် စပိန်နိုင်ငံ Pamplona မှ Navarra တက္ကသိုလ်တွင် sacred theology ဘာသာရပ်ကို (၁၉၈၉ – ၁၉၉၄) အထိသင်ယူခဲ့သည်။ (၁၉၉၉ – ၂၀၀၃) အထိ အီတလီနိုင်ငံ၊ ရောမမြို့မှ Santa Croce တက္ကသိုလ်တွင် အမိသာသနာ၏သမိုင်းဘာသာရပ်ကိုသင်ယူခဲ့သည်။

သူ၏သာသနာကို Marinduque ခရိုင်ကျွန်းဟုခေါ်ပြီး မနီလာတောင်ပိုင်းနှင့် (၁၆၀) ကီလိုမီ တာကွာ‌ေ၀းသည်။ အကျယ်အ၀န်းမှာ (၉၅၉.၂) ကီလိုမီတာစကွဲသာကျယ်၀န်းသည်။ သာသနာအတွင်း ၌သာသနာအုပ်စု (၁၄) ခုရှိပြီး၊ သာသနာမှဖွင့်လှစ်ထားသောစာသင် ကျောင်း (၄) ကျောင်း၊ ရဟန်းတော် အပါး (၄၀) တို့သည် သာသနာအတွင်းအမှုတော်ထမ်းနေကြသည်။ သာသနာအတွင်းဆောင်ရွက်နေသော အမှုတော်များ၌လူမှုရေးလုပ်ငန်း၊ သင်တန်းများပေးခြင်း၊ သာသအတွင်းလိုအပ်သောအဆောက် အဦးများပြန်လည်ဆောက်လုပ်ခြင်းတို့လည်းပါသည်။

သာသနာအတွင်း၌ ဘုရားသခင်ကိုဆာငတ်နေခြင်း၊ လိုအပ်နေခြင်းကို သူ့အနေဖြင့် လေ့လာတွေ့ရှိရကာ အဓိကဇောင်းပေးလုပ်ဆောင်နေသည်။ ထိုအချက်လစ်လပ်နေသောကြောင့် သာသနာပြု ရာတွင်ထိရောက်အောင်မြင်မှုမရှိဘဲ အဟန့်အတားအားလုံး၏တစ်စိတ်တစ်ဒေသဖြစ်သည်ဟုဆိုသည်။

ဘုရားကိုအားမကိုးဘဲကိုယ့်အားကိုယ်ကိုးလွန်းအားကြီးလျှင် ကျရှုံးမည်သာမဟုတ်ဘဲ စိန်ခေါ်မှုများကိုလည်းတွေ့ကြုံရမည်မှာသေချာသည်။ သာသနာလုပ်ငန်းလည်ပတ်ရာ၌လိုအပ်သော အကူငွေများလက်ခံရရှိ ခြင်း၊ သုံးစွဲခြင်းများနှင့်စပ်လျင်း၍လည်း ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပါသည်ဟုလည်းဆိူသည်။

သူ၏ဘ၀၊ သူ၏ခေါ်တော်မူခြင်း၊ သာသနာပြုခြင်းအမှုများနှင့်စပ်လျင်း၍မေးမြန်းထားချက်များကို ‘ယူကျူ့’ ၌တင်ထားပေးပြီးဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/42JkmSB

Add new comment

1 + 18 =