(၂၀၂၃) ၌ ကာဒီနယ် (၁၁) ပါး သက်တော် (၈၀) ပြည့်ပြီဖြစ်၍ ရဟန်းမင်းကြီးရွေးချယ်ရာတွင်မဲပေးခွင့်မရှိတော့

(၂၀၂၃) ၌ ကာဒီနယ် (၁၁) ပါး သက်တော် (၈၀) ပြည့်ပြီဖြစ်၍ ရဟန်းမင်းကြီးရွေးချယ်ရာတွင်မဲပေးခွင့်မရှိတော့

 

(၁၉၈၃) ခုနှစ်က ပြဌာန်းခဲ့သော ကာနွန်ဥပဒေ (အမိသာသနာတော်ကြီး၏ဥပဒေ) (၄၀၁) အရ ကက်သလစ်သာသနာတော်ကြီး၌ ဆရာတော်အားလုံးသည် သက်တော် (၇၅) ပြည့်လျှင်မိမိတို့၏အမှုတော်မှအနား ယူရန်လျှောက်လွှာတင်ရမည်ဖြစ်ကြောင်းညွှန်ကြားထားသည်။

ထို့အတူ ကာဒီနယ်တစ်ပါးသည် သက်တော် (၈၀) ပြည့်လျှင် လစ်လပ်သွားသော ရဟန်းမင်းကြီးအသစ်အတွက်မဲပေးပိုင်ခွင့်မရှိတော့ပေ။ ဤဥပဒေမှာမူ ကာနွန်ဥပဒေ၌မပါရှိသော်လည်း ရဟန်းမင်းကြီးပေါလ် (၆) ကလိုအပ်ချက်တစ်ခုအတွက် ဥပဒေတစ်ခုအဖြစ်ကြေညာပြဌာန်းခဲ့သည်။

ထိုဥပဒေကြောင့်လည်း ယခုနှစ် (၂၀၂၃) ၌ နောင်၌ရဟန်းမင်းကြီးနေရာလစ်လပ်သွားခဲ့သော် မဲပေးပိုင်ခွင့်မရှိတော့သည့် ကာဒီနယ် (၁၁) ပါးရှိသည်။ ၄င်းတို့အနက် အီတလီ ကာဒီနယ် (၅) ပါးပါပြီး ၄င်းတို့သည် ရဟန်းမင်းကြီး၏ရုံးတော်၌ အရေးကြီးသောအမှုတော်ကိုထမ်းဆောင်နေကြသူများဖြစ်ကြသည်။

ဥပမာအားဖြင့် ကာဒီနယ် Domenico Calcagno လည်းတစ်ပါးပါသည်။ ကျန်တစ်ပါးမှာ ကာဒီနယ် Angelo Comastri ဖြစ်ပြီး စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၏တာ၀န်ခံလည်းဖြစ်သည်။ ကာဒီနယ်သည် (မေ၊ ၂၀၂၂) မယ်တော်အားပင့်ချီစီတန်းခြင်း၌နောက်ဆုံးတစ်ကြိမ်လူ့မြင်ကွင်း၌တွေ့ခဲ့ရသည်။ ထိုအစီအစဉ်၌ ကာဒီနယ်က (၁၉၈၁) စိန့်ဂျွန်ပေါလ် (၂) (ထိုစဉ်က ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၄) မြောက်သာရှိသေးသည်။) အားစိန့်ပီတာရင်ပြင်၌ လုပ်ကြံခဲ့သည့်အဖြစ်အပျက်ကိုပြန်လည်အမှတ်ရပြောပြခဲ့သည်။ စိန့်ဂျွန်ပေါလ် (၂) သည် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိနေခဲ့သော်လည်း အားမွေး၍ သူ့အားလုပ်ကြံခဲ့သူအားသူခွင့်လွှတ်ကြောင်းမိန့်ကြားခဲ့သည်။ နောက်ရက်အနည်းငယ်အကြာ၌ စိန့်ဂျွန်ပေါလ် (၂) က လူသတ်လက်သည် သူ့အသက်ကိုနုတ်ယူလိုသော်လည်း ကယ်တင်လိုသောမိခင်၏ လက်သည် သူ့အားကာကွယ်ပေးခဲ့သည်ဟုမိန့်ကြားခဲ့သည်။

အီတလီကာဒီနယ်မဟုတ်သော သက်တော် (၈၀) ပြည့်ကြမည့်သူများမှာ အာဂျင်တီးနားကာဒီနယ် Leonardo Sandri၊ ပီရူးကာဒီနယ် Juan Luis Cipriani၊ ကိုးရီးယားကာဒီနယ် Andrew Yeom Soo Jung၊ ဘဂ်လားဒေ့ရှ်ကာဒီနယ် Patrick D'Rozario နှင့်ကာဒီနယ် Malian Jean Zerbo တို့ဖြစ်ကြသည်။ အကယ်၍ဤအတောအတွင်းထူးခြားဖြစ်စဉ်မဖြစ်လာပါက (၂၀၂၃) ခုနှစ်ကုန်သည်အထိ မဲပေးပိုင်ခွင့်ရှိသော တစ်နည်းအားဖြင့် သက်တော် (၈၀) မပြည့်သေးသည့်ကာဒီနယ် (၁၁၅) ပါးရှိသည်။ ၄င်းတို့အနက် ဥရောပကာဒီနယ် (၄၄) ပါး၊ လာတင်းအမေရိကား (၂၀) ပါးနှင့်အာရှမှ (၁၉) ပါးတို့ဖြစ်ကြသည်။

ဥရောပသည် ရဟန်းမင်းကြီးရွေးချယ်ရာတွင် မဲပေးပိုင်ခွင့်ရှိသောကာဒီနယ်အများဆုံးရှိသောတိုက်ဖြစ်သည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3VLf8B3

Add new comment

5 + 1 =