(၂၀၂၂/ ၂၃) ဥရောပတစ်လွှား၌ ခရစ်ယာန်များတိုက်ခိုက်ခံရမှုအစီအရင်ခံစာထွက်ပေါ်လာ

(၂၀၂၂/ ၂၃) ဥရောပတစ်လွှား၌ ခရစ်ယာန်များတိုက်ခိုက်ခံရမှုအစီအရင်ခံစာထွက်ပေါ်လာ

ဥရောပ၌ ခရစ်ယာန်တို့အားဖိနှိပ်မှုကိုလက်မခံ၊ စောင့်ကြည့်ဖော်ထုတ်သောအဖွဲ့ (Observatory on Intolerance and Discrimination against Christians (OIDAC) ၏ (၂၀၂၂/၂၀၂၃) အစီရင်ခံစားထွက်ပေါ်လာခဲ့ပါသည်။

အစီရင်ခံစာထဲ၌ ဥရောပနိုင်ငံ (၃၀) အတွင်းခရစ်ယာန်တို့အားအမုန်းတရားဖြင့်တိုက်ခိုက်မှု၊ ဖျက်လို့ ဖျက်ဆီးပြုခဲ့သည့်အမှုပေါင်း (၇၄၈) မှုပါရှိသည်။ အစီရင်ခံစာကို ‘ the International Day of Tolerance’ (နိုင်ငံတကာမှုခင်းကျဆင်းရေးနေ့) တွင်ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာ ၌တင်ပြထားသောအမှုများသည် (စက်တင်ဘာ ၂၀၂၂ မှ ဩဂုတ် ၂၀၂၃) အတွင်းဥရောပတစ်ခွင့်၌ဖြစ်ပျက်ခဲ့သည့်အမှုများကိုသာမီးမောင်းထိုးပြထားသည်။ အစီ ရင်ခံစာအရ (၂၀၂၂) ခုနှစ်တွင် ခရစ်ယာန်များအားပစ် မှတ်ထားတိုက်ခိုက်မှုတိုးလာခဲ့သည်ကိုတွေ့ရသည်။

ခရစ်ယာန်တို့အားအမုန်းပွား၍ ပစ်မှတ်ထားတိုက်ခိုက်မှုလုပ်ဆောင်ရာ၌ ရုပ်ပိုင်းဆိုင်ရာတိုက် ခိုက်သည့်အမှုပိုများပြီး မကြာခဏဖြစ်ပွားလေ့ရှိသည်။ အချက်အလက်များအရ (၃၈) မှုသည် လူကိုတိုက် ခိုက်သည့်အမှု၊ ကျန်တစ်မှုမှာ (၂၀၂၂) က ခရစ်ယာန် (၃) ဦးအားသတ်ဖြတ်မှုတို့ဖြစ်သည်။ တိုက်ခိုက်သည့်အချိန်ကာလကိုကြည့်မည်ဆိုပါလျှင်လည်း လူစည်ကားသော၀တ်ပြုခြင်းအချိန်မျိုးဖြစ်သည့် ပွဲတော်ရက် များ၊ ပါစကားပွဲနှင့်ခရစ္စမတ်ပွဲကာလမျိုး၊ လူစုလူ‌ေ၀းကြီးဖြင့်စည်တန်းလှည့်လည်ခြင်း၊ ဆုတောင်း၀တ်ပြု ခြင်း စသောအခြေအနေမျိုးများ၌ပိုမိုကျူးလွန်နေကြသည်။

နိုင်ငံအတွင်းချမှတ်သောဥပဒေများသည်လည်း များသောအားဖြင့် ဘာသရေးကိုလွတ်လပ်စွာကိုးကွယ် ၀တ်ပြုနိုင်ခွင့်ကိုဆန့်ကျင်ချိုးဖောက်မှုများနေသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်နှင့်ပတ်သက် ၍ ထိုအခွင့်အရေးကိုအလွဲသုံး၍ ဘာသာရေးအမုန်းပွားစေသောစကားများ၊ ဟောပြောမှုများကြောင့်ပိတ်ပင်ခံရသည်။ အမုန်းပွားစေသောရာဇ၀တ်မှုများသည် များ သောအားဖြင့်အစွန်းရောက်အတွေးအခေါ်များ၏လွှမ်းမိုးခြင်းကိုခံရသောအသင်းအဖွဲ့တို့၏အဖွဲ့၀င်များမှခရစ်ယာန်တို့အား အမုန်းပွားတိုက်ခိုက်ကျူးလွန်နေခြင်းဖြစ်ကြောင်းအစီရင်ခံစာ၌မီးမောင်းထိုးပြထားပါ သည်။

OIDAC အဖွဲ့၏အစီရင်ခံစာ၌ တိုက်ခိုက်မှုများအားလုံးသည် အစွန်းရောက်အတွေးအခေါ်ခံယူချက်များကြောင့်ဖြစ်လာသည်ကိုတွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်သူများသည် အဆိုပါပြစ်မှုကျူးလွန်ပြီးနောက် ရေးထိုးထားခဲ့သောစာသားများ၊ ပုံများ၊ လက်ကမ်းစာစောင်များ၊ လူမှုကွန် ရက်၌ရေးတင်၊ ဟောပြောမှုများကိုထောက်၍သိနိုင်သည်။ OIDAC အဖွဲ့၏အစီရင်ခံစာနိဒါန်းပိုင်း၌အဖွဲ့အနေဖြင့် ခရစ်ယာန်တို့၏ အခွင့် အရေးချိုးဖောက်မှုနှင့်လူမှုနိုင်ငံရေး၏လုပ်ဆောင်တုန့်ပြန်ချက်များကိုအဓိ ကထားစောင့်ကြည့်ဖော်ထုတ်ထားခြင်းဖြစ်ကြောင်း စကားပလ္လင်ခံထားသည်။

၎င်းသည် ခရစ်ယာန်များ၏ လူ့အခွင့်အရေးကို ချိုးဖောက်သည့် အဖြစ်အပျက်များနှင့် လူမှုနိုင်ငံရေး လှုပ်ရှား မှုများကို စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်းအပေါ် အာရုံစိုက်သည်။ အစီရင်ခံစာ၏အနှစ်ကား ယနေ့ဥရောပ၏လူမှုအသိုင်းအ၀ိုင်း၌ ခရစ်ယာန်များအဘယ်သို့ရုန်းကန် ၍မိမိတို့၏ယုံကြည်ခြင်းကိုကျင့်ကြံရှင်သန်နေရသည်ကိုဆန်းစစ်ဖော်ထုတ်ထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/32Wk8

Add new comment

8 + 1 =