(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို

(၁၈) လကြာလာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း ကလေး (၅၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရဟုဆို

ရုရှား၏ယူကရိန်းအပေါ်ကျူးကျော်စစ်သည် (၁၈) ကြာလာခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း ယူကရိန်းကလေး (၅၄၀) ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း Save the Children အဖွဲ့ကမှတ်တမ်းပြုစုထားသည်။ နွေရာသီ၌လည်း အခါအားလျှော်စွာဒရုံးနှင့်လေကြောင်းများဖြင့်လာရောက်တိုက်ခိုက်နေသောကြောင့် အသက်မဆုံးရှုံးသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု (၇) ရာခိုင်နှုန်းအထိတိုးလာကြောင်းလည်းလူမှုကူညီရေးအဖွဲ့အစည်ကလည်းတင်ပြလာသည်။

လူမှုကူညီရေးအဖွဲ့အစည်းများသည် (၂၀၁၄) မှစ၍ ကလေးသူငယ်များအားကူညီစောင့်ရှောက်သည့်လုပ်ငန်းကိုလုပ်ဆောင်လာခဲ့ရာ ယူကရိန်းနိုင်ငံ၌အဓိကလှုပ်ရှားနေခဲ့သည်။ ဤစစ်ပွဲကာလ၌ ကလေးသူငယ်များနှင့်မိသားစုများအားကယ်ဆယ်‌ရေးလုပ်ငန်းကိုတိုး မြင့်လုပ်ဆောင်နေရသည်။ ဤအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်း၌တင်ကျန်နေသောဒုက္ခသည်ကလေးများကိုသာမက ဥရောပတစ်လျှောက်သို့ပြန့်နှံ့ရောက်ရှိနေသောကလေးများအားလည်းပံ့ပိုးပေးနေရသည်။ ကူညီရာ၌ ယခုကဲ့သို့စစ်ကိုတိမ်းရှောင်နေစဉ်အတောအတွင်း၌ပညာသင်ကြားနိုင်ခွင့်တို့လည်းပါ၀င်သည်။

လူမှုကူညီရေးအဖွဲ့အစည်းကလည်း ဒရုန်းနှင့်လေကြောင်းမှတိုက်ခိုက်မှုသည် အစောပိုင်းလများနှင့် ယှဉ်လျှင် မေလနှင့်ဩဂုတ်လကြားသုံးဆတိုးမြင့်တိုက်ခိုက်လာသည်။ ကုလ၏မှတ်တမ်း၌ (၂၀၂၃ မေ) လအထိယူကရိန်းကလေးအသေအပျောက် (၁၄၈) ဦးရှိပြီး စုစုပေါင်း (၅၄၅) ဦးရှိခဲ့ပြီဖြစ်သည်။ ယခင်နှစ်ကထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း (၁၇၀၀) ဦးရှိခဲ့သည်။ (မေ ၁ မှ ဩဂုတ် ၁၃၊ ၂၀၂၃) အထိ လက်နက်ကြီးတို့ ၏ပစ်ခတ်မှုများကြောင့်ထိခိုက်ဒဏ်ရာရသူတိုးမြင့်လာခဲ့သကဲ့သို့ ပြည်သူ (၈၆၅) ဦးလည်းထိခိုက်ဒဏ်ရာရခဲ့သည်။

ဇန္န၀ါရီမှဧပြီလအထိ လေကြောင်းနှင့်ဒရုန်းတို့ဖြင့်တိုက်သောအကြိမ်အရေအတွက်မှာ (၄၅၉) ကြိမ်၊ ဧပြီလအကုန်မှ (မေ ၁ မှဩဂုတ် ၄) အထိ၌ ထိခိုက်ဒဏ်ရာရသူ (၁၄၃၂) အထိတိုးလာရာ ယခုကဲ့သို့တိုက် ခိုက်ရာတွင် (၉၅) ရာခိုင်နှုန်းမှာ ပြည်သူများသွားလာသောနေရာများ၌တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Save the Children အဖွဲ့အစည်း၏ ယူကရိန်နိုင်ငံဥပဒေဆိုင်ရာပညာရှင် Amjad Yamin က (၁၈) လဟုဆိုသော်လည်း စစ်ပွဲကိုလက်နက်အင်အားအပြည့်အစုံနှင့်ဆိုး၀ါးစွာဆင်နွဲခဲ့သည်။ ဤအခြေအနေမျိုးမှ ကလေးများနှင့်မိသားစု၀င်များအတွက်လျော့ပေါ့သွားအောင်လုပ်ဆောင်နိုင်မှုမရှိသေးကြောင်းပြောကြားခဲ့သည်။

လူနေထူထပ်သောနေရာများ၌ချိန်ရွယ်ပစ်ခတ်၍ကလေးများ၊ မိဘများလည်းထိခိုက်မှု၊ စိတ်ဒဏ်ရာရမှု၊ အိမ်များဖျက်ဆီးခံရမှုစသောအခြေအနေများသည် မိသားစုထောင်သောင်းတို့အား မသေချာမရေရာသောအနာဂတ်ကိုချန်ထားပေးခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UkRI

Add new comment

5 + 10 =