တောင်ကိုရီးယား ငြိမ်းချမ်းရေး ဘုရားဖူးခရီးစဉ် ကမ္ဘာ့ လူငယ်များပါဝင်လှုပ်ရှား

နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လူငယ်ပေါင်း ၉၀ ကျော်

တောင်ကိုရီးယား ငြိမ်းချမ်းရေး ဘုရားဖူးခရီးစဉ် ကမ္ဘာ့ လူငယ်များပါဝင်လှုပ်ရှား
သြဂုတ်လ ၁၉၊ ၂၀၁၉

ကိုရီးယား နိုင်ငံများ နှင့် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး အဖွဲ့အစည်း၊ ကိုရီးယား နိုင်ငံများ ပြန်လည်သင့်မြတ်ရေး အဖွဲ့အစည်း များ၏ အကူအညီဖြင့် တောင်ကိုရီးယား နိုင်ငံ ဆိုးလ် ဂိုဏ်ချုပ်သာသနာမှ ဦးဆောင်ပြီး တောင်ကိုရီးယား နိုင်ငံတွင် (ငြိမ်းချမ်းရေး လေပြေ) ဘုရားဖူးခရီးစဉ်ကို သြဂုတ်လ ၁၆ ရက်မှ ၂၂ ရက်နေ့ထိ ပြုလုပ်လျှက်ရှိပါသည်၊ ယင်း ၆ ရက်တာ ငြိမ်းချမ်းရေး ဘုရားဖူးခရီးစဉ်တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လူငယ်ပေါင်း ၉၀ ကျော်ပါဝင်လျက်ရှိပါသည်။

ယင်း ခြောက်ရက်တာအတွင်း မေစ္ဆားတရား ပူဇော်ခြင်း၊ ဆုတောင်းခြင်း ဆွေးနွေးခြင်း၊ အဖွဲ့လိုက်အစီအစဉ်များ၊ မြောက်ကိုရီးယား ဒုက္ခသည် များမှ တင်ဆက်ခြင်း အစီစဉ်များ နှင့် လူငယ်များမှ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အဖြစ် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယာ နှစ်နိုင်ငံ နယ်စပ် စစ်မဲ့ဇုံတွင် ပြုလုပ်ကြမည်ဖြစ်ပါသည်။

(ငြိမ်းချမ်းရေး လေပြေ) လှုပ်ရှားမူ့အစီစဉ်မှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး လူငယ်များ သမိုင်း အရိပ်ဆိုးကို တွေမြင်စေဖို့၊ ငြိမ်းချမ်းရေးကို မြတ်နိုးစေဖို့ ရည်ရွယ်ထားကြောင်း ဒီဘုရားဖူးငြိမ်းချမ်းရေး အစီစဉ်မှ လူငယ်အယောက်တိုင်းစီ မိမိကိုယ်ကိုယ်၌၎င်း၊ အခြားသူများနှင့်၎င်း၊ သဘာဝပတ်ဝန်းကျင်နှင့်၎င်း၊ ဘုရားနှင့်၎င်း လည်သင့်မြတ်ခြင်းများကို ဖော်ဆောင် နိုင်ကြဖို့၊

မိခင်သဘာဝတရားကို ခံစားရတဲ့အချိန်မှာ တို့ရဲ့ဘဝမှာ ငြိမ်းချမ်းရေး ဘယ်လောက်အရေးကြီးတယ် ဆိုတာ သင်တို့ပိုပြီး သိလာကြဖို့ နှင့် အားလုံးအတူတကွ နေထိုင်တဲ့ကမ္ဘာကြီးပေါ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တင်မျှတပြီး သဟဇာတဖြစ်စွာနေထိုင်ကြဖို့ ကျွန်ုပ်မျှော်လင့်ပါသည်ဟု့ ရဟန်းမင်းအမတ်ကာဒီနယ် ယုန်မ် ဆိုး ဂျန် မှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2NhViOl

Add new comment

5 + 14 =