ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသော မယ်တော်သခင်မ ပွဲ

ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသော မယ်တော်သခင်မ ပွဲနေ့မစ္ဆားတရားပူဇော်ခြင်း ။

စိန်ဂျိုးဇက် (လဖုန်း) သာသနာအုပ်စုသို့ မန္တလေးကက်သလစ် သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းကြွရောက်တော်မူ၍ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသော မယ်တော်သခင်မ ပွဲနေ့မစ္ဆားတရားပူဇော်ခြင်း ။
( 18.8.2019)
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းသည် (၁၈.၈.၂၀၁၉) ရက် တနင်္ဂနွေနေ့ နံနက် (၇း၀၀)နာရီ က စိန်ဂျိုးဇက် (လဖုန်း) သာသနာ အုပ်စု သို့ကြွရောက်၍ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မပွဲတော်နေ့မစ္ဆားတရားတော်မြတ်ကိုဦးဆောင်ကာပူဇော်ကျင်းပခဲ့ပါ သည်။
ဆရာတော်ကြီး မှ သြဝါဒ တရားရေအေးတိုက်ကျွေးရာ၌ “ ယနေ့ ကျွန်ုပ်တို့ ကျင်းပသောမယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောပွဲတော် ကိုတပည့်တော်ကြီးများ လက်ထပ်ကတည်းကစ၍ ယနေ့ထိတိုင် ခေတ်အဆက်ဆက် ကက်သလစ် သာသနာ တော်ကြီးက ကျင်းပလာခြင်းဖြစ်ကြောင်း၊ဒီကနေ့ ပွဲသည် မြတ်နိုးရာပွဲ ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အတွက် မျှော်လင့်ရာ လည်းဖြစ်ကြောင်း၊ ကျွန်ုပ်ဟာ ကျွန်ုပ်တို့ရဲ့ အသက် ဝိညာဉ်သာလျှင် မြတ်တာမဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ ခန္ဓာသည်လည်းတစ်နေ့သော အခါ ဘုရားရှင်၏ ရှင်ပြန်ထမြောက်ခြင်း ဘုန်းတော်မှာ မယ်တော်ကဲ့သို့ ပါဝင်ရန်ဖြစ်တယ်ဆိုတာကို မမေ့သင့်ကြောင်း၊ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့ နေ့စဉ် ခရစ်ယာန် အသက်တာကို ရှင်သန်သည့်အခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကိုယုတ်ညံ့၍မကောင်းသောအရာများမှာမကျရောက်မိစေဖို့ရန်အမြဲတမ်း သတိနှင့်နေထိုင်အသက်ရှင်ရန်လိုအပ်ကြောင်း၊ဒါနနဲ့သီလလုံတဲ့သူတွေဟာဘုရား သခင်၏မစခြင်း ကျေးဇူးတော်ကိုခံစားရကြောင်း၊မယ်တော်သခင်မေုကာင်းကင်ဘုံ သို့တက်ကြွတော်မူတော်မှာမမေ့ရမယ့်တရားတော်ကဘုရားတရားကြည်ညိုသည့် ကျွန်ုပ်တို့တတွေကောင်းကင်သုခချမ်းသာကိုရောက်မှာမှန်သော်လည်းခရစ်တော် ၏ဆန္ဒသည်ဘုရားရှင်၏တော်မှာမယ်တော်သခင်မကဲ့သို့မယ်တော်ကိုချစ်တဲ့သားသမီးများဟာလည်းကျင့်ဆောက်တည်ကာအသက်ရှင်နေထိုင်ရန်အလိုရှိ တော်မူကြောင်း၊ ဘုရားသခင်၏ တရားတော်များကိုနာယူ ဖတ်ရှု့ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏အဆုံးအမတရားတော်များကိုနှလုံးသွင်းကာလိုက်နာကျင့်ဆောက်တ ည်ဖို့ရန်လိုအပ်ကြောင်း”များကိုမစ္ဆားတရားတော်မြတ်၌သြဝါဒေတရားရေအေးတိုက်ကျွေး၍တိုက်တွန်းနှိုးဆော်တော်မူခဲ့ပါသည်။
Photos News - Pinky

Add new comment

2 + 9 =