ဥရောပ အနာဂတ်အရေး ပြင်သစ်၊ ဂျာမနီ နှင့် ဆွစ်ဇာလန် ဆရာတော်ကြီးများ ဆွေးနွေး

ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ခေါင်းဆောင်များ

ဥရောပ အနာဂတ်အရေး ပြင်သစ်၊ ဂျာမနီ နှင့် ဆွစ်ဇာလန် ဆရာတော်ကြီးများ ဆွေးနွေး
မတ်လ ၂၇၊ ၂၀၁၉

နှစ်လအကြာတွင် ပြုလုပ်မည့် ဥရောပ ရွေးကောက်ပွဲမတိုင်မီနှင့် ဥရောပ တခွင် တွေ့ကြုံနေရသည့် စီမံကိန်းများအတွက် ပြင်သစ်၊ ဂျာမနီ နှင့် ဆွစ်ဇာလန် ဆရာတော်ကြီးများ ဥရောပတိုက်တစ်ခုလုံးကောင်းကျိုးအတွက် ဆွေးနွေးကြရန် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ညီလာခံတစ်ခုကို မတ်လ ၂၅၊ ၂၆ ရက်တို့တွင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်သော Marseille ဂိုဏ်းချုပ်ဆရာတော် Georges Pontier, Munich ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် Reinhard Marx နှင့် Bale ဂိုဏ်းအုပ်ဆရာတော် Felix Gmur တို့မှ ဦးဆောင်၍ကျင်းပခဲ့ပါသည်။ ယင်းညီလာခံတွင် နိုင်ငံသုံးနိုင်ငံမှ အငြိမ်းစား ဝန်ကြီးများ၊ တက္ကသိုလ် ပါမောက္ခများ နှင့် သတင်းထောက်များပါဝင်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမူများ၊ ဥရောပ အဖွဲ့အစည်းမှ ဗြိတိန်နိုင်ငံ ခွဲထွက်ခြင်းမရေရာမူများ၊ နိုင်ငံရေးမတည်ငြိမ်မူများ နှင့် စီးပွားရေး မညီမျှမူ့များ စသည့်အခက်အခဲများကြောင့် ဥရောပနိုင်ငံများရဲ့ငြိမ်းချမ်းရေးဟာ မလုံလောက်တော့တဲ့အခြေအနေ တစ်ခုကိုရောက်ရှိနေပြီဖြစ်သော ဥရောပတိုက်တစ်ခုလုံးကောင်းကျိုးအတွက်ဟု အရင်က ဖွင်ဆိုခဲ့သော အယူအဆကို ဥရောပတစ်တိုက်လုံးဆိုင်ရာ စီမံကိန်းအတွက် ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုရန်၊ အသစ်သော အသက်တာတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်​။ ဥရောပ တစ်တိုက်လုံး၏ ပြသနာကို ဥရောပ နိုင်ငံ တစ်နိုင်ငံတည်းနှင့်ဖြေရှင်း၍မရနိုင်ပါ။ ထို့အတွက်ကြောင်း ပြင်သစ် နှင့် ဥရောပမှာရှိသော ကက်သလစ် ခရစ်ယာန်များ နိုင်ငံသားများနှင့် ဝန်ထမ်းများအားလုံး အတူတကွ ဆုတောင်းပေးကြဖို့ မဲထည့်ခြင်းမှာပါဝင်ကြဖို့ တိုက်တွန်းထားပါသည်။

https://www.vaticannews.va/en/church/news/2019-03/bishops-france-germany-switzerland-european-common-good.html

#europe, #bishops, #future, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 10 =