ဥရောပကော်မရှင်ဥက္ကဌ တေဆေး အဖွဲ့အစည်းရဲ့ အစည်းအဝေးတက်ရောက်

ဥရောပကော်မရှင်ဥက္ကဌ တေဆေး အဖွဲ့အစည်းရဲ့ အစည်းအဝေးတက်ရောက်

ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen သည်တေဆေး အဖွဲ့အစည်းရဲ့ အစည်းအဝေးများအနက်မှတစ်ခု ကိုတက်ရောက်ခဲ့ပါတယ်။ သူမရဲ့ ညီမ ဖြစ်သူက ကင်ဆာရောဂါနဲ့ ဆုံးပါးသွားပြီးတဲ့နောက်မှာ သူမရဲ့မိသားစုဝင်တွေ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ဖို့ တေဆေးက ဘယ်လောက်ကူညီခဲ့တယ်ဆိုတာကိုလည်းသူမက ထိုအစည်းအဝေး မှာ ထုတ်ဖော်ပြ ပြောဆိုခဲ့ပါတယ်။

"သံသယစိတ်တွေနဲ့ အမှောင်ထုကြားက ကာလဖြစ်ခဲ့တယ်။ ဒီနှစ်တွေ အတွင်းမှာ တေဆေး နဲ့ တေဆေးရဲ့ ဝိညာဉ်ရေးအကြောင်းကို အများကြီး ဆွေးနွေးပြောခဲ့ပြီး အဲ့ဒါတွေအတွက် မျှော်လင့်ချက်တွေ အများကြီးနဲ့ အနာဂတ်မှာ ယုံကြည်မှုတွေ အများကြီးရှိလာပါတယ်။ ဒါကလည်း လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းကလိုလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်မှု နဲ့ မျှော်လင့်ခြင်းရောင်ခြည်တွေက ကျွန်မရဲ့မိသားစု အတွင်းမှာ တဖန်ပြန်ပြီးရရှိလာတယ်၊ ဒါကို ကျွန်မ ကျေးဇူးတင်နေတုန်းပါပဲ" ဆိုပြီး ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ဆိုပါတယ်။

တေဆေး အစည်းအဝေးက ပြီးခဲ့တဲ့ အီစတာမှာ ပြန်လည် စတင်ခဲ့ပြီး၊ အဲ့ဒီမှာလူငယ် နှစ်သောင်းကျော်ဟာ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ဟာ ဧည့်သည်တော်များထဲက တစ်ဦးအဖြစ်နဲ့ လူငယ်များနဲ့ဟောပြောပွဲမှာ ဥရောပမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ်မှာဆင်ခြင်သုံးသပ်ခဲ့တာလည်းဖြစ်ပါတယ်။

"ဥရောပဟာ လူတွေအတွက် အတွေးအခေါ်သစ် အမြင်သစ်တွေ ရရှိတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက ဘယ်တော့မှပြီးပြည့်စုံတာမျိုး တခါထဲ အောင်မြင်သွားတာမရှိဘူး။ ဥရောပက သူရဲ့တိုးတက်မှုအတွက် အဆက်မပြတ်အလုပ်လုပ်ဖို့ မျိုးဆက်တိုင်းက ဆက်လက်ပြီး အကောင်အထည်ဖော်နေဖို့ ဝတ္တရားဖြစ်တယ်" ဆိုပြီး ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyenကဆိုပါတယ်။

တေဆေးဟာ ခရစ်ယာန်တွေကြားမှာ ပိုမိုပြီးသဟဇာတဖြစ်တည်လာစေရန် (၁၉၄၀) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ခရစ်ယာန် အဖွဲ့အစည်း တစ်ခုပဲဖြစ်ပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

Photo courtesy Brussels Report
https://bit.ly/3QnsnoQ

Add new comment

8 + 2 =