ဥပဒေပြုသူများလူ့အသက်ကိုလေးစားတန်ဖိုးထားရန် အိုင်ယာလန်ကက်သလစ်ဆရာတော်များတိုက်တွန်း

ဥပဒေပြုသူများလူ့အသက်ကိုလေးစားတန်ဖိုးထားရန် အိုင်ယာလန်ကက်သလစ်ဆရာတော်များတိုက်တွန်း

အိုင်ယာလန်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများက ဥပဒေရေးဆွဲသူများအား ကျန်းမာရေးစောင့် ရှောက်ခြင်းသည် လူ့အသက်ကိုစောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်သဘာ၀အတိုင်းလူ့သက်တမ်းကုန်ဆုံးသည်အထိရှင်သန်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသမားများအားလည်း လူ့သက်တမ်းမကုန်မီသေဆုံးရန်ကူညီလုပ်ဆောင်ပေးနေမှုနှင့်လုပ်ခွင့်ပြုခြင်းတို့ကိုလည်း ထုတ်ဖော်ဆန့်ကျင်ကြရန်တိုက်တွန်းထားသည်။ ဤသို့လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကိုသတ်သေခိုင်းခြင်းနှင့်တူသည်။ အိုင်ယာလန်ကက်သ လစ်ဆရာတော်ကြီးများမှလောလောလတ်လတ်ထုတ်ပြန်ထားသောကြေညာချက်၌ နိုင်ငံတော်၏ဥပဒေပြုရေးအဖွဲ့အား နိုင်ငံသားများ၏ဘုံကောင်းကျိုးကိုသယ်ပို့ရွက်ဆောင်ရန်တာ၀န်ရှိသည့်အချက်ကိုလည်းထည့် သွင်းထားသည်။ ဤကြေညာချက်သည် Maynooth မြို့၌ အိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏မိုးဦး၌ ကျင်းပလေ့ရှိသောအထွေထွေအစည်းအ‌ေ၀းကြီးအပြီးထုတ်ပြန်ခြင်းဖြစ်သည်။

အိုင်ယာလန်ဆရာတော်ကြီးများအနေဖြင့် လာမည့်နှစ်ဇွန်လ၌ ‘ Care at the End of Life’ (အသက်ကိုအဆုံးထိတိုင်စောင့်ရှောက်ပါ) ဟုတစ်ရက်တာ လူ့အသက်ကိုတန်ဖိုးထားစောင့်ရှောက်ရမည့်အသိကိုပေးရန်အတွက် ခေါင်းစဉ်ရွေးထားပြီးဖြစ်သည်။

အိုင်ရစ်လူမျိုးတို့သည် နာတာရှည်ရောဂါခံစားနေရ သောမိသားစု၀င်များနှင့်သက်တမ်းစေ့သည်အထိဖော်ပြုနေထိုင်လေ့ရှိသည့်အလေ့အထကိုလည်းသိထားကြ သည်။ အဘယ်ကြောင့်ဆိုသော် မိသားစု၀င်တစ်ဦးဦးသည် ပြင်းထန်သောရောဂါခံစားရချိန်မျိုး၌ မိမိတို့မိ သားစု၀င်များ၏အနီးကပ်ရှိနေခြင်း၊ ဂရုစိုက်ခြင်းတို့ကိုလိုအပ်သည်။ ထိုအချိန်မျိုးသည် ၄င်းတို့အတွက် သနားခြင်းမယ်တော်၏ဆုတောင်းမေတ္တာထဲ၌ပါသော ‘မျက်ရည်ယိုရာအရပ်၊ ချိုင့်၀ှမ်း’ သဖွယ်ထိတ်လန့်တိတ်ဆိတ်အဖော်မဲ့လှသည့်အချိန်ဖြစ်သည်။ မိသားစုအတွက်လည်း အလွန်ကြီးမားပြင်ထန်သောစိန်ခေါ် ချက်လည်းဖြစ်သကဲ့သို့ အခွင့်အရေးထူးတစ်ခုလည်းဖြစ်သည်။ သေခါနီးအချိန်ယခုကဲ့သို့မိသားစုများအနီး ကပ်နေ၍ နွေးထွေးစွာစောင့်ရှောက်ဂရုစိုက်ပေးလိုက်ခြင်းသည် ၄င်းတို့၌ပျောက်ဆုံးနေ၊ ငုပ်နေခဲ့သောယုံ ကြည်ခြင်း၊ မျှော်လင့်ခြင်းများပြန်လည်ရှင်သန်လာစေနိုင်သည်။ ဂရုစိုက်ပြုစုနေသောများအားလည်းတရား ရသွားစေနိုင်သည်။ သာမန်အချိန်၌ ဆက်ဆံရေးတွင်အဆင်မပြေမှုများရှိခဲ့နိုင်သကဲ့သို့ ထိုအခြေအနေများအားလုံးအတွက် ယခုကဲ့သို့နေ့လော၊ ညလောမသိနိုင်သည့်အခြေအနေ၌၀န်ချတောင်းပန်သင့်၊ ကျေးဇူးတင် ကြောင်းထုတ်ဖော်ပြောဆိုသင့်၊ ထိခိုက်နာကြင်ခဲ့မှုများကိုပြန်လည်ကုစားရန်အကောင်းဆုံးအချိန်ဖြစ်သည်ဟုအိုင်ရစ်လူမျိုးတို့ကယုံကြည်ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/YIXI

Add new comment

15 + 3 =