အမေဇုံဒေသအတွက် ရေပေါ်ဆေးရုံရရှိခြင်းအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျေးဇူတင်စာပေး ပို့

သင်္ဘောပေါ်တွင် ဆေးရုံတည်ဆောက်ထားသော ဆေးရုံ သင်္ဘောကြီး

အမေဇုံဒေသအတွက် ရေပေါ်ဆေးရုံရရှိခြင်းအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျေးဇူတင်စာပေး ပို့
သြဂုတ်လ ၁၇၊ ၂၀၁၉

ရေလမ်းဖြင့်သာ သွားလာနေရသော အမေဇုံဒေသမှ လူတို့၏ ကျန်းမာရေးအတွက် ဒုက္ခခံစားနေရသူများကို ကူညီထောက်ပံပေးရန် အတွက် သင်္ဘောပေါ်တွင် ဆေးရုံတည်ဆောက်ထားသော ဆေးရုံ သင်္ဘောကြီး ဘရာဇီးနိုင်ငံ ဘယ်လင် ဒိုပါရာ ဂိုဏ်းချုပ်သာသနာနယ် သို့ စနေနေ့ က ရောက်ရှိလာခဲ့ပါသည်။ ယင်းသာသနာနယ်ကို အခြေထားပြီး အမေဇုန်ဒေသ ကီလိုမီတာ တစ်ထောင် ဝန်ကျင်ကို လှဲလယ်သွားရောက်ကုသပေးရန် ရည်ရွယ်ထားကြောင်း၊

ယင်းဆေးရုံးသဘောင်္ကြီးမှ ကိုယ်ခန္ဓာ ကျန်းမားရေးအတွက် ရည်ရွယ်သလို နုပ့်ကပတ်တော်သယ်ဆောင်ရာ ကရုဏာ သင်္ဘောကြီး အဖြစ်လည်းမျှော်လင်ကြောင်း၊ မကြာမှီကာလတွင် အမေဇုံဒေသ၌ အသင်းတော်၏ ဆရာတော်ကြီးများညီလာခံပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ယင်းမတိုင်မှီ လူထုအကျိုးပြုဆေရုံသင်္ဘောကြီ သည် ဘုရား၏ အလိုတော်ဖြစ်သည် ဖျားနာသောသူတို့ကို ကုသပေးရမည် ဟူသော အချက်ကို အသင်းတော်မှ လက်တွေ့ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းကရုဏာရေးလုပ်ရပ်မှ လောကကောင်းကင်နိုင်ငံတည်ဆောက်နေခြင်းဖြစ်ကြောင်း၊

သခင်ခရစ်တော် ရေပေါ်မှာ လမ်းလျောက်ခဲ့တယ်၊ လှိုင်တပိုးတွေကို ငြိမ်သက်စေခဲ့တယ်၊ ဒီဆေးရုံ သင်္ဘောကြီး လည်း ဒီအမေဇုံဒေသ ရေလမ်းဖြင်သာသွားရသော လူတို့၏ ဘဝဒုက္ခလှိုင်းတပိုးတွေကို၊ အစွန့်ပစ်ခံတွေရဲ့ဘဝတွေကို တည်ငြိမ်းအေးချမ်းမူပေးပါလိမ်မည် ဟုမျော်လင့်ကြောင်း ယင်းဆေရုံးသင်္ဘောကြီး သည် ခရစ်ယာန်တို့၏ တလုံးတဝတည်းရှိမူ့၏ ပြရုပ်အဖြစ်ဖော်ဆောင်နေကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှကျေးဇူတင်ပေးစာတွင် ဖော်ပြထားပါသည်။

ယင်းဆေရုံးသင်္ဘောကြီးကို ဘရာဇီး နိုင်ငံ Obidos သာသနာနယ် ဆရာတော် ဘာနန်ဒို ဘာမန်း မှ စိန်ဖရန်စစ်အသင်းဂိုဏ်း အကူအညီဖြင့် စတင်လှုပ်ရှားဖော်ဆောင်ခဲ့သော အရာဖြစ်ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/30i3sKe

Add new comment

5 + 6 =